အလဲအထပ်ပြုလုပ်သွားမှာဖြစ်ပါတယ်။

အီကာဒီကို အင်တာမီလန်မှာကတည်းက ခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့တာဖြစ်ပြီး အခုအခါမှာ နောက်တစ်ကြိမ် ကြိုးစားဖို့ စဉ်းစားနေပြီး ရော်နယ်ဒိုနဲ့ လဲလှယ်ဖို့ပါ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။


ဂျူဗင်တပ်စ်အသင်းဟာ အသင်းတိုက်စစ်မှူးရော်နယ်ဒိုကို အသုံးချပြီး ပီအက်စ်ဂျီတိုက်စစ်မှူးအီကာဒီကို ခေါ်ယူဖို့ ကြိုးစားနိုင်ဖွယ်ရှိကြောင်း Football Iatlia က ဖော်ပြခဲ့ပါတယ်။ စီးရီးအေကလပ်ဟာ အီကာဒီကို အင်တာမီလန်မှာကတည်းက ခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့တာဖြစ်ပြီး အခုအခါမှာ နောက်တစ်ကြိမ် ကြိုးစားဖို့ စဉ်းစားနေပြီး ရော်နယ်ဒိုနဲ့ လဲလှယ်ဖို့ပါ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ဂျူဗီနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့သူလည်းဖြစ်ပါတယ်။ လာမယ့်ရာသီမှာ အသင်းမှာဆက်ကစားမယ်လို့ ရော်နယ်ဒိုက ပြောဆိုထားပေမယ့် စာချုပ်သစ်အတွက်တော့ ဆွေးနွေးနိုင်ခြင်းမရှိတာကြောင့် လာမယ့်ရာသီကုန်ဆုံးပါက သူ့ကို အလွတ်ထွက်ခွာခွင့်ပြုရမှာဖြစ်ပြီး ဒီအခြေအနေတွေကြောင့် ဂျူဗီဘက်က ကစားသမားချင်းလဲလှယ်ဖို့ ကြိုးစားနိုင်တယ်ဆိုတဲ့သတင်းဟာ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။ 

တဖက်မှာလည်း ပီအက်စ်ဂျီက ရော်နယ်ဒိုကို စိတ်ဝင်စားမှုတွေရှိနေတဲ့အသင်းဖြစ်ပါတယ်။ ဒါပေမယ့် တစ်နှစ်လုပ်ခယူရို ၃၁သန်းအထိ ပေးချေရမှာဖြစ်လို့ သူတို့အတွက် လက်တွန့်စရာပမာဏတော့ ဖြစ်နေပါတယ်။ ဂျူဗီဘက်ကသာ အမှန်တကယ်ကမ်းလှမ်းခဲ့မယ်ဆိုရင် ပီအက်စ်ဂျီက လက်ခံစဉ်းစားဖွယ်ရှိနေပါတယ်။ အီကာဒီကတော့ ပီအက်စ်ဂျီမှာ ခြေစွမ်းပြကစားပေးနိုင်ပေမယ့် နေမာနဲ့ ဘတ်ပီတို့ကြောင့် အရန်ကစားသမားအဖြစ်နဲ့သာ ရှိနေခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ ၂၈ ပွဲသာကစားပေးထားခဲ့ရပြီး ၁၃ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ အင်တာမီလန်နဲ့အတူ စီးရီးအေရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့တဲ့ အာဂျင်တီးနားတိုက်စစ်မှူးဟာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ ၆၂ ပွဲမှာ ၃၃ ဂိုးအထိ ရရှိထားသူဖြစ်ပါတယ်။ ဒါပေမယ့် ပုံမှန်ကစားခွင့်ရရှိဖို့အတွက်ဆိုရင်တော့ အခက်အခဲတွေရှိနေမှာဖြစ်ပြီး ဂျူဗီကို ပြောင်းရွှေ့ဖို့စဉ်းစားဖွယ်ရာရှိနေပါတယ်။ 

ဂျူဗီကိုတကျော့ပြန်ကိုင်တွယ်နေတဲ့ နည်းပြအယ်လီဂရီကလည်း ရော်နယ်ဒိုကိုတည်ပြီး အသင်းကစားကွက်ကို မဖန်တီးချင်ဘူးလိ့ု သိရပါတယ်။ လာမယ့်ရာသီမှာ ချီယေဆာက သူ့ရဲ့အဓိကကစားသမားဖြစ်ဖွယ်ရှိပြီး အီကာဒီကို ခေါ်ယူကာ အထောင်တိုက်စစ်မှူးအဖြစ် ထားရှိဖို့လည်း အယ်လီဂရီက စဉ်းစားနေတယ်လို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က