ဘိုင်ယန်မှာ ဂွာဒီယိုလာနဲ့ လက်တွဲခဲ့ဖူးသူဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးလီဝန်ဒေါစကီးကိုခေါ်ယူဖို့အတွက် ကြိုးပမ်းနေကြောင်း သိရပါတယ်။ ၀ါရင့်တိုက်စစ်မှူးအဂူရိုကို အလွတ်ထွက်ခွာခွင့်ပေးခဲ့ပြီးနောက် မန်စီးတီးအသင်းမှာ တိုက်စစ်မှူးအဖြစ် ဂါဘရီရယ်ဂျီးဆပ်တစ်ဦးတည်းသာ ကျန်ရှိနေတော့ပြီး ပင်တိုင်ဂိုးသွင်းပေးနိုင်မယ့် တိုက်စစ်မှူးစစ်စစ်တစ်ဥိးကို လိုအပ်နေတာလည်းဖြစ်ပါတယ်။ 

ဒီအတွက်ကြောင့် ဂွာဒီယိုလာက ဘိုင်ယန်မှာသူနဲ့လက်တွဲခဲ့ဖူးတဲ့ လီဝန်ဒေါစကီးကို ပစ်မှတ်ထားလာတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ဒါဟာ စပါးတိုက်စစ်မှူးဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် သတင်းတွေထွက်ခဲ့ပြီးမှ ခေါ်ယူဖို့မလွယ်ကူတဲ့အနေအထားတွေဖြစ်လာတာကြောင့် ဂွာဒီယိုလာဘက်က စိုးရိမ်လာကာ လီဝန်ဒေါစကီးကို နောက်ထပ်ရွေးချယ်မှုတစ်ခုအဖြစ် သတ်မှတ်လာခဲ့တာလည်းဖြစ်ပါတယ်။

အသက် ၃၂နှစ်အရွယ် ပိုလန်တိက်စစ်မှူးဟာ ဟယ်ရီကိန်းထက် ၅ နှစ်အထိ အသက်ပိုကြီးပြီး ရေတိုကာလအတွက် ဂွာဒီယိုလာက မျှော်လင့်ထားပုံလည်းရပါတယ်။ သူ့ရဲ့အသက်အရွယ်၊ ဘိုင်ယန်နဲ့စာချုပ်သက်တမ်း ၂နှစ်သာ ကျန်ရှိတော့တဲ့ အနေအထားတွေကလည်း စျေးပေါပေါနဲ့ ရရှိမယ့် အခြေအနေမျိုးဖြစ်နေတာကလည်း မန်စီးတီးအတွက် ပိုပြီးရွေးချယ်ချင်စရာအကြောင်းပြချက်တွေအဖြစ်ရှိနေပါတယ်။ 

လီဝန်ဒေါစကီးကတော့ ဘွန်ဒက်လီဂါမှာ စံချိန်မှတ်တမ်းများစွာတင်နိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးအဖြစ်ရှိနေခဲ့ပါတယ်။ ဘလွန်းဒီအောဆုကို ပြီးခဲ့တဲ့နှစ်က ရရှိဖို့အခြေအနေအကောင်းဆုံးဖြစ်ခဲ့ပြီးမှ ကိုရိုနာကပ်ရောဂါကြောင့် ပေးအပ်နိုင်ခြင်းမရှိလို့ လက်လွှတ်ခဲ့ရသူလည်း ဖြစ်ပါတယ်။ ဘိုင်ယန်နည်းပြသစ်နာဂယ်စမန်းကတော့ သူ့ရဲ့တိုက်စစ်မှူးကို အသင်းမှာဆက်ရှိနေစေချင်တယ်လို့ ပြောဆိုထားပါတယ်။


Share

Loading Next Article...
က္က