အမျိုးသမီးတိုင်းက ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ချင်ကြတာ ဓမ္မတာပါပဲ။ ဒါပေမယ့် အားကစားအတွက် အချိန်မပေးနိုင်လို့ Gym ကို သွားမဆော့နိုင်တဲ့ အမျိုးသမီးလေးတွေအတွက် အိမ်မှာပဲ လေ့ကျင့်ခန်းတွေ လိုက်လို့ ရနိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့ လေ့ကျင့်ခန်းတွေကို တင်ပေးနေကြတဲ့ YouTuber (၅) ဦး ကို ဖော်ပြပေးချင်ပါတယ်။ ဒီအမျိုးသမီး (၅) ဦးကို subscribed လုပ်ထားပြီး လွယ်လွယ်ကူကူလိုက်လုပ်ရင်း လှပတဲ့ ခန္ဓာကိုယ်ကို တည်ဆောက်နိုင်ကြပါစေ။
ဒီအမျိုးသမီး ငါးဦးစလုံးရဲ့ ချန်နယ်တွေမှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ လေ့ကျင့်ခန်းတွေအလိုက် ဘာ equipment မှ မလိုအပ်ဘဲ လိုက်ဆော့ကစားနိုင်ပါတယ်။ (ဉပမာ - လက်မောင်းအဆီကျလိုသူတွေအတွက် လက်မောင်းလေ့ကျင့်ခန်း၊ တင်ပါးလှချင်သူတွေအတွက် တင်ပါးလေ့ကျင့်ခန်း ၊ ဗိုက်ချပ်ချင်သူတွေအတွက် လေ့ကျင့်ခန်း စသဖြင့် လိုက်လံဆော့ကစားနိုင်ပါတယ်။) ဒါ့အပြင် အစားအသောက်နေထိုင်မှုပုံစံတွေကိုပါ မြင်တွေ့ရမှာဖြစ်တဲ့အတွက် သူတို့ရဲ့ လေ့ကျင့်ခန်းတွေအပြင် ကျန်းမာတဲ့ လူနေမှုပုံစံတွေကိုပါ အတုယူလေ့လာနိုင်မှာပါ။
၁။ Susana Yábar
susanayabar.com
ပထမဆုံး ဖော်ပြပေးချင်တဲ့ အမျိုးသမီးကတော့ Susana Yábar ပါ။ သူမရဲ့ Funfitt with Susana Yábar channel ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှာ စတင်ခဲ့တာဖြစ်ပြီး subscribers ပေါင်း 917K ရှိကာ ကြည့်ရှုသူပေါင်းက ၁၂၃ သန်းကျော် ရှိပါတယ်။ စပိန်လူမျိုးဖြစ်ပြီး ထင်ပေါ်ကျော်ကြားတဲ့ fitness trainer တစ်ဉီးဖြစ်ပါတယ်။ မြူးကြွတဲ့ တေးသီချင်းတွေနဲ့အတူ ကခုန်နေသလို ဆော့ကစားရတဲ့ သူမရဲ့ လေ့ကျင့်ခန်းတွေက ပျော်စရာလည်းကောင်းသလို တကယ်ထိရောက်တဲ့ လေ့ကျင့်ခန်းတွေဖြစ်တာကြောင့် သူမရဲ့ Funfitt with Susana Yábar ကို subscribed လုပ်ပြီး လေ့ကျင့်ခန်းတွေ လိုက်လုပ်ရင်း ခန္ဓာကိုယ် သွယ်လျလှပဖို့ ကြိုးစားကြည့်ကြပါဦးနော်။
၂။ Vicky Justiz
.youtube-vickyjustiz
နောက်တစ်ဦးကတော့ Vicky Justiz ဖြစ်ပြီး subscribers ပေါင်း 1.77M ရှိသူတစ်ဦးလည်းဖြစ်ပါတယ်။ သူကလည်း ၂၀၁၄ မေလမှာ သူ့ရဲ့ youtube channel ကို စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ခုချိန်မှာတော့ ကြည့်ရှုသူပေါင်း သန်း ၁၅၀ ကျော် ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ အိမ်မှာပဲ လွယ်လွယ်ကူကူပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းပေါင်းများစွာ တင်ပေးထားတဲ့ အပြင် အစားအသောက်ပိုင်းဆိုင်ရာတွေ၊ ဝတ်စားဆင်ယင်မှုအပိုင်းတွေသာမက ကျန်းမာတဲ့ လူနေမှုပုံစံတွုပုံစံတွေကိုပါ သူ့ဆီမှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ရုရှားသူတစ်ဦးဖြစ်ကာ သရုပ်ဆောင် ၊ သီချင်းရေးသူ အပြင် fitness star အနေနဲ့ အသက်မွေးသူတစ်ယောက်ပါ။
