ကျန်းမာသန်စွမ်းတဲ့ ဆံသားဖြစ်ဖို့ အန္တရာယ်အကင်းဆုံး နည်းလမ်းတွေ ဖြစ်ပါတယ်။

ပညာရှင်တွေရဲ့ အဆိုအရ ဆံပင်တစ်မျှင်ဟာ ၂နှစ်ကနေ ၅နှစ်သက်တမ်းရှိတယ်လို့ ဆိုပါတယ်။ကိုယ့်ရဲ့ လူနေမှုပုံစံနဲ့ ဆေးဝါးမှီဝဲမှုတွေအပေါ်မူတည်ပြီး ဆံပင်တွေရဲ့ သက်တမ်းကွာခြားလာပြီး ဆံပင်ပေါက်လာတာ ၊ ဆံပင်ရှည်လာတာ ၊ ဆံသားတွေပြောင်းလဲတာ ၊ ဆံပင်ကျွတ်တာအပေါ် အကျိုးသက်ရောက်မှုတွေ ရှိလာပါတယ်။

ဒါပေမယ့် ဆေးဝါးတွေမှီဝဲရတာ ၊ စိတ်ဖိစီးတာတွေကြောင့်မဟုတ်ဘဲ ကိုယ့်ရဲ့ လူနေမှုပုံစံကြောင့်ဆိုရင်တော့ ဆံပင်တွေကျွတ်တာ သက်သာပြီး ကျန်းမာသန်စွမ်းတဲ့ ဆံသားဖြစ်ဖို့ အကောင်းဆုံးသဘာဝပစ္စည်းနဲ့နည်း လမ်းတွေကို ပြောပြပေးပါမယ်။

၁။ ရှားစောင်းလက်ပတ်



Photo-www.boldsky.com

ဆံပင်ကျွတ်တာအတွက်ကုသရာမှာတော့ ရှားစောင်းလက်ပတ်ကို ရှေးကတည်းက သုံးခဲ့ကြတာပါ။သူက ဦးရေပြားကိုရော ဆံသားကိုရော သန့်စင်အေးမြပြီး အစိုဓာတ်ရစေပါတယ်။ ဦးရေပြားကထွက်တဲ့ အဆီပိုတွေကြောင့် မွှေးညှင်းပေါက်တွေမှာ အဆီခဲတွေပိတ်နေတာ ၊ ဗောက်တွေဖြစ်လာပြီး ဆံပင်တွေ ကျွတ်လာတာကိုလည်း သက်သာစေပါတယ်။ ခေါင်းလျှော်မယ့်နေ့မှာ ရှားစောင်းလက်ပတ်ကို အပြင်က အခွံထူကြီးဖယ်ပြီး အတွင်းက ဂျယ်လီအသားလေးတွေနဲ့ပဲ ဦးရေပြားကို ပွတ်ပေးပြီး လျှော်လိုက်ပါ။ဒါ့အပြင် ခေါင်းလျှော်ရည်တို့ ဆံပင်ပေါင်းဆေး ပျော့ဆေးတို့ကိုလည်း ရှားစောင်းလက်ပတ်ပါဝင်တဲ့ ပစ္စည်းလေးတွေ အသုံးပြုသင့်ပါတယ်။

၂။ အုန်းဆီ


Photo-today.com

အုန်းဆီက ဆံပင်အမျှင်အတွင်းထဲကို ထိုးဖောက်ဝင်ရောက်နိုင်ပြီး ဆံပင်ကို ပရိုတင်းဓာတ်ဆုံးရှုံးမှုလျော့ကျစေတဲ့ fatty acids ပါဝင်ပါတယ်။ ဒါကြောင့် ဆံသားခြောက်သွေ့ပြီး ဆံပင်ဖွာတာ ကျွတ်တာတွေကို ကုသနိုင်ပါတယ်။တကယ်လို့ ခေါင်းအဆီပြန်တတ်တယ်ဆိုရင် ခေါင်းမလျှော်ခင် နာရီအနည်းငယ်အလိုမှာ လိမ်းထားပြီးမှ လျှော်ပါ။ ဦးရေပြားခြောက်သွေ့တတ်ရင်တော့ ခေါင်းလျှော်ပြီးမှ အုန်းဆီလိမ်းပြီး ဦးရေပြားကို နှိပ်နယ်ပေးပါ။

