ပွဲထွက်စာရင်းမှာ ဆိုးလ်ရှားက ဒန်နီရယ်ဂျိမ်းစ်၊ လင်ဂတ်၊ မာတစ်၊ ဂရင်းဝုဒ်၊ ဘစ်စ်ကာတို့လို အသင်းကြီးကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို ပေါင်းစပ်အသုံးပြုခဲ့တာပါ။
မနေ့ကကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ ဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ ကျူပီအာအသင်းကို ၄-၂ နဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ ဒါဟာ အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုခဲ့ပြီး မကြာခင်မှာပဲ ကစားရတဲ့ပွဲကို ဆိုးလ်ရှားတစ်ယောက်အရေးနိမ့်ခဲ့ရတာဖြစ်လို့ မျက်နှာပျက်စရာတော့ ဖြစ်ခဲ့ရပြီး သူ့ရဲ့လူငယ်ကစားသမားတွေဟာ အသင်းကြီးအတွက် အလုပ်မဖြစ်သေးဘူးဆိုတာကိုပါ တွေ့မြင်ခဲ့ရပါတယ်။
ပွဲထွက်စာရင်းမှာ ဆိုးလ်ရှားက ဒန်နီရယ်ဂျိမ်းစ်၊ လင်ဂတ်၊ မာတစ်၊ ဂရင်းဝုဒ်၊ ဘစ်စ်ကာတို့လို အသင်းကြီးကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို ပေါင်းစပ်အသုံးပြုခဲ့တာပါ။ လင်ဂတ်က အဖွင့်ဂိုးသွင်းယူပေးခဲ့လို့ ယူနိုက်တက်တို့ နိုင်ပွဲရမယ်လို့ ထင်မှတ်ခဲ့ရပေမယ့် သိပ်မကြာခင်မှာပဲ ကျူပီအာအတွက် ချာလီအော်စတင်က ချေပဂိုးပြန်သွင်းပေးခဲ့ပြီး ပထမပိုင်းမှာ သရေပွဲဖြစ်နေခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ဆိုးလ်ရှားက လူစားလဲမှုတွေပြုလုပ်ခဲ့ရာမှာ ၆ မိနစ်အတွင်း ၃ ဂိုးအထိ ဆက်တိုက်ခွင့်ပြုခဲ့ရပါတယ်။ အီလန်ဂါသာ ဂိုးမသွင်းပေးခဲ့ရင် ယူနိုက်တက်ရဲ့အရှုံးက ပိုမိုပြတ်သွားဖို့ရှိနေခဲ့ပြီး ဆိုးလ်ရှားအတွက်တော့ ပထမကစားသမားတွေမရှိရင် သူ့အသင်းက ရေမြွေသာသာပဲရှိတယ်ဆိုတာကိုပါ ကွက်ကွက်ကွင်းကွင်းသိခဲ့ရတဲ့ ပွဲစဉ်ဖြစ်ခဲ့ပါတယ်။
လာမယ့်ရာသီသစ်အတွက် ဆန်ချိုတစ်ဦးတည်းကိုသာ ဝယ်ယူထားရသေးပြီး ဗာရာနီအတွက် ထပ်မံကြိုးစားနေတဲ့ ဆိုးလ်ရှားအတွက်တော့ ဆုဖလားတစ်လုံးတော့ ရယူပြဖို့လိုအပ်နေပြီဖြစ်ပါတယ်။ အသင်းအတွက် ဆုဖလားရယူပေးနိုင်ခြင်းမရှိပေမယ့် ၃ နှစ်စာချုပ်သစ်ချုပ်ဆိုပေးခဲ့သလို ဆန်ချိုကို ပေါင် ၇၃ သန်းအထိ အကုန်အကျခံပြီး ဝယ်ယူပေးထားတဲ့ အချက်တွေက ဆိုးလ်ရှားအတွက် ဖိအားတွေဖြစ်နေပြီဖြစ်ပါတယ်။