Apple CEO တင်မ်ကွတ်ကတော့ လုံခြုံရေးစရိတ် ဒေါ်လာ ၄၆၀၀၀၀ ပဲ ရခဲ့တယ်လို့ သိရပါတယ်။

Facebook ဟာ ကုမ္ပဏီရဲ့ CEO လုံခြုံရေးကို အတော်လေး ဂရုစိုက်ပုံရပါတယ်။ မတ်ခ်ဇူကာဘတ်ရဲ့ Personal Security အတွက် တစ်နှစ်ထက်တစ်နှစ် သုံးတဲ့ငွေဟာ ကမ္ဘာ့အချမ်းသာဆုံးဆိုတဲ့ ဂျက်ဖ်ဘီဇော့စ်ရဲ့ ခံစားခွင့်ထက်တောင် ၁၈ ဆလောက် များနေပါတယ်။

ကမ္ဘာ့ထိပ်သီး နည်းပညာအမှုဆောင်တွေထဲမှာ Facebook အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်ခ်ဟာ လုံခြုံရေးစရိတ်အများဆုံး ရတဲ့ CEO ဖြစ်တယ်လို့ ဆီလီကွန်တောင်ကြားက ကုမ္ပဏီကြီးတွေရဲ့ လုံခြုံရေးအသုံးစရိတ်ကို လေ့လာတဲ့ လေ့လာမှုသစ်တစ်ခုက ဆိုပါတယ်။ ဒီလေ့လာမှုမှာ ဆီလီကွန်တောင်ကြားက နည်းပညာကုမ္ပဏီကြီးတွေဟာ ကုမ္ပဏီရဲ့ အမြင့်ဆုံးပုဂ္ဂိုလ်တွေရဲ့ လုံခြုံရေးအတွက် ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မှာ စုစုပေါင်း ဒေါ်လာ ၄၆ သန်းအထိ သုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။



Photo: apnews


စိတ်ဝင်စားစရာက ဒီကိန်းဂဏန်းတွေထဲက ဒေါ်လာ ၂၃.၄ သန်းဟာ Facebook အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်ခ်တစ်ယောက်တည်းရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံရေးအတွက် သုံးခဲ့တယ်ဆိုတာပါပဲ။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကထက်စာရင် ဒေါ်လာ ၃ သန်း ပိုများလာတာ ဖြစ်ပါတယ်။ Protocol သတင်းအရ ၂၀၁၉ ခုနှစ်မှာ မတ်ခ်ဇူကာဘတ်ခ်ဟာ personal security ကြေး ဒေါ်လာ ၂၀.၄ သန်း ခံစားခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီအချက်အလက်ကို ၂၀၁၈ ခုနှစ်က ပေးခဲ့တဲ့ ဒေါ်လာ ၁၀ သန်းနဲ့ ပြန်ယှဉ်ကြည့်လို့ရပါတယ်။ COVID-19 ကပ်ရောဂါအပြင် ရွေးကောက်ပွဲကာလ မတ်ခ်ကို အပိုထပ်ဆောင်း အကာအကွယ်ပေးဖို့အတွက် Facebook ဟာ ဒေါ်လာ ၂၃ သန်းကျော် သုံးသွားတာပါ။ ဒီထဲမှာ အခွန်မဆောင်မီ ခံစားခွင့် ဒေါ်လာ ၁၀ သန်းနဲ့ မတ်ခ်ရဲ့ ပုဂ္ဂလိကလုံခြုံရေးအတွက် ထပ်ဆောင်း ဒေါ်လာ ၁၃.၄ သန်းဆိုပြီး ပေးသွားတာပါ။ ကုမ္ပဏီရဲ့ COO ရှာလီဆန်းဘာ့ဂ်ကတော့ Personal Security ကြေး ဒုတိယအများဆုံးဖြစ်ပြီး သူမအတွက် Facebook ဟာ ၂၀၂၀ ပြည့်နှစ်မှာ ဒေါ်လာ ၇.၆ သန်း သုံးခဲ့တာပါ။ 

ကမ္ဘာ့အချမ်းသာဆုံး Amazon သူဌေး ဂျက်ဖ်ဘီဇော့အတွက် လုံခြုံရေးအသုံးစရိတ်ဟာ ဒေါ်လာ ၁.၃ သန်းပဲ ရှိခဲ့တာ ဖြစ်ပါတယ်။နည်းပညာနယ်ပယ်က အမှုဆောင်တွေထဲမှာ လုံခြုံရေးစရိတ်အများဆုံး ရသူတွေထဲမှာ Google CEO ဆွန်ဒါပီချိုင်း (ဒေါ်လာ ၅.၄ သန်း) ၊ Lyft တည်ထောင်သူ နဲ့ ဥက္ကဌ ဂျွန်ဇင်းမား (ဒေါ်လာ ၂.၀၆ သန်း )၊ Oracle နည်းပညာအမှုဆောင်အရာရှိချုပ် လယ်ရီ အယ်လီဆင် (ဒေါ်လာ ၁.၇၁ သန်း ) ၊ Snap Inc အမှုဆောင်အရာရှိချုပ် အီဗန်စပိုက်ဂဲလ် (ဒေါ်လာ ၁.၆၇ သန်း ) နဲ့ ဘီဇော့စ် (ဒေါ်လာ ၁.၆ သန်း) တို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 


Photo: The Guardian

ကိုဗစ်ကပ်အတွင်းမှာ နည်းပညာလုပ်ငန်းတွေရဲ့ ဈေးကွက်ကို ထိုးတက်အောင် ကြံဆောင်နိုင်ခဲ့တာကြောင့်လည်း အခုလိုမျိုး Tech Elite တွေအပေါ် ငွေသုံးလာတာ ဖြစ်နိုင်ပါတယ်။ မတ်ခ်ဇူကာဘတ်ခ်ကတော့ လုံခြုံရေးစရိတ် စံချိန်တင် အများဆုံးရထားသူ ဖြစ်ပါတယ်။ အချက်အလက်တွေအရ ၂၀၁၆ ခုနှစ်မှာ မတ်ခ်ဇူကာဘတ်ခ်ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုအတွက် Facebook ဟာ ဒေါ်လာ ၄.၉ သန်း ၊ ၂၀၁၇ ခုနှစ်မှာ ဒေါ်လာ ၇.၃ သန်း သုံးစွဲခဲ့ပြီး ၂၀၁၈ မှာတော့ ဒေါ်လာ ၁၀ သန်းအထိ ရှိခဲ့တာပါ။ 

Apple CEO တင်မ်ကွတ်ကတော့ လုံခြုံရေးစရိတ် ဒေါ်လာ ၄၆၀၀၀၀ ပဲ ရခဲ့တယ်လို့ သိရပါတယ်။ 

Share

က္က