၃။ ကြက်သွန်နီအရည်



Photo-apotheekhustings.be

ကြက်သွန်နီအရည်က ဆံပင်အားဖြည့်တာအတွက် အလွန်ကောင်းပြီး ဆံပင်အရှည်သန်ဖို့အတွက် လိမ်းနိုင်ပါတယ်။ ကြက်သွန်နီအရည်က သွေးလည်ပတ်မှုကောင်းပြီး ဆံပင်အရင်းကနေ အဖျားထိ ကောင်းကျိုးပြုတာကြောင့် ဆံပင်ကို လွယ်လွယ်မကျွတ်စေတဲ့အပြင် ဆံပင်သန်ဖို့ အထောက်အကူ ပြုပါတယ်။ကြက်သွန်နီကို ကြိတ်ချေပြီး ရေအနည်းငယ်ရောပါ။ပြီးရင် ညှစ်လိုက်ပြီး ကြက်သွန်နီအရည်ချည်းပဲ ဦးရေပြားနဲ့ ဆံပင်ကို လိမ်းထားပြီး ၁၅မိနစ်လောက်ထားပါ။ပြီးရင် ပုံမှန်အတိုင်းခေါင်းလျှော်ပါ။ ဆံပင်မှာ ကြက်သွန်နီအနံ့လည်း မစွဲဘဲ ဆံသားတွေ တဖြည်းဖြည်းကောင်းမွန်လာပါလိမ့်မယ်။

၄။ သံပယိုရည်

Photo-isi.com

သံပယိုသီးအရည် ဒါမှမဟုတ် အဆီဟာ ဆံသားကိုတောက်ပြောင်စေပြီး ဆံသားကောင်းမွန်ဖို့နဲ့ ဆံပင်ရှည်မြန်လို့ ဆံပင်အတွက် အသုံးပြုသင့်တဲ့ သဘာဝပစ္စည်းဖြစ်ပါတယ်။ သံပယိုရည်ကို ခေါင်းမလျှော်မီ ၁၅မိနစ်လောက် ဦးရေပြားနဲ့ ဆံသားကိုလိမ်းထားရင် ဦးရေပြားသန့်ရှင်းကျန်းမာပြီး ဆံပင်အရှည်မြန်တာကြောင့် ဆံပင်ကမတ်သက်သာသွားပါလိမ့်မယ်။ ဒါ့အပြင် သံပယိုသီးအဆီကိုလည်း ဆံပင်ပေါင်းဆေးလိုပဲ အသုံးပြုနိုင်ပါတယ်။

၅။ ကြက်ဥ





Photo-foodandnutrition.org

ဒီနည်းလမ်းကတော့ နည်းနည်းလေးညှီတတ်ပေမယ့် ဆံပင်ကျွတ်တာအတွက် တကယ်အသုံးဝင်ပါတယ်။

 ဆံပင်ကောင်းဖို့အတွက် အရေးပါတဲ့ ပရိုတိန်းဖြစ်တဲ့ ကယ်ရာတင်ပရိုတိန်းလိုပဲ ကြက်ဥမှာပါတဲ့ ပရိုတိန်းကလည်း ဆံသားကောင်းဖို့နဲ့ ဆံပင်ပြန်လည်သန်စွမ်းဖို့ အထောက်အပံ့ဖြစ်ပါတယ်။ ဒါကြောင့် ကြက်ဥတစ်လုံးကို သံလွင်ဆီတစ်ဇွန်းနဲ့ ရောမွှေပြီး ခေါင်းလျှော်ထားတဲ့ဆံပင်မှာ ပေါင်းဆေးလိုပဲ လိမ်းထားပြီး ၁၀မိနစ်ခန့်ထားပါ။ပြီးရင် ရေပြန်ဆေးပြီး အစိုဓာတ်ဖြည့် ဆံပင်ပေါင်းဆေး ထပ်သုံးနိုင်ပါတယ်။

ဆံပင်ကျွတ်သက်သာဖို့ ဆောင်ရန်၊ ရှောင်ရန်များ

ဆံပင်ကျွတ်သက်သာစေဖို့အတွက် ဆံပင်ကို ဆွဲပြီး ပုံသွင်းတာ ၊ အပူချိန်မြင့်တဲ့ကိရိယာတွေနဲ့ပုံသွင်းတာ ၊ ဓာတုဆေးတွေနဲ့ ဆံပင်အရောင်ချွတ်တာ ဆေးဆိုးတာတွေကို တတ်နိုင်သမျှ ရှောင်ဖို့လိုပါတယ်။ဒါ့အပြင် ပိုးသားခေါင်းအုံးစွပ်နဲ့ အိပ်စက်တာ ၊ ပျော့ပြောင်းတဲ့ ဘရက်ရှ်နဲ့  ဖြီးတာ ၊ ခေါင်းလျှော်ရည် အပျော့စားနဲ့ လျှော်တာတွေကလည်း ဆံပင်ကျွတ်သက်သာစေမှာပါနော်။ 

Ref: Reader's Digest




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က