စိတ်ချရတဲ့ ဝက်ဘ်ဆိုက်ဟုတ်မဟုတ် ချက်ချင်း အဖြေထုတ်ပေးနိုင်ပါတယ်။

အင်တာနက်ပေါ်မှာ တွေ့ကရာ ဝက်ဘ်ဆိုက် Links တွေထဲ လျှောက်ဝင်သွားရင်တော့ ခေတ်စကားနဲ့ ပြောရရင် နားကားသွားပါလိမ့်မယ်။ 

အပြင်လောကမှာထက် အင်တာနက်ပေါ်မှာ ကိုယ့်ကို အန္တရာယ်ပေးနိုင်မယ့် နည်းလမ်းတွေက အများကြီးပါ။ အီးမေးလ်ထဲက Links တစ်ကြောင်း ၊ Messenger ထဲ ရောက်လာတဲ့ ဝက်ဘ်ဆိုက်လေးတစ်ခုကို ဖွင့်ကြည့်မိရာကနေ အကောင့်ထဲက အချက်အလက်တွေ ပါသွားတာ ၊ Privacy ထိပြီး Security ပြဿနာတွေ ဖြစ်တာမျိုးလည်း ခဏခဏပါပဲ။ အခုဆို Ransomware တိုက်ခိုက်မှုတွေ ၊ ကြော်ငြာ Malware တွေ ၊ ပုံဖျက်ထားတဲ့ Phishing Sites တွေကလည်း ဒီရေအလား တိုးပွားနေတာ ဖြစ်လို့ ဘာကိုမှ စိတ်ချလို့ မရပါဘူး။




ကိုယ့်ရဲ့ Online Activities တွေ အကုန်လုံးကို သေသေချာချာ သတိထားစောင့်ကြည့်နေဖို့ လိုပါတယ်။ စိတ်ထဲ မသင်္ကာတဲ့ ဝက်ဘ်ဆိုက်တွေဆိုရင်လည်း ဝင်မကြည့်ခင် စိတ်ချရသလား သိရအောင် Link Checker နဲ့ စစ်ကြည့်နိုင်ပါတယ်။ URL က www နဲ့ စပြီး ဝက်ဘ်ဆိုက်နာမည်နဲ့ .com ဒါမှမဟုတ် .net ၊ .org စတဲ့ top-level domain နဲ့ ဆုံးတဲ့ standard-length URL နဲ့ ချုံ့ထားတဲ့ shortened URL ဆိုပြီး ပုံစံနှစ်မျိုးနဲ့လာပါတယ်။


တော်ရုံတန်ရုံဆို ကျွန်တော်တို့အားလုံးဝက်ဘ်ဆိုက်တွေထဲ မစူးစမ်းဘဲ ဝင်သွားတတ်ပါတယ်။ အကောင်းဆုံးက စိတ်ထဲမှာ secure မဖြစ်ဘူးလို့ ခံစားရတဲ့ ဝက်ဘ်ဆိုက်တွေ ၊ ကိုယ်သုံးနေကျမဟုတ်တဲ့ လင့်ခ်တွေဆိုရင် Link Checking Tools ထဲ ထည့်စစ်ကြည့်သင့်ပါတယ်။ Link Checking Tools တွေက မြန်မြန်ဆန်ဆန် စစ်ပေးနိုင်တယ်။ စိတ်ချရတဲ့ ဝက်ဘ်ဆိုက်ဟုတ်မဟုတ် ချက်ချင်း အဖြေထုတ်ပေးနိုင်ပါတယ်။

  

Link Checking Tools တွေထဲက လူသုံးများတဲ့ Tools တချို့လည်း Share လိုက်ပါတယ်။ 


(၁) Norton Safe Web


Photo: Norton Safeweb

အွန်လိုင်း လုံခြုံရေးကုမ္ပဏီ Norton က ထုတ်ပေးထားတာပါ။ URL မှာ malware ရှိမရှိ စကင်ဖတ်ဖို့ URL စစ်တဲ့ Checking Field ထဲမှာ ကိုယ်သံသယရှိတဲ့ လင့်ခ်ကို သွားထည့်ပြီး Search ခလုတ်ကို နှိပ်ရမှာပါ။ Norton Safe Web ဟာ Checking Field ထဲ ရောက်လာတဲ့ ဝက်ဘ်ဆိုက်က Safe ဖြစ်မဖြစ် ဆိုတာအပြင် Rating ပေးတာ ၊ Community Reviews တွေ ဖော်ပြပေးတာပါ လုပ်ပေးပါလိမ့်မယ်။ 


