ယူရိုပွဲကစားထားလို့အနားယူနေသေးတာလို့ သိရပါတယ်။

အသင်းနှင့်အတူ ပူးပေါင်းနိုင်ခြင်း မရှိသေးတဲ့အသင်းခေါင်းဆောင် ကိန်းရဲ့ အပြောင်းအရွှေ့ သတင်းတွေက လည်း ကြီး သထက် ကြီးလာနေပါပြီ

စပါးနည်းပြသစ်ဖြစ်လာတဲ့ ဝုလ်နည်းပြဟောင်း နူနိုဆန်းတို့စ်ဟာ သူ့ရဲ့ ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ အဓိက တိုက်စစ်မှူး ကိန်းနဲ့ ပတ်သက်တဲ့ မေးခွန်းအချို့ကို အဓိကထားဖြေကြားခဲ့ရပါတယ်။



လာမယ့် နွေရာသီမှာ စပါးအသင်းကနေ အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ထွက်ခွာဖို့ ရှိနေတယ်လို့ သတင်း တွေ ထွက်ပေါ်နေတဲ့ အပေါ်မှာတော့ - “ကိန်းက ကျွန်တော်တို့ ကစားသမားပါ။ဒီအချိန်မှာ သူ ကောင်းကောင်း အနားယူဖို့ လိုနေပါသေးတယ်။ပြီးရင် အဖွဲ့လာပူးပေါင်းပါလိမ့်မယ်။ကျွန်တော့် အနေနဲ့ ဒီအချိန်မှာ ဒီလောက်ပဲ ပြောနိုင်ပါမယ်။သူက ကမ္ဘာ့ အကောင်းဆုံးတွေထဲက တစ်ဦးပါ ဒီလောက်ပဲ ပြောနိုင်ပါမယ်။”လို့ နူနိုက ပြောခဲ့ ပါတယ်။

ကိန်းကတော့ ယူရို ၂၀၂၀မှာ အင်္ဂလန်အသင်းနှင့်အတူ ဗိုလ်လုပွဲအထိ ပါဝင်ကစားနိုင်ခဲ့ပြီးကာမှ အီတလီကို အရေး နိမ့်ပြီး ချန်ပီယံဆုနဲ့ လွဲချော်ထားရသူပါ။

တဆက်တည်းမှာပဲ မနှစ်က အသင်းကို အငှားနဲ့ တစ်ကျော့ပြန်လာ ကစားသွားတဲ့ ဘေးလ်ကတော့ ပြန်လာတော့ မှာ မဟုတ်ဘူးလို့လည်းနူနိုက တစ်ခါတည်း အသိပေးခဲ့ပါသေးတယ်။

“သူ ကျွန်တော်တို့ အဖွဲ့မှာ ရှိတော့မှာ မဟုတ်ပါဘူး၊”လို့ နူနိုက ယတိပြတ်ပဲ တိုတိုနဲ့ လိုရင်း ပြောသွားခဲ့တာပါ။

ကိန်းကတော့ မန်စီးတီးက အသည်းအသန် ကြိုးပမ်းနေတာ ဖြစ်ပြီး ဒီနွေရာသီမှာ အရခေါ်ယူဖို့လည်း ကြိုးပမ်း နေတာပါ။

ဒါပေမယ့်လည်း လက်ရှိအချိန်မှာ အသင်းနှင်း မပူးပေါင်းလာသေးတဲ့ ကိန်းဟာ စာချုပ်ကိစ္စတွေကို စောင့်နေသလို ပေါင် သန်း ၁၀၀ တန်ကြေးရှိတဲ့ အပြောင်းအရွှေ့ကို စပါးအသင်းက လက်လွှတ်ခံမလား၊ ကစားသမားရဲ့ ဆန္ဒကရော ဘယ်လိုတွေ ရှိနေမလဲဆိုတာ ကိန်းရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်သွားရတော့မှာပါ။

Share

Loading Next Article...
က္က