ပြီးခဲ့တဲ့ရာသီက စပါးကို အငှားနဲ့လာရောက်ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ကာ လက်ရှိမှာတော့ မူလကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ပြန်လည်ပူးပေါင်းရတော့မှာလည်းဖြစ်ပါတယ်။


စပါးနည်းပြသစ်နူနိုဆန်တိုက ဂါရတ်ဘေးလ်ဟာ လာမယ့်ရာသီအတွက် အသင်းကို ပြန်လာမှာမဟုတ်ဘူးလို့ ပြတ်ပြတ်သားသားပြောဆိုလိုက်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ဝေးလ်လက်ရွေးစင်ဟာ ပြီးခဲ့တဲ့ရာသီက စပါးကို အငှားနဲ့လာရောက်ကစားခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ကာ လက်ရှိမှာတော့ မူလကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ပြန်လည်ပူးပေါင်းရတော့မှာလည်းဖြစ်ပါတယ်။

ဘေးလ်က စပါးအတွက် ပွဲပေါင်း ၂ဝမှာ ၁ဝပွဲအထိ ပွဲထွက်ကစားခွင့်ရရှိခဲ့ကာ ၁၁ ဂိုးအထိသွင်းယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။ ဘေးလ်အနေနဲ့ စပါးကိုပြန်လာကစားမယ်လို့ ကောလဟလတွေထွက်ပေါ်နေခဲ့ပြီး ရီးရဲလ်နည်းပြပြန်ဖြစ်လာတဲ့ အန်ဆယ်လော့တီရဲ့ အဓိကကစားသမားဖြစ်လာမယ်လို့လည်း သတင်းတွေက ထွက်ရှိခဲ့ပေမယ့် နူနိုဆန်တိုကတော့ ပြတ်ပြတ်သားသားအဖြေပေးခဲ့တာဖြစ်ပါတယ်။ 

"ဂါရတ်ဘေးလ်က ကျွန်တော်တို့အသင်းလူစာရင်းမှာ ပါဝင်မှာမဟုတ်ပါဘူး" လို့ သူက သတင်းထောက်တွေကို ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ ဘေးလ်ကတော့ ရီးရဲလ်နဲ့ စာချုပ်သက်တမ်းတစ်နှစ်ကျန်ရှိနေသေးသူဖြစ်ပြီး လက်ရှိမှာတေ့ာ ဝေးလ်အတွက် ယူရို၂၀၂၀ ပြိုင်ပွဲကို ဝင်ရောက်ကစားပေးပြီး အနားယူနေကာ သူ့အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ရခြင်းမရှိသေးတာဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံးကစားသမားစာရင်းဝင်ခဲ့တဲ့ ဘေးလ်ဟာ ဇီဒန်းရဲ့ ဒုတိယအကြိမ်မြောက် ရီးရဲလ်နည်းပြဘဝမှာ ပုံမှန်ကစားခွင့်ဆုံးရှုံးခဲ့သူဖြစ်ပါတယ်။ မကြာခင်မှာ ကစားသမားဘဝက အနားယူဖို့အစီအစဉ်ရှိတယ်လို့ ပြောဆိုထားတဲ့ ဘေးလ်ကို စပါးပရိသတ်တွေက အသင်းမှာထပ်မံ လာကစားဖို့ ဆန္ဒရှိနေပေမယ့် နူနိုဆန်တိုကတော့ ခေါ်ယူမှာမဟုတ်ဘူးလို့ အသိပေးခဲ့ပြီး စပါးနဲ့ထွက်ပေါ်နေတဲ့ သတင်းတွေကို အဆုံးသတ်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က