ကျောနံပါတ် ၇ ကိုတော့ ကာဗာနီက ဆက်လက်ဝတ်ဆင်မှာဖြစ်ပါတယ်။

ကန်တိုနာ၊ ဒေးဗစ်ဘက်ခမ်း နဲ့ စီရော်နယ်ဒိုတို့ဝတ်ဆင်ခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့့တဲ့ နံပါတ် ၇ ကတော့ ကျိ်န်စာသင့်နေခဲ့တာကြာပြီဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားသစ်ဆန်ချိုဟာ အသင်းသစ်မှာ ကျောနံပါတ် ၂၅ ကိုသာ ဝတ်ဆင်သွားမယ်လို့ သိရပါတယ်။ နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုက အတည်ပြုသွားခဲ့တာဖြစ်ပြီး ကျောနံပါတ် ၇ ကိုတော့ ပြီးခဲ့တဲ့ရာသီကဝတ်ဆင်ခဲ့တဲ့ တိုက်စစ်မှူးကာဗာနီကသာ ဆက်လက်ဝတ်ဆင်ကစားသွားလိမ့်မယ်လို့လည်း သူက ဖော်ပြခဲ့ပါတယ်။ 

ယူနိုက်တက်အသင်းရဲ့ အစဉ်အလာကြီးမားတဲ့ ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားဖို့အတွက် ဆန်ချိုဘက်က ဆန္ဒရှိနေခဲ့တာမှန်ပေမယ့်လည်း ကာဗာနီက လက်ဦးမှုရယူထားခဲ့လို့ ဗလန်စီယာရဲ့ နံပါတ်ကိုသာ ဆက်ခံရမှာဖြစ်ပါတယ်။ အဆိုပါကျောနံပါတ် ၂ခုပေါင်းခြင်းကလည်း ၇ ဖြစ်နေတာကြောင့် ဆန်ချိုအနေနဲ့ သူဝတ်ဆင်ချင်တဲ့ ကျောနံပါတ် ၇ နဲ့ အနီးစပ်ဆုံးတူညီအောင် ရွေးချယ်ခဲ့ဖွယ်ရှိတယ်လို့လည်း ပရိသတ်တွေက ခန့်မှန်းခဲ့ကြပါတယ်။ 

ကန်တိုနာ၊ ဒေးဗစ်ဘက်ခမ်း နဲ့ စီရော်နယ်ဒိုတို့ဝတ်ဆင်ခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့့တဲ့ နံပါတ် ၇ ကတော့ ကျိ်န်စာသင့်နေခဲ့တာကြာပြီဖြစ်ပါတယ်။ ရော်နယ်ဒိုနောက်ပိုင်းမှာ ဗလန်စီယာ၊ အိုဝင်၊ ဒီပိုင်း၊ ဒီမာရီယာတို့လို ကစားသမားတွေဝတ်ဆင်ကစားခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်းမရှိဘဲ ဝတ်ဆင်တဲ့ကစားသမားကို ဖိအားတွေအကြီးအကျယ်သက်ရောက်စေခဲ့တယ်လို့ နာမည်ကြီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာတော့ ကာဗာနီက အဆိုပါဂျာစီကို ရွေးချယ်ခဲ့ကာ အသင်းမှာခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အသက် ၃၄နှစ်အရွယ် ဥရုဂွေးတိုက်စစ်မှူးဟာ ယူနိုက်တက်တိုက်စစ်ပိုင်းမှာ အသက်အရွယ်နဲ့မလိုက်ဖက်အောင် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး နံပါတ် ၇ ကျိန်စာဆိုးကို သူကစားခွင့်ရတဲ့အနေအထားထဲကနေပဲ တွန်းလှန်နိုင်ခဲ့တာဖြစ်ပါတယ်။ ဆန်ချိုအနေနဲ့ လာမယ့်ရာသီတွေမှသာ အဆိုပါဂျာစီကို ဝတ်ဆင်ကစားရဖွယ်ရှိနေပါတယ်။ 

Share

Loading Next Article...
က္က