အရင်က Twitter မှာ ပုံတွေ Share ရင် ပုံဆိုဒ်နဲ့ အရည်အသွေး ချုံ့တာ ဖြတ်တောက်တာတွေ လုပ်တာကြောင့် သိပ်ပြီး ရုပ်ထွက်မကောင်းတာမျိုး ကြုံခဲ့ရပါတယ်။

မျက်မှောက်ရေးရာနဲ့ ပတ်သက်ရင် Twitter ကို သတင်းစီးဆင်းမှုအမြန်ဆုံး ပလက်ဖောင်းလို့ ပြောကြပါတယ်။


microblogging ပလက်ဖောင်းဖြစ်လို့ Facebook လိုမျိုး စာလုံးရေ သောင်းချီ ရေးလို့ မရပေမယ့် Tweets တွေက Social Media ပေါ်က လူပြောအများဆုံးအကြောင်းအရာတွေကို ဦးဦးဖျားဖျား သတင်းစကားပါးပါတယ်။ သတင်းအချက်အလက်တွေ Share တယ်ဆိုရာမှာလည်း စာသားအပြင် သက်သေခံ ပုံတွေ ၊ Videos တွေနဲ့လည်း Tweet ကြတာပါပဲ။




အရင်က Twitter မှာ ပုံတွေ Share ရင် ပုံဆိုဒ်နဲ့ အရည်အသွေး ချုံ့တာ ဖြတ်တောက်တာတွေ လုပ်တာကြောင့် သိပ်ပြီး ရုပ်ထွက်မကောင်းတာမျိုး ကြုံခဲ့ရပါတယ်။ Browser ဗားရှင်းမှာ 4096 x 4096p ရုပ်ထွက်မြင့်ပုံတွေ တင်လို့ရပေမယ့် မိုဘိုင်း App မှာတော့ ဒီရုပ်ထွက်ရဲ့ တစ်ဝက်လောက်ပဲ Support ပေးခဲ့တာပါ။ ပြီးခဲ့တဲ့ မတ်လထဲမှာ Twitter ဟာ Android ၊ iOS နှစ်မျိုးစလုံးပေါ်မှာ 4K ပုံတွေ တင်နိုင် ကြည့်နိုင်မယ့် feature သစ်တစ်ခုကို စမ်းသပ်ခဲ့ပါတယ်။ 

Photo: Tech Radar

အခုတော့ အဲ့ဒီ feature ကို Android ရော iOS ထုတ်ကုန်တွေအတွက်ပါ ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ ဒီ feature မှာ ပုံတစ်ပုံကို Tweet လိုက်ရင် အရင်လို cropped လုပ်စရာ မလိုတော့ဘဲ High-Res အကြည်အတိုင်း ကြည့်နိုင်တော့မှာပါ။ Android နဲ့ iOS ထုတ်ကုန်တွေအတွက် Twitter မှာ 4K Image တင်နည်းလေးက ရိုးရိုးလေးပါပဲ။


(၁) အရင်ဆုံး Twitter App အပေါ် ဘယ်ထောင့်က Settings Menu လေးနှိပ်ပြီး Settings and Privacy ထဲ ဝင်ပါ။

(၂) Data Usage နှိပ်ပြီး High quality image uploads ကို Enable လုပ်ပေးရမှာပါ။ 

Wi-Fi ရမှပဲ တင်ဖို့ WiFi Only ၊ မိုဘိုင်းဒေတာ ဖြစ်ဖြစ် Wi-Fi ဖြစ်ဖြစ် တစ်ခုခု ရရင် တင်မယ့် Cellular or WiFi နဲ့ ဘယ်တစ်ခုမှ မရွေးတဲ့ Never ဆိုပြီး ရွေးဖို့ ပေးထားပါတယ်။ 

(၃) Video အတွက်ဆိုရင်လည်း High-Quality Video မှာ အပေါ်ကလိုပဲ WiFi Only ၊ Mobile Data & Wi-Fi နဲ့ Never ကြိုက်တာ ရွေးလို့ ရပါတယ်။ 


4K ဓါတ်ပုံတွေ ကြည့်ချင်တယ်ဆိုရင် High-quality image uploads ဆိုတဲ့ Option ရဲ့ အောက်တည့်တည့်က High-quality images ကို နှိပ်ပြီး ကြည့်လို့ ရပါတယ်။ 4K Images တွေ ဖြစ်လို့ ပုံမှန် Default Resolution ထက် ရုပ်ထွက်တွေ ရှင်းလင်းပြတ်သားပြီး အသေးစိတ်ပိုကျပါတယ်။ 4K Photo Upload/View feature မဖွင့်ခင် သိထားသင့်တဲ့ အချက်နှစ်ချက် ရှိပါတယ်။



Photo: wersm

ပထမတစ်ချက်က Twitter မှာ 4K Resolution ထွက်တဲ့ ပုံတွေ ၊ ဗွီဒီယိုတွေ Upload တင်တာ ၊ View လုပ်တာက Data စားပါတယ်။ WiFi ရတဲ့အချိန်မှ တင်တာ ပိုကောင်းပါတယ်။ ဒီလို လုပ်ဖို့အတွက်လည်း High-quality image upload မှာ WiFi Only ဆိုတဲ့ option လေး ပါပါတယ်။ ဒီ option လေးနဲ့ ဖွင့်သုံးတာက ပိုအဆင်ပြေလိမ့်မယ်။

နောက်တစ်ချက်က Loading Time ကြာတာပါပဲ။ ပုံမှန် Upload Standard နဲ့ ယှဉ်ရင် 4K Image တွေက ဖိုင်ဆိုဒ်ကြီးလို့ ပလက်ဖောင်းပေါ် တင်ဖို့ အချိန်ပိုကြာပါတယ်။ အင်တာနက်လိုင်းသိပ်မကောင်းတဲ့ နေရာမှာဆို 4K Image Upload တင်ရတာ အတော်လေး အချိန်ပေးရနိုင်ပါတယ်။ ဒါပေမယ့်လည်း Twitter မှာ အကောင်းဆုံး ရုပ်ထွက်နဲ့ ဓါတ်ပုံတွေ ဗွီဒီယိုတွေ တင်မယ် ၊ ကြည့်မယ်ဆိုရင်တော့ ဒီ feature က သုံးပျော်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က