ကနဦး အငှားနဲ့ ခေါ်ယူပြီး သတ်မှတ်တဲ့ ပွဲထွက် ကစားခွင့် အရေအတွက် ပြည့်ပါက မဖြစ်မနေ ပေါင် သန်း ၄၀နဲ့ ဝယ်ယူရမယ်ဆိုတဲ့ ကတိကဝတ်လည်း ပါဝင်လာမယ်လို့ သိရပါတယ်။
တိုက်စစ်မှူး တင်မီအေဗရာဟင်ကို အာဆင်နယ်အသင်းထံ အငှားချပေးဖို့ ချဲလ်ဆီးအသင်းက ကနဦး သဘောတူညီမှုရခဲ့ပြီလို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ ချဲလ်ဆီးဟာ အေဗရာဟင်ကို ရောင်းဖို့ ရည်ရွယ်ထားတာ ဖြစ်ပေမယ့်လည်း အာဆင်နယ် အသင်းကတော့ ကနဦး အငှားနဲ့ အရင်ခေါ်ပြီးမှ အပြီးသတ် စာချုပ်ချုပ်ဆိုမယ့် သဘောတူညီချက်နဲ့ ကမ်းလှမ်းခဲ့ တဲ့အပေါ်မှာ ချဲလ်ဆီးကလည်း လက်ခံခဲ့တာ ဖြစ်ပါတယ်။
အေဗရာဟင်ကိုတော့ အာဆင်နယ်အသင်းနည်းတူ ၀က်စ်ဟမ်း၊အက်စတန်ဗီလာအသင်းတို့ကပါ ခေါ်ယူဖို့ စိတ်ဝင် စားနေပေမယ့် ချဲလ်ဆီးအသင်းရဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀က နည်းနည်းတော့ များနေဟန် ရှိနေပါတယ်။
ဒါကြောင့် အာဆင်နယ်အသင်းအနေနဲ့ တိုက်စစ်မှူးကို ကနဦး အငှားနဲ့ ခေါ်ပြီး နှစ်သင်း သဘောတူညီချက်မှာ ပါဝင် လာမယ့် သတ်မှတ် ပွဲအရေအတွက် ကစားနိုင်ပြီဆိုရင် အပြီးသတ် မဖြစ်မနေ ဝယ်ပေးရမယ့် သဘောတူညီ ချက်လည်း ပါလာမှာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းအနေနဲ့ လက်ရှိမှာ တိုက်စစ်မှူး ဝါနာ အပြင် နောက်ထပ် တိုက်စစ်မှူး အသစ်အဖြစ် ဒေါ့မွန်မှ ဟာလန်းကို ခေါ်ယူဖို့ မျက်စိကျနေတာပါ။
ဒါကြောင့် အေဗရာဟင်အတွက် ပွဲထွက်ခွင့် အာမခံဖို့ မဖြစ်နိုင်တော့တဲ့အတွက် အသင်းသစ်တစ်သင်းကို ရှာဖွေ ဖို့ ဆောင်ရွက်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
အေဗရာဟင်အနေနဲ့လည်း ငယ်စဥ်ကတည်းက အားပေးခဲ့တဲ့ အသင်းလည်းဖြစ် ဂန္တဝင်ကစားသမားကြီး အွန်နရီကို အားကျသူလည်း ဖြစ်လို့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ ရာနှုန်းပြည့် သေချာသလောက် ရှိနေပါပြီ။