မေလကတည်းက ခေါ်ယူထားနိုင်တာဖြစ်ပြီး ယခုမှသာ ဆေးစစ်မှု ပြီးဆုံးလို့ သတင်းထုတ်ပြန် ပေးလာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ရီးရဲမက်ဒရစ်အသင်းဟာ သြစတြီးယား နောက်ခံလူ တစ်ဦးဖြစ်တဲ့ ဒေးဗစ်အလာဘာကို ခေါ်ယူနိုင်လိုက်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။
တဆက်တည်းမှာပဲ အလာဘာကို ယခင် အသင်းရဲ့ ခံစစ်မှူးဟောင်း ဆာဂျီယိုရာမို့စ် ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၄ ဂျာစီကို ပေးအပ် ဝတ်ဆင်လိုက်တဲ့အကြောင်းလည်း ဖော်ပြလာပါတယ်။
အလာဘာကို ရီးရဲအသင်းက မေလကတည်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားနိုင်တာ ဖြစ်ပြီး ယခုမှသာ ဆေးစစ်မှုတွေ အားလုံး ပြီးမြောက် အောင်မြင်သွားလို့ သတင်းထုတ်ပြန်လာြခင်း ဖြစ်တယ်လို့လည်း သိရပါတယ်။
“ရီးရဲရဲ့ ဂျာစီအဖြူရောင်းကို ဝတ်ဆင်ရတော့မှာအတွက် အင်မတန်မှ ဂုဏ်ယူပြီး ဝမ်းလည်း ဝမ်းသာမိပါတယ်။ ကျွန်တော်တို့ အတူတကွ ကြိုးစားသွားမယ်ဆိုတာကတော့ သေချာပါတယ်၊”လို့ အလာဘာက ရီးရဲ ပရိသတ်တွေ ကို အဖွင့် နှုတ်ဆက်လိုက်ပါတယ်။
https://twitter.com/i/status/1417802692190220288
အခုလိုမျိုး အဆင့်မြင့် နောက်ခံလူ တစ်ဦးကို ကလပ်အသင်းထံ ခေါ်ယူလိုက်နိုင်တဲ့အတွက် ပရိသတ်တွေကို စိတ်လှုပ်ရှားမိစေမယ်လို့ မျှော်လင့်ကြောင်းနဲ့ ဒီကစားသမားကိုလည်း ကလပ်အသင်းရဲ့ သမိုင်းတွင်ရစ်စေမယ့် ကစားသမားဖြစ်လာဖို့ မျှော်လင့်ကြောင်းလည်း အသင်းရဲ့ အမှုဆောင်ချုပ် ပီရက်ဇ်က ဆိုပါတယ်။