ဈေးကွက်ဖွံ့ဖြိုးမှု ၈၃% နဲ့ တဟုန်းထိုးအတက်ပြလာနေပါတယ်။

တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi ကတော့ Apple ကို ကျော်ပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းကုမ္ပဏီနေရာ ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။

               နိုင်ငံတကာဈေးကွက်မှာ Huawei ရဲ့ စမတ်ဖုန်းရောင်းအားကျဆင်းသွားပြီးနောက် ကျန်တဲ့ တရုတ်ဖုန်းကုမ္ပဏီတွေထဲက အားအကြီးဆုံး Xiaomi ဟာ ကမ္ဘာတလွှားစမတ်ဖုန်းရောင်းအားကို ကြီးစိုးလာတာ ဖြစ်ပါတယ်။ Canalys ဈေးကွက်အချက်အလက်တွေအရ ၂၀၂၁ ဒုတိယသုံးလပတ်အတွင်းမှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ စမတ်ဖုန်းရောင်းအားအရ Xiaomi ဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး ဖုန်းထုတ်လုပ်သူဖြစ်လာတယ်လို့ ဆိုပါတယ်။





               ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကနေ နလန်ထစပြုနေတဲ့ဈေးကွက်တွေရှိလာတာကြောင့် ၂၀၂၁ Q2 သုံးလပတ်မှာ ကမ္ဘာ့စမတ်ဖုန်းရောင်းအားဟာ ၁၂% တက်လာနေတယ်လို့ Canalys က ဆိုပါတယ်။ Samsung ကတော့ စမတ်ဖုန်းဈေးကွက်မှာ နံပါတ်တစ်နေရာက ရပ်တည်ဆဲဖြစ်ပြီး ဈေးကွက်ဝေစု ၁၉% ရထားပါတယ်။ Samsung အောက် Xiaomi ကလည်း ဈေးကွက်ဝေစု ၁၇% ၊ ဈေးကွက်ဖွံ့ဖြိုးမှု ၈၃% နဲ့ တဟုန်းထိုးအတက်ပြလာနေပါတယ်။

               Xiaomi စမတ်ဖုန်းတွေ တင်ပို့မှုဟာ လက်တင်အမေရိကမှာ ၃၀၀% ၊ အာဖရိကမှာ ၁၅၀% နဲ့ အနောက်ဥရောပမှာ ၅၀% စီ ပိုတိုးမြင့်လာတယ်လို့လည်း ဈေးကွက်အချက်အလက်တွေက ဖော်ပြထားပါတယ်။ ပျမ်းမျှအားဖြင့် Xiaomi ဖုန်းတစ်လုံးဈေးနှုန်းဟာ Samsung ထက် ၄၀% ၊ Appel ထက် ၇၅% ပို နည်းပါတယ်။ ကုမ္ပဏီအနေနဲ့ ပိုပြီး ဈေးကြီးတဲ့ Premium ဖုန်းတွေကို ထုတ်လုပ်လာနေပေမယ့်လည်း Xiaomi ဖုန်းမော်ဒယ်အများစုဟာ ဈေးသက်သာပြီး စွမ်းဆောင်ရည်ကောင်းတာကြောင့် နာမည်ကြီးပါတယ်။

               ဈေးကွက်ဖွံ့ဖြိုးမှုအရဆို Xiaomi ဟာ ထိပ်တန်း စမတ်ဖုန်းကုမ္ပဏီ ၅ ခုမှာ အမြင့်မားဆုံး ဖြစ်ပြီး သူ့နောက်မှာမှ OPPO (၂၈%) နဲ့ Vivo (၂၇%) စီ ရပ်တည်နေပါတယ်။ ဒီ စမတ်ဖုန်းကုမ္ပဏီနှစ်ခုကတော့ ဈေးကွက်ဝေစု ၁၀% စီ ရထားတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က