တောင်းပန်စာ ပြန်ထုတ်ခဲ့ရပါတယ်

ဒီမိုကရေစီအရေး ဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့ ပစ္စည်းပို့သမားတစ်ယောက်ကို အလုပ်ထုတ်ပစ်မယ်လို့ ကြေညာခဲ့ပြီးနောက် Foodpanda ကို ထိုင်းမှာ Boycott လုပ်နေကြတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ လွတ်လပ်စွာပြောဆိုခွင့်အပေါ် Foodpanda ရဲ့ မှတ်ချက်ကြောင့် ထိုင်းနိုင်ငံဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေဟာ Foodpanda ဝန်ဆောင်မှုကို သပိတ်မှောက်ဖို့ #BanFoodpanda ဆိုပြီး လူမှုကွန်ရက်ပေါ်မှာ လုပ်ဆောင်ခဲ့တာပါ။ Foodpanda ကို boycott လုပ်ဖို့ တောင်းဆိုတဲ့ အသံတွေဟာ လူမှုကွန်ရက်ပေါ်မှာ ကျယ်လောင်လာခဲ့ပြီး #BanFoodpanda ဟာ ဇူလိုင် ၁၉ ရက်နေ့မှာ ထိုင်းနိုင်ငံရဲ့ trending အဖြစ်ဆုံး hashtags တစ်ခုဖြစ်လာခဲ့ပါတယ်။




Photo: nikkei asia

အလားတူ hashtagသုံးတဲ့ tweets ပေါင်း ၁ သန်းကျော် ရှိခဲ့ပါတယ်။ အခုလိုမျိုးဖြစ်လာတာ ဇူလိုင် ၁၈ ရက်နေ့က တင်လိုက်တဲ့ Foodpanda ရဲ့ ထုတ်ပြန်ချက်တစ်ခုကြေင့်လို့ ဆိုပါတယ်။ Foodpanda ဟာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ စားသောက်ကုန်ပို့သမား rider တစ်ယောက်ကို အလုပ်ထုတ်မယ်လို့ Twitter ကနေ ထုတ်ပြန်ခဲ့တာပါ။ 

"ကုမ္ပဏီရဲ့စည်းမျည်းတွေအတိုင်း ယာဉ်မောင်းကို သူ့တာဝန်ကနေ ချက်ချင်း အလုပ်ကဖြုတ်သွားပါမယ်။ Foodpanda အနေနဲ့ ဆူပူအကြမ်းဖက်ပုံစံ အားလုံး ဆန့်ကျင်တဲ့ မူထားရှိထားပါတယ်။ ဥပဒေချိုးဖောက်သူတွေကို တရားစွဲဆိုရေးမှာ ကျွန်တော်တို့အနေနဲ့ အာဏာပိုင်တွေကို အပြည့်အဝ အကူအညီပေးသွားမှာပါ။ " လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ထုတ်ပြန်ချက်မှာ ဆန္ဒပြမှုနဲ့ ဆက်နွယ်ပြီး Terrorism (အကြမ်းဖက်ဝါဒ) လို့ သုံးနှုန်းသွားတာပါ။ 

ဂျာမနီနိုင်ငံ Delivery Hero ပိုင် အာရှစားသောက်ကုန်ပို့ဆောင်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Foodpanda ဟာ ထိုင်းနိုင်ငံမှာ ဈေးကွက်ဝေစု ၂၃% အထိ ရထားတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါ်လာ ၂.၈ ဘီလျံတန် ကုန်သွယ်ရေးတန်ဖိုးရှိတဲ့ ဒီဈေးကွက်မှာ Grab Food နဲ့ Lineman တို့က ဈေးကွက်ဝေစု ၅၀% နဲ့ ၂၀% စီ လွှမ်းခြုံထားတာပါ။ အင်ဒိုနီးရှားမှ Gojek ပိုင် GoFood ကတော့ ဈေးကွက်ဝေစု ၇% ရရှိထားတာပါ။ 

The Ken ဝက်ဘ်ဆိုက်ရဲ့ သတင်းအရ အခုလို boycott လုပ်မှုတွေနဲ့ ကြုံရပြီးနောက် Foodpanda Thailand ဟာ ပလက်ဖောင်းပေါ် သုံးစွဲသူ ၂ သန်းကျော် နဲ့ ကုန်သည်ပေါင်း ၉၀၀၀၀ အထိ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်ကြုံပြီး နောက်တစ်ရက် တနင်္လာနေ့မနက်မှာ Foodpanda ဟာ Twitter ပေါ်မှာ တောင်းပန်စာ ပြန်ထုတ်ခဲ့ရပါတယ်။ "လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဟာ အကြမ်းဖက်မှု မဟုတ်ပါဘူး။ ဒီကိစ္စကြောင့်လည်း ပစ္စည်းပို့သမားကို အလုပ်က ဖြုတ်မှာ မဟုတ်ပါဘူး"လို့ Tweet မှာ ဖော်ပြထားပါတယ်။ 


Photo: aawsat

တော်ဝင်မိသားစုကို ဆန္ဒပြခဲ့တဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လှုပ်ရှားမှုတစ်ခုမှာ ထိုင်းဘုရင်ပုံ မီးရှို့နေချိန် ရိုက်ထားတဲ့မှတ်တမ်းတစ်ခုမှာ Foodpanda ပစ္စည်းပို့သမားတစ်ယောက်ရဲ့ပုံ ပါလာခဲ့ပြီးနောက် ကုမ္ပဏီဘက်က အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ ထိုင်းမှာ တော်ဝင်မိသားစုဝင်တစ်ယောက်ပုံကို မီးရှို့တာဟာ ပြစ်မှုမြောက်တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံ လူ့အခွင့်အရေးရှေ့နေအဖွဲ့ရဲ့ အဆိုအရ Foodpanda ပစ္စည်းပို့သမားလည်း တနင်္လာနေ့ညမှာ အရပ်ဝတ်ရဲအဖွဲ့က လာဖမ်းသွားတယ်လို့ ပြောပါတယ်။ 

COVID-19 ကိုင်တွယ်မှုညံ့ဖျင်းတာကြောင့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကို ရာထူးက နှုတ်ထွက်ပေးရေး ၊ တော်ဝင်မိသားစုနဲ့ စပ်တပ်အသုံးစရိတ် လျှော့ချဖြတ်တောက်ရေးနဲ့ mRNA ကာကွယ်ဆေးဝယ်ပေးဖို့ အတွက် ထိုင်းမှာ ဆန္ဒပြနေကြပါတယ်။ ဒယ်လ်တာမျိုးကွဲဗိုင်းရပ်စ်သစ် ပျံ့နှံနေတဲ့ ထိုင်းနိုင်ငံဟာ အဆိုးရွားဆုံး COVID-19 ကူးစက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ကူးစက်မှုများလည်း ထိုးတက်လာနေပါတယ်။ 

Share

က္က