၁၀ ဒေါ်လာတန် CASH ဆိုတဲ့ ခဲခြစ်ဂိမ်းထီကနေ ပေါက်ခဲ့တာပါ

ကံတရားက ဆန်းကြယ်တဲ့အရာဆိုတာ မေရီလန်းက အသက် ၄၇ နှစ်အရွယ် Uber Eats အစားအသောက်ပို့တဲ့ အမျိုးသမီးရဲ့ အဖြစ်က သက်သေပါပဲ။

ကလေးငါးယောက်အမေဖြစ်တဲ့ သူမဟာ ပုံမှန်အတိုင်း Deli ပို့ဖို့ ကားထဲမှာ စောင့်နေတုန်း သူမဟာ ၁၀ ဒေါ်လာတန် CASH ဆိုတဲ့ ခဲခြစ်ဂိမ်းကစားရာကနေ အမြင့်ဆုံးဆုဖြစ်တဲ့ ဒေါ်လာ ၂၅၀၀၀၀ ရခဲ့တာ ဖြစ်တယ်လို့ CNN သတင်းက ဆိုပါတယ်။ လူသိမခံချင်တာကြောင့် ကံထူးရှင်ရဲ့ နာမည်ကို Grateful Mom လို့လည်း ဖော်ပြထားပါတယ်။ မေရီလန်းပြည်နယ် အော်ဒန်တန်က အမျိုးသမီးဟာ ခဲခြစ်ထီဂိမ်းကို ပုံမှန်လို ဝယ်ယူကံစမ်းလေ့ရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo: CNN

ဒေါ်လာ ၂ သိန်းခွဲထီလက်မှတ်ကို အန်နာပိုလစ် ၅၂၄ ကာကွယ်ရေးအဝေးပြေးလမ်းမကြီးပေါ်က Quick Save Mart ကနေ ဝယ်ခဲ့တာ ဖြစ်ပြီး ထီပေါက်စဉ်ကို ဖုန်းထဲက Maryland Lottery app နဲ့ တိုက်ကြည့်ခဲ့တယ်လို့ ဆိုပါတယ်။ ကားထဲရောက်ရောက်ချင်း စစ်ကြည့်ရာမှာ ထီပေါက်တာကို သိခဲ့တာ ဖြစ်ပါတယ်။ ထီပေါက်ပြီး ချက်ချင်းဆိုသလို Uber Eats App က နောက်ထပ်ပစ္စည်းပို့ရမယ့်အလုပ် ဝင်လာခဲ့တယ်လို့ ပြောပါတယ်။

"အခုကစပြီး Uber Eats မှာ မလုပ်ချင်တော့ဘူးဟေ့ လို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောမိတာပါပဲရှင်" လို့ သူမက ပြန်ပြောပြပါတယ်။ 

Grateful Mom ကတော့ သူမရတဲ့ ဒေါ်လာ ၂ သိန်းခွဲထဲက တချို့ကို ပေးစရာတွေ လိုက်ပေးပြီး ကလေးတွေအတွက် ငွေသုံးဖို့နဲ့ ကိုယ်ပိုင် အိမ်တစ်လုံးငွေချေပြီး ဝယ်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က