ဒါက Browser ပေါ်က‌နေ link checking လုပ်တာ ဖြစ်ပြီး နောက်ထပ်လည်း tools နှစ်မျိုးထွက်ပါတယ်။ တစ်ခုက ကိုယ်သုံးနေတဲ့ browser မှာ quick safe search လုပ်အောင် adds-on လုပ်နိုင်မယ့် Norton Safe Search Extension နဲ့ ရှာသမျှ Search Engine Results အားလုံးကို စိတ်ချစေမယ့် Norton Home Page Extension ဆိုပြီး ဖြစ်ပါတယ်။ နှစ်မျိုးစလုံးက ဝက်ဘ်ဆိုက်လင့်ခ်တစ်ခုထဲ မဝင်ခင် စိတ်ချရရဲ့လားဆိုတာကို စစ်ဆေးပေးသွားမှာပါ။


(၂) Google Transparency Report


Photo: makeuseof

Google က ပေးထားတဲ့ Tools ဖြစ်လို့ စိတ်ချရပါတယ်။ ချက်ချင်းလည်း Result ထုတ်နိုင်ပြီး သုံးရတာလည်း သိပ်လွယ်ပါတယ်။ malware တွေ့ရင် Google Transparency Report ကနေ Phishing risk ကြုံနိုင်ကြောင်း အသိပေးမှာပါ။ သုံးမယ်ဆိုရင် Google Transparency Report ဝက်ဘ်ဆိုက်ကိုသွား ၊ Checking Field ထဲ ကိုယ်တွေ့ထားတဲ့ URL ကို Copy ကူးထည့်ရမှာ ဖြစ်ပါတယ်။ 


(၃) VirusTotal Safe

Photo: makeuseof

VirusTotal Safe က browser အခြေပြု ဘက်စုံသုံး scanning tool ပါ။ ဗိုင်းရပ်စ်နဲ့ malware type အမျိုးမျိုးကို ထောက်လှမ်းဖို့ ဒီ tools က သံသယရှိတဲ့ ဖိုင်တွေ နဲ့ URLs တွေကို လေ့လာပါတယ်။ ပြီးရင် Scan လုပ်လို့ ရလာတဲ့ results တွေကို အွန်လိုင်းလုံခြုံရေး Community မှာ ပြန် Share ပေးပါတယ်။ 


VirusTotal Safe သုံးမယ်ဆိုရင် အရင်ဆုံး ဝက်ဘ်ဆိုက်ထဲဝင် ၊ URL လင့်ခ်ကို paste ချပြီး search လုပ်ရုံပါပဲ။ ချက်ချင်းအဖြေထုတ်ပေးနိုင်တဲ့ tools ပါ။ VirusTotal ဟာ အန်းဒရိုက်app မှာရော Windows app ပါ ထွက်ထားပြီး ဒီ apps တွေထဲမှာလည်း Link Checking လုပ်နိုင်ပါတယ်။ 


(၄) URLVoid


Photo: makeuseof


URLVoid ကလည်း အတော်လေး သုံးလို့ အဆင်ပြေတဲ့ tools ပါ။ အန္တရာယ်ရှိနိုင်တဲ့ ဝက်ဘ်ဆိုက်တွေဟုတ်မဟုတ် စစ်ရာမှာ URL ရဲ့ အကြောင်း အပြည့်အစုံအပြင် ဆာဗာတည်နေရာပါ ပြပါတယ်။ ပိုကောင်းတာက နာမည်ကြီး Cybersecurity services တွေ ဖြစ်တဲ့ Avira ၊ BitDefender နဲ့ PhishTank အပါအဝင် ဒါဇင်နဲ့ချီတဲ့ ဆိုက်တွေက Blacklist Report ပေးထားလားဆိုတာပါ ပြောတာ ဖြစ်ပါတယ်။


အပေါ်မှာ ပြောခဲ့တဲ့ Link Checking services တွေလိုပဲ သုံးရတာ ရိုးရှင်းပါတယ်။ URL ကို Copy ကူးလာပြီး URLVoid မှာ လာစစ်ရုံပါပဲ။ အခုပြောခဲ့တဲ့ tools လေးတွေက Links တွေကနေ တစ်ဆင့် ကိုယ့်ရဲ့အရေးကြီး လျှို့ဝှက်အချက်အလက်တွေ ရယူဖို့ ကြိုးစားနေတဲ့ Security Threats အားလုံးကနေ ကိုယ့်ကို ကာကွယ်ပေးသွားမှာပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က