လူတစ်ယောက်နဲ့ တစ်ယောက်က စိတ်ခံစားချက်ချင်းမတူတဲ့အတွက် ကိုယ့်အတွက် စိတ်ခံစားရစရာအကြောင်းတစ်ခုက တစ်ခြားသူအတွက်ကတော့ အသေးအမွှားကိစ္စရပ်တစ်ခုလည်းဖြစ်နိုင်ပါတယ်။

အထီးကျန်ပြီး စိတ်မွန်းကျပ်လာရင် ရင်ဖွင့်ပါ။ ဟုတ်ပါပြီ ဒါဆိုရင် ဘယ်လိုအကြောင်းအရာမျိုးတွေက ရင်ဖွင့်သင့်တာလဲ...ရင်ဖွင့်တယ်ဆိုတိုင်းရော ကိုယ့်ရဲ့စိတ်ခံစားချကို တကယ်ပဲလျှော့ချနိုင်ရဲ့လား.. အစရှိတဲ့ မေးခွန်းတွေရှိနေနိုင်ပါတယ်။ 

လူတစ်ယောက်နဲ့ တစ်ယောက်က စိတ်ခံစားချက်ချင်းမတူတဲ့အတွက် ကိုယ့်အတွက်  စိတ်ခံစားရစရာအကြောင်းတစ်ခုက တစ်ခြားသူအတွက်ကတော့ အသေးအမွှားကိစ္စရပ်တစ်ခုလည်းဖြစ်နိုင်ပါတယ်။

Photo: STAT News

ဘယ်လိုအကြောင်းအရာတွေကိုရင်ဖွင့်မလဲ

တစ်ဖက်လူရဲ့ အကြံဉာဏ်နဲ့ အားပေးစကားတွေကို ပြန်ကြားသင့်တဲ့ ကိစ္စရပ်မျိုးတွေကသာ ရင်ဖွင့်တိုင်ပင်သင့်တဲ့ အကြောင်းအရာတွေပါ။ လုပ်ငန်းခွင်အဆင်မပြေမှုတွေ၊ လူမှုပေါင်းသင်းဆက်ဆံရေးအဆင်မပြေမှုတွေနဲ့ ကြီးမားတဲ့ စိတ်ခံစားချက်တွေကသာလျှင် တစ်ဖက်သူအတွက် နားထောင်ပေးဖို့ အဆင်ပြေပါလိမ့်မယ်။ သမီးရည်းစားစိတ်ကောက်စကားများတာတွေ မိသားစုအတွင်းခေတ္တစိတ်ဆိုးစိတ်ကောက်တာတွေက တစ်ဖက်လူကိုရင်ဖွင့်ပြောဆိုရမယ့်ကိစ္စရပ်တွေမဟုတ်ပါဘူး။ အချိန်တန်ရင် ဒီပြဿနာတွေက ပြန်လည်အဆင်ပြေသွားမှာပါ။ ရင်ဖွင့်တိုင်ပင်ပြောဆိုတယ်ဆိုပေမယ့်ရင်ဖွင့်ဖော်အနေနဲ့ကလည်း နားထောင်ပေးသင့်တဲ့ ကိစ္စမျိုးတွေရှိသလို အချိန်ပေးပြီး နားထောင်ဖို့ မသင့်တဲ့ ကိစ္စအကြောင်းအရာတွေလည်းရှိနေတတ်တာကို သတိပြုပါ။ 

Photo: The Conversation

ပုဂ္ဂိုလ်ရေးခံစားချက်တွေအတွက် ကိုယ်တိုင်အဖြေရှာ

ကိုယ့်ရဲ့ ခံစားချက်ကိစ္စအသေးလေးတွေဟာ တစ်ဖက်လူကို ရင်ဖွင့်ပြောဆိုမှ စိတ်သက်သာရာရရှိစေမှာမဟုတ်ပါဘူး။ သီချင်းနားထောင်တာ၊ လေကောင်းလေသန့်ရှုတာ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်တာနဲ့ ကိုယ်ဝါသနာပါရာ အလုပ်တစ်ခုကို လုပ်လိုက်ရုံနဲ့ ခံစားချက်ကိုဖြေလျော့ပေးနိုင်ပါလိမ့်မယ်။ ဘာလို့စိတ်ညစ်နေမှာလဲ၊ စိတ်ထဲထားမနေနဲ့ အချိန်တန်အဆင်ပြေသွားမှာပါဆိုတဲ့စကားက ကြားဖူးနားဝရှိပြီးသားဖြစ်ပါလိမ့်မယ်။ 

သင့်မှာ စိတ်ညစ်စရာရှိတဲ့အချိန်တိုင်း တစ်ယောက်ယောက်ကို ရင်ဖွင့်မိတဲ့အခါ တစ်ဖက်လူရဲ့တုံ့ပြန်မှုက အခုလိုစကားတွေပြန်ကြားရတဲ့အခါမှာ သင်လည်းစိတ်ခံစားချက် အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့် အကြောင်းအရာတိုင်းကို ရင်ဖွင့်တိုင်ပင်ဖို့မလိုဘဲ ကိုယ်တိုင်စိတ်ဖြေလျှော့နိုင်မယ့် နည်းလမ်းတွေကိုလည်းရှာသင့်ပါတယ်။ 

စိတ်ဓာတ်ကျတယ်ဆိုတာ ဘဝတစ်ကွေ့မှာလူတိုင်းကြုံတွေ့ရလေ့ရှိတဲ့အရာပါ။ စိတ်ခံစားချက်မကောင်းတာနဲ့ စိတ်ဓာတ်ကျတာကို ခွဲမြင်နိုင်ဖို့လိုပါတယ်။ 

ဒါကြောင့် စိတ်ခံစားချက်ကောင်းတာနဲ့ စိတ်ဓာတ်ကျရခြင်းအကြောင်းအရင်းတွေကိုာခွဲခြားသိမြင်နိုင်အောင်ကြိုးစားပါ။ဘဝက တိုပါတယ်။ တစ်ခြားသူအပေါ်မှီခိုနေရတဲ့ ပျော်ရွှင်မှုနဲ့ရယ်မောခြင်းတွေက စစ်မှန်ခြင်းမဟုတ်ပါဘူး။ ကိုယ့်ဘဝကို ပျော်ရွှင်အောင်နေတတ်ခြင်းက ကောင်းမွန်တဲ့စိတ်လက္ခဏာဖြစ်ပြီး အောင်မြင်မှုတွေရရှိစေနိုင်မှာပါ။

သတင်းဆောင်းပါးပါအချက်အလက်များကိုဒေါ်နန်းကြည်ပြာမော်(စိတ်ကျန်းမာရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်) က အကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။




Share

က္က