ဇူလိုင်လ ၃၀ ရက်နေ့မှာ ထိုးသတ်သွားမှာပါ။

စင်ကာပူမှာ ကျင်းပသွားမယ့် ONE : BATTLEGROUND ပြိုင်ပွဲမှာ မစ်ဒယ်ဝိတ်တန်းပွဲစဉ်အဖြစ် အောင်လအန်ဆန်နဲ့ ထိုးသတ်ရမယ့် ဘရာဇီးလ်ဖိုက်တာ လီအန်ဒရိုအတေးစ်က အောင်လအန်ဆန်ကို ၂ ချီမြောက်မှာ အနိုင်ယူမယ်လို့ ပြောဆိုလိုက်ပါတယ်။ အလဲထိုးခံရမှုရှားပါးတဲ့ အောင်လအန်ဆန်ကို အလဲထိုးနိုင်ဖို့ အခွင့်အရေးလည်း သူ့မှာရှိတယ်လို့ လီအန်ဒရိုက ပြောဆိုခဲ့ကြောင်း ONE ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။ 

လာမယ့် ဇူလိုင်လ ၃၀ ရက်နေ့မှာ ထိုးသတ်ကြမှာဖြစ်ပြီး ဒီပွဲမှာ အနိုင်ရသူဟာ မစ်ဒယ်ဝိတ်တန်းချန်ပီယံဒီရစ်ဒါနဲ့ စိန်ခေါ်ပွဲထိုးသတ်ခွင့်ရရှိမှာလည်းဖြစ်ပါတယ်။ အောင်လအန်ဆန်ကတော့ ဒီရစ်ဒါကို မစ်ဒယ်ဝိတ် နဲ့ လိုက်ဟဲဗီးဝိတ်ခါးပတ်ပွဲတွေမှာ ဆက်တိုက်အရေးနိမ့်ခဲ့ပြီး ချန်ပီယံဘွဲ့စွန့်လွှတ်ထားခဲ့ရကာ ပြန်လည်ရယူနိုင်ဖို့အတွက် လီအန်ဒရိုနဲ့အရင်ထိုးသတ်ရတာလည်းဖြစ်ပါတယ်။ 

လီအန်ဒရိုကလည်း ဒီပွဲအတွက် နယ်သာလန်မှာ ဒီရစ်ဒါနဲ့ သွားရောက်လေ့ကျင့်ထားခဲ့တာဖြစ်ပါတယ်။ အောင်လအန်ဆန်ကို အနိုင်ယူထားတဲ့ ဖိုက်တာတစ်ဦးနဲ့ ပူးတွဲလေ့ကျင့်ခဲ့မှုက လီအန်ဒရိုအတွက် အားသာချက်တစ်ခုအဖြစ် ရှိနေမှာဖြစ်ပြီး သူအနိုင်ရမယ်လို့လည်း အခိုင်အမာယုံကြည်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။ 


"ဒါက ခါးပတ်ပွဲမဟုတ်ရင်တောင်မှ သူနဲ့ထိုးသတ်ဖို့ကို စိတ်လှုပ်ရှားရပါတယ်၊ သူက သူ့ရဲဲ့နိုင်ငံနဲ့ MMA လောကမှာ ထင်ပေါ်ကျော်ကြားသူပါ၊ သူ့အပေါ်လေးစားမှုအပြည့်ရှိပါတယ်၊ သူကချန်ပီယံမဟုတ်တော့ဘူး၊ ခါးပတ်မရှိတော့ဘူးဆိုတော့ ဒေါသထွက်နေနိုင်ပါတယ်၊ ဖိုက်တာကောင်းတစ်ဦးဖြစ်ပြီး မှတ်တမ်းကောင်းတွေလည်း ပိုင်ဆိုင်ထားပါသေးတယ်၊ သူက အရမ်းသန်မာပြီး မစ်ဒယ်ဝိတ်နဲ့ ဟဲဗီးဝိတ်မှာ ခေါင်းဆောင်လို့ပြောရပါလိမ့်မယ်"

"ကျွန်တော့်ကို သူ တိုက်စစ်ဆင်ထိုးသတ်မယ်ဆိုတာ သိပါတယ်၊ ကောင်းမွန်တဲ့လက်တစုံ၊ အားပြင်းတဲ့လက်သီးချက်တွေ သူ့မှာရှိနေပြီး ကျွန်တော်ကတော့ ဒါက ကိုယ့်ကိုကိုယ်စမ်းသပ်နိုင်မယ့်အခွင့်အရေးလို့ထင်ပါတယ်၊ သူ့ထက်ပိုပြီး အခွင့်အရေးရှိတယ်လို့ ကျွန်တော်တော့ထင်တယ်၊ ဘာလိုု့လဲဆိုတော့ အလုပ်မဖြစ်ဘူးဆိုရင်လည်း ကျွန်တော်က Ground ကို ဆွဲခေါ်သွားလို့ ရလို့ပါ၊ သူက ချန်ပီယံဖြစ်ပြီးသားပါ၊ ဒါကြောင့် အခုက ကျွန်တော့်အတွက် ချန်ပီယံဖြစ်လာဖို့ အခွင့်အရေးပါပဲ"

"နိုင်ရင် စိန်ခေါ်ခွင့်ရတော့မှာပါ၊ ဒါက ကျွန်တော့်အတွက်အရေးကြီးပြီး မစ်ဒယ်ဝိတ်ရဲ့ ကမ္ဘာ့ချန်ပီယံက ကျွန်တော်ဖြစ်လာနိုင်လို့ပါ၊ ဒုတိယအချီမှာပဲ သူ့ကိုအနိုင်ရမယ်လို့ ထင်ပါတယ်၊ ဒါက ကျွန်တော့်ရည်မှန်းချက်ပါ၊ သူ့ကို ခက်ခက်ခဲခဲယှဉ်ပြိုင်ရမယ်ဆိုတာ သိပါတယ်၊ သူ့ကို ဘယ်သူကမှအလဲထိုးတာ ကျွန်တော်မမြင်ဖူးသေးဘူး၊ ကျွန်တော်က အလဲထိုးဖို့အခွင့်အရေးရှိနေနိုင်ပါတယ်" လို့ လီအန်ဒရိုက ပြောဆိုသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က