တူချယ်လ်က တိုက်စစ်ကစားသမားတစ်ဦး အလိုရှိနေတာပါ။

ရီးရဲလ်မှာ အဆင်မပြေဖြစ်နေတဲ့ ဟာဇက်ဟာ ပြီးခဲ့တဲ့ ၂နှစ်ကမှ ပေါင် ၈၈ သန်းနဲ့ စပိန်ကိုပြောင်းရွှေ့သွားခဲ့သူဖြစ်ပြီး ပုံမှန်ခြေစွမ်းမပြသနိုင်ခဲ့ဘဲ ၂ ရာသီအတွင်း ၅ ဂိုးသာ သွင်းယူနိုင်တဲ့အထိ ခြေစွမ်းနိမ့်ကျနေခဲ့ပါတယ်။ 


ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ကစားသမားဟောင်း အီဒင်ဟာဇက်ကို ပြန်လည်ခေါ်ယူဖို့အတွက် စဉ်းစားနေတယ်လို့ သိရပြီး ဒီအပေါ်မှာ အသင်းတိုက်စစ်မှူးတီမိုဝါနာက မပျော်မရွှင်ဖြစ်နေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ ရီးရဲလ်မှာ အဆင်မပြေဖြစ်နေတဲ့ ဟာဇက်ဟာ ပြီးခဲ့တဲ့ ၂နှစ်ကမှ ပေါင် ၈၈ သန်းနဲ့ စပိန်ကိုပြောင်းရွှေ့သွားခဲ့သူဖြစ်ပြီး ပုံမှန်ခြေစွမ်းမပြသနိုင်ခဲ့ဘဲ ၂ ရာသီအတွင်း ၅ ဂိုးသာ သွင်းယူနိုင်တဲ့အထိ ခြေစွမ်းနိမ့်ကျနေခဲ့ပါတယ်။ 

ချယ်လ်ဆီးမှာကစားနေစဉ်က ပရီးမီးယားလိဂ်ရဲ့ ကြောက်စရာအကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ ဟာဇက်ဟာ ဘာနေဗျူးမှာတော့ ဒဏ်ရာတွေနဲ့ ရုန်းကန်နေခဲ့ရပါတယ်။ ကိုယ်အလေးချိန်မြင့်တက်လာမှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိမှုလည်း လွယ်ကူလာခဲ့ပြီး သူ့အပေါ်ကို ရီးရဲလ်ဘက်က စိတ်ရှည်မှုမရှိတော့ဘူးလို့ သိရပါတယ်။ ဒီအတွက် ပေါင် ၅၁သန်းခန့်နဲ့ ပြန်လည်ရောင်းချဖို့ကို ရီးရဲလ်က ဆုံးဖြတ်ထားကြောင်းသိရပြီး ချယ်လ်ဆီးက ခေါ်ယူဖို့ စဉ်းစားနေတာဖြစ်ပါတယ်။ 

ဒီအပေါ်မှာ တီမိုဝါနာက မပျော်မရွှင်ဖြစ်နေပြီး သူ့အတွက် ပုံမှန်နေရာပျောက်ဆုံးမှာကို စိုးရိမ်နေပါတယ်။ လိုက်ဇစ်ကနေ ပေါင် ၅၃ သန်းနဲ့ ချယ်လ်ဆိးကို ရောက်လာတဲ့ ဂျာမနီတိုက်စစ်မှူးဟာ ပထမဆုံးပရီးမီးယားလိဂ်ရာသီမှာပဲ ဝေဖန်မှုတွေကို ခံခဲ့ရသူဖြစ်ပါတယ်။ အပိုင်အခွင့်အရေးတွေလွဲချော်ခဲ့ပြီး နည်းပြတူချယ်လ်ရဲ့ စိတ်တိုင်းကျမှုကိုမရခဲ့သလို နောက်ထပ်တိုက်စစ်မှူးတစ်ဦးခေါ်ယူဖို့ ကြိုးပမ်းနေမှုက ၀ါနာအတွက်တော့ စိတ်ပျက်စရာဖြစ်နေတာဖြစ်ပါတယ်။ ဒေါ့မွန်တိုက်စစ်မှူးဟာလန်းကို တူချယ်လ်က အလိုရှိနေပေမယ့်လည်း ဂျာမနီကလပ်ဘက်က ရောင်းချမှာမဟုတ်ဘူးလို့ အကြောင်းပြန်ခဲ့လို့ ဟာဇက်ကို ပြန်လည်စဉ်းစားလာတာလည်းဖြစ်ပါတယ်။ 


ဟာဇက်ကတော့ ချယ်လ်ဆီးအတွက် ၇ ရာသီကစားပေးခဲ့ရာမှာ ၆ ရာသီက အနည်းဆုံးသွင်းဂိုး ၁၀ ဂိုးနဲ့ ဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ တစ်နှစ်တာအကောင်းဆုံးဆုတွေကိုလည်း ဆွတ်ခူးနိုင်ခဲ့ပြီး အမှတ်ပေးဖလား၊ ယူရိုပါလိဂ်ဖလားတွေကိုလည်း ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ ၀ါနာအနေနဲ့ ဟာဇက်သာ ရောက်လာခဲ့မယ်ဆိုရင် ကစားချိန်ပိုမိုနည်းပါးမယ့်အရေးနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပြီး ပြီးခဲ့တဲ့ရာသီကထက် ပိုမိုခြေစွမ်းပြနိုင်ဖို့ လိုအပ်နေပြီလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က