ဩဂုတ်လထဲမှာ preorder မှာနိုင်မယ်လို့ ဆိုပါတယ်။

LG ရဲ့ ခေတ်ရှေ့ပြေး လိပ်သွင်းထားလို့ ရမယ့် OLED 4K TV ဟာ အမေရိကန်ဈေးကွက်ထဲကို ဝင်ရောက်လာပြီလို့ ဆိုပါတယ်။ 

၆၅ လက်မအရွယ်အစားရှိပြီး dock ထဲမှာ ခေါက်လိပ်ပြီး ပြန်သွင်းနိုင်မယ့် OLED SIGNATURE R TV နမူနာကို ၂၀၁၈ ခုနှစ်က အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်စ်မှာ ကျင်းပသွားခဲ့တဲ့ CES 2018 ပွဲမှာ စပြီး မိတ်ဆက်ပြသခဲ့ပါတယ်။ Prototype မော်ဒယ်ဟာ monitor ထားတဲ့ အိမ် Housing Unit ထဲကနေ သူ့ဘာသာ အလိုအလျောက် အပေါ်ကို တက်လာပြီး Unit ထဲ တစ်ခုလုံးကို အပြည့်ပြန်လိပ်သွင်းနိုင်ပါတယ်။




Photo: Dignited


အောက်ခံTV အိမ်ထဲမှာ ရှေ့ဘက်လှည့် Dolby Atmos နဲ့ Sound Pro အသံစနစ် ပါရှိပါတယ်။ အသံနဲ့ ထိန်းချုပ်မှုတွေ လုပ်နိုင်ဖို့အတွက် Google Assistant နဲ့ Amazon Alexa နည်းပညာတွေလည်း သုံးထားပါတယ်။ LG SIGNATURE R TV ရဲ့ အဓိက Feature က တီဗွီ/ရုပ်ရှင် မကြည့်တော့တဲ့အခါ နဲ့ 4K ရုပ်ထွက်ကြီးနဲ့ ဂိမ်းမကစားခင်မှာ အောက်ခံ Housing Unit ထဲ သူ့ဘာသာ ပြန်ထည့်ပေးတာပါ။ 

တီဗွီကို အောက်ခံအိမ်ထဲနေ အသွင်းအထုတ်လုပ်နေတဲ့ စပ်ကြားမှာ Line View Mode လို့ ခေါ်တဲ့ feature တစ်ခု ပါရှိပါတယ်။ Line View mode မှာ အချိန်နာရီတွေ ၊ ရာသီဥတုအချက်အလက် ၊ ဓါတ်ပုံနဲ့ သီချင်းအဖွင့်အပိတ်အပြင် တခြားသတင်းအချက်အလက်တွေ ဖော်ပြဖို့လည်း လုပ်ပါတယ်။ ဒီစမတ်တီဗွီမှာ Dolby Vision နည်းပညာ ထည့်ထားပြီး 120Hz 4K Gaming လည်း support ပေးထားပါတယ်။




display ပေါ်မှာ ပုံရိပ်တွေ တစ်စက္ကန့်ပြနှုန်း Refresh Rate ကိုလည်း အတိုးအလျှော့လုပ်နိုင်ပြီး အလိုအလျောက် ဒေတာပို့ကြန့်ကြာချိန်နှေးစေမယ့် Auto Low Latency mode တွေလည်း ပါရှိပါတယ်။ HDMI ports ၄ ခု ပါရှိပြီး အကုန်လုံးဟာ HDMI 2.1 စနစ် သုံးထားတာပါ။ OLED R ဟာ Housing Unit ကနေ အကြိမ်ပေါင်း ၅ သောင်း အသွင်းအထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။ တစ်ရက် ၁၀ ကြိမ် အဖွင့်အပိတ်လုပ်ရင်တောင် ၁၄-၅ နှစ် သုံးလို့ ရမယ့်ပုံပါပဲ။


ဈေးကတော့ ရှယ်မြောက်ပါတယ်။ အမေရိကန်ဈေးကွက်မှာ ဒေါ်လာ ၁ သိန်း (မြန်မာငွေသိန်း ၁၆၄၀ ကျော်) ဈေးနဲ့ ရောင်းချသွားမှာဖြစ်လို့ မီလျံနာ ၊ ဘီလျံနာတွေရဲ့ အိမ်မှာပဲ မြင်ရမယ့် ဇိမ်ခံပစ္စည်း ဖြစ်လာမှာပါ။ OLED R ကို ဩဂုတ်လထဲမှာ preorder မှာနိုင်မယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က