အသင်းသစ်ရောက်ပြီဆို အသင်းဟောင်းကစားသမားကို မော်ရင်ဟိုက ခေါ်ယူလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ရာသီကမှ ပေါ်တိုကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တဲ့ တဲလက်စ်ဟာ ပရီးမီးယားလိဂ်ပွဲ ၈ ပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။


ရိုးမားအသင်းနည်းပြသစ်ဖြစ်လာတဲ့ မော်ရင်ဟိုဟာ အသင်းဟောင်းမန်ချက်စတာယူနိုက်တက်အသင်းနောက်ခံလူ အဲလက်စ်တဲလက်စ်ကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်အရွယ် ဘရာဇီးလ်နောက်ခံလူဟာ လုခ်ရှောရဲ့ ခြေစွမ်းပြနေမှုကြောင့် နေရာပျောက်ဆုံးနေသူဖြစ်ပြီး မော်ရင်ဟိုက ပုံမှန်ကစားခွင့်ပေးမယ့် အာမခံချက်နဲ့ ခေါ်ယူချင်နေတယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီကမှ ပေါ်တိုကနေ ယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တဲ့ တဲလက်စ်ဟာ ပရီးမီးယားလိဂ်ပွဲ ၈ ပွဲသာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။ အသင်းအတွက် ပြိုင်ပွဲစုံ ၂၃ ပွဲသာကစားခွင့်ရခဲ့တဲ့အပေါ် အဲလက်စ်တဲလက်စ်က စိတ်တိုင်းမကျဖြစ်နေတယ်လို့ သိရပြီး ယူနိုက်တက်ဘက်ကလည်း ပြန်လည်ရောင်းချဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

မော်ရင်ဟိုကတော့ ရိုးမားမှာ ယူနိုက်တက်ကစားသမားဟောင်းတွေဖြစ်တဲ့ စမောလင်၊ မီခီတာရန်တို့နဲ့ ပြန်လည်ဆုံဆည်းနေတာဖြစ်ပါတယ်။ အသင်းဟောင်းကစားသမားတွေကို ခေါ်ယူလေ့ရှိတဲ့ ထုံးစံအတိုင်း မော်ရင်ဟိုက အဲလက်စ်တဲလက်စ်ကို မျက်စိကျနေပြီး ဘရာဇီးလ်သားဟာ မော်ရင်ဟိုနဲ့တော့ လက်တွဲခဲ့ဖူးသူမဟုတ်ဘဲ ပေါ်တူဂီမှာ ကစားခဲ့ဖူးသူသာဖြစ်ပါတယ်။ 

တည်ကန်ဘောတွေကန်သွင်းယူရာမှာ ကောင်းမွန်တဲ့ တဲလက်စ်ရဲ့ အရည်အသွေးကို မော်ရင်ဟိုက သဘောကျနေတယ်လို့ သိရပြီး ဘယ်နောက်ခံလူနေရာမှာ ကစားစေချင်နေတာဖြစ်ပါတယ်။ ရိုးမားကစားသမား ၈ ဦးအထိကို ရောင်းထုတ်ဖို့အတွက် အသင်းကိုတင်ပြထားပြီး ကစားသမားသစ်တွေခေါ်ယူဖို့ ကြိုးပမ်းနေရာမှာ မော်ရင်ဟိုက ဝုလ်ဂိုးသမားပက်ထရီစီယိုကို ခေါ်ယူထားခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ 

Share

Loading Next Article...
က္က