၃။Pamela Reif
technogym.com
Pamela Reif ကတော့ ၂၀၁၃ စက်တင်ဘာမှာ youtuber အဖြစ်စတင်ခဲ့တာဖြစ်ပြီး subscribers ပေါင်း 7.38M ရှိကာ ကြည့်ရှုသူပေါင်း သန်းတစ်ထောင်ကျော် ရှိသူတစ်ယောက်ဖြစ်ပါတယ်။ လေ့ကျင့်ခန်းတွေကို အခုမှ စတင်ကစားမယ့်သူတွေအတွက် လွယ်ကူတဲ့ လေ့ကျင့်ခန်းတွေ သီးသန့်တင်ပေးတာမျိုးတွေရှိသလို တစ်ရက်ကို နာရီဝက်စာ ၊ ၄၅ မိနစ်စာ လွယ်ကူရိုးရှင်းတဲ့ လေ့ကျင့်ခန်းတွေ အပြင် ၄၅ မိနစ်စာ ခက်ခဲတဲ့ လေ့ကျင့်ခန်းတွေကိုလည်း တင်ပေးထားပါတယ်။ ကြည့်ရှုသူတွေအနေနဲ့ ကိုယ်နဲ့ ကိုက်ညီမယ့် လေ့ကျင့်ခန်းအမျိုးအစားအလိုက် ကစားနိုင်ပါတယ်။
၄။ emi wong
emiwong.weebly.com
သူ့ရဲ့ လေ့ကျင့်ခန်းတွေကတော့ အရမ်းကို လွယ်ကူရိုးရှင်းတဲ့အပြင် ထိုင်ရာမထ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေပါ ပါဝင်ပါတယ်။ ကနေဒါမှာ မွေးဖွားပြီး လက်ရှိမှာတော့ ဟောင်ကောင်မှာ နေထိုင်နေတဲ့ သူမက subscribers ပေါင်း 4.32M ရှိပြီး ကြည့်ရှုသူပေါင်း သန်း ၅၀၀ ရှိသူဖြစ်ပါတယ်။ သူမရဲ့ ချန်နယ်မှာတော့ လွယ်ကူရိုးရှင်းတဲ့ လေ့ကျင့်ခန်းတွေအပြင် နေ့စဉ်နေထိုင်မှုဘဝနဲ့ ကျန်းမာတဲ့ လူနေမှုပုံစံ ၊ စားသောက်မှုပုံစံတွေကိုပါ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
၅။ Eylem Abaci
eylemabaci.com
နောက်ဆုံးဖော်ပြပေးချင်သူကတော့ Eylem Abaci ဖြစ်ပါတယ်။ သူမကတော့ ၂၀၂၀ ဇွန်လကမှ youtuber အဖြစ် စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ subscribers ပေါင်း 193K ရှိကာ ကြည့်ရှုသူပေါင်းက ၁၄၂ သိန်းရှိနေပါပြီ။ သူမရဲ့ ချန်နယ် မှာတော့ လွယ်ကူရိုးရှင်းပြီး ဘာ equipment မှ မပါတဲ့ လေ့ကျင့်ခန်းတွေကို တွေ့ရှိရမှာဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေတိုင်းမှာ လေ့ကျင့်ခန်းသစ်တွေ တင်ပေးလေ့ရှိပါတယ်။ ဒါ့အပြင် သူမရဲ့ နေ့စဉ်ဘဝ လှုပ်ရှားမှုတွေ နဲ့ ကျန်းမာတဲ့ အစားအသောက်နေထိုင်မှုပုံစံတွေကိုလည်း မြင်ရမှာဖြစ်ပါတယ်။
ဒီအမျိုးသမီး (၅) ဦးကတော့ မဒီတို့ လိုအပ်နေတဲ့ ခန္ဓာကိုယ်သွယ်လျလှပစေမယ့် နည်းလမ်းတွေအပြင် ကျန်းမာတဲ့ လူနေမှုစတိုင်တွေကိုပါ လမ်းညွှန်ပေးသွားကြမှာဖြစ်ပါတယ်။