စပါးအသင်းနှင့်အတူ အောင်မြင်မှုတွေ ရှာဖွေနိုင်မလား အသင်းသစ်ကို ကိန်း ပြောင်းရွှေ့နိုင်ရေး ဖိအားပေးသွား မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
စပါးအသင်းဟာ တိုက်စစ်မှူးကိန်းကို ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ကာလမှာ ရောင်းချဖို့ အစီအစဥ် လုံးဝ မရှိဘူးလို့ ထုတ်ဖော်ပြောလာပါတယ်။
ကိန်းဟာ အောင်မြင်မှု ဆုဖလားတွေ ပိုင်ဆိုင်နိုင်ဖို့အတွက် စပါးအသင်းကို စွန့်ခွာလိုနေပြီး ဒီအချိန်မှာ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးအသင်းကလည်း လက်ကမ်းမှုတွေ ရှိနေခဲ့တာပါ။
ပေါင် သန်း ၁၆၀နဲ့ အပြောင်းအရွှေ့ ဖြစ်လုဆဲဆဲ ဖြစ်ခဲ့ပေမယ့်လည်း စီးတီးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကတဆင့် သိရချက်အရ စီးတီးဟာ ဒီပမာဏကို ပေးချေဖို့ မရှိဘူးဆိုတာပါပဲ။
တစ်ဖက်မှာလည်း စပါးအသင်းဟာ သူတို့ရဲ့ အဓိက ကြယ်ပွင့် တိုက်စစ်မှူး ကိန်းကို ရောင်းချဖို့ အစီအစဥ် လုံး ဝမရှိဘူးလို့ ဆိုလာပြန်ပါတယ်။
လာမယ့် ဗုဒ္ဓဟူးနေ့မှာ အသက် ၂၈နှစ်ထဲဝင်တော့မယ့် ကိန်းဟာ စပါးအသင်းအတွက် မရှိမဖြစ် အရေးပါတဲ့ တိုက် စစ်မှူးလည်း ဖြစ်နေပါတယ်။
မနှစ်က ဘောာလုံးရာသီအပြီးမှာတော့ ကိန်းဟာ ကလပ်အသင်း ဥက္ကဌနဲ့ တွေ့ဆုံဖို့ လိုအပ်နေပြီလို့ သူ့ရဲ့ လူမှုကွန် ယက်ကတဆင့် ပြောဆိုလာခဲ့ပါတယ်။
အဲ့နောက် ကလပ်အသင်းကို အဓိက ကစားသမားတစ်ဦး ခေါ်ပေးဖို့ တောင်းဆိုဖို့ ဆန္ဒရှိနေပြီး မန်စီးတီး တောင်ပံ ကစားသမား ဒီဘရိုင်းကို ခေါ်ယူပေးစေလိုနေတာပါ။
ဒါပေမယ့် ကလပ်အသင်းက မခေါ်ပေးနိုင်ပဲ ရှိနေပြီး ကိန်းဟာလည်း အောင်မြင်မှုတွေအတွက် စပါးကို စွန့်ခွာ သင့်တယ်လို့ အမျိုးမျိုးသော အကြံပြုချက်တွေလည်း ရှိခဲ့ပါတယ်။
လက်ရှိမှာတော့ ကိန်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲအပြီး အားလပ်ရက် ရထားပြီး သြဂုတ် ၂ရက်နေ့မှာတော့ အသင်းနှင့် ပူးပေါင်းဖို့ ရှိနေပါတယ်။
အဲ့နောက် ၁၅ရက်နေ့မှာတော့ ပရီးမီးယားလိဂ် ရာသီအစပွဲစဥ်အဖြစ် မန်စီးတီးအသင်းနဲ့ ထိပ်တိုက် ရင်ဆိုင်ရဖို့ ရှိ နေပါတယ်။
Share