In partnership with  logo
အမျိုးသမီးတွေအတွက် အလိုအပ်ဆုံး အကျိုးကျေးဇူး ၃ မျိုးလုံးကို ရရှိစေမှာဖြစ်ပါတယ်။

အဆီပိုတွေမရှိဘဲ လှပတဲ့ ခန္ဒာကိုယ်က ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ  အလွန်ကောင်းမွန်တယ်တဲ့အတွက် အားကစားလုပ်ခြင်းက အမျိုးသမီးတွေကြားမှာ Trend တစ်ခုဖြစ်လာပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေ မေ့နေတာတစ်ခုက  အမျိုးသားတွေထက် အင်အားနည်းတဲ့ သူတို့မှာ ကိုယ်ခံပညာတစ်ခုခုကို မဖြစ်မနေ တတ်ထားဖို့ လိုအပ်တယ်ဆိုတဲ့ အချက်ပါပဲ။ 



အဆီကျလှပပြီး ကျန်းမာရေးကောင်းမွန်မယ့်အပြင် ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မယ့် ကိုယ်ခံပညာလေ့ကျင့်ခြင်းက တစ်ချက်ခုတ် သုံးချက်ပြတ်ပဲပေါ့။

၁။ ထိုက်ချိ (Tai Chi)




Photo- vecteezy.com

ထိုက်ချိအားကစားက လှုပ်ရှားမှုနဲ့ ကိုယ်ခန္ဓာအနေအထားကို အဓိကထားတဲ့ အားကစားဖြစ်ပြီး လူငယ်တွေသာမက အသက်ကြီးသူတွေပါ လုပ်ဆောင်နိုင်တဲ့ အားကစားဖြစ်ပါတယ်။ ထိုက်ချိအားကစားဟာ ကောင်းစွာအိပ်ပျော်ဖို့ ၊ ကိုယ်အလေးချိန်ကျဖို့ ၊ စိတ်ခံစားမှုကောင်းမွန်စေဖို့နဲ့ နာတာရှည်အာရုံကြော ရောဂါတွေအတွက်ပါ ကောင်းမွန်ပါတယ်။ ကိုယ်က လူသစ်ဆိုရင်တော့ စစလေ့ကျင့်ချင်းမှာ ညောင်းညာနာကျင်မှု ရှိနိုင်ပါတယ်။


၂။  အာခီဒို (Aikido)



Photo-goodfon.com

အာခီဒိုကတော့ ချုပ်တာ ဆွဲမှောက်တာတွေဖြစ်ပြီး ကိုယ်က တိုက်ခိုက်ခံရတဲ့အခါ မထိခိုက်အောင် ကာကွယ်တဲ့ ခုခံကာကွယ်ရေးပညာဖြစ်ပါတယ်။ အာခီဒိုကို ကျား/မ အသက်အရွယ်မရွေး ဆော့ကစားနိုင်ပေမယ့် အမျိုးသမီးများအတွက် ပိုသင့်တော်တယ်လို့ ဆိုပါတယ်။ အာခီဒိုက ခန္ဓာကိုယ်ပုံစံကို အချိုးကျလှပအောင် အလျင်အမြန်မပြောင်းလဲနိုင်ပေမယ့် ကျန်းမာပျော်ရွှင်စွာနဲ့ အဆီကျ ကိုယ်အလေးချိန်ကျစေနိုင်ပါတယ်။

၃။ မွေထိုင်း (Muay Thai)

မွေထိုင်းက ရှေးဟောင်းကိုယ်ခံပညာဖြစ်ပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်ကစပြီး အလွန်ခေတ်စားလာပါတယ်။ ကိုယ်ခံပညာတစ်ခုအနေနဲ့သာကမ ကိုယ်အလေးချိန်လျှော့ချဖို့အတွက်ပါ ကမ္ဘာတစ်လွှား လေ့ကျင့်လာကြပ ါတယ်။သူက လက်သီး၊ တံတောင်ဆစ်၊ ဒူး၊ ခြေထောက် အပါအဝင် ကိုယ်ခန္ဓာတစ်ခုလုံးရဲ့ ကြွက်သားများ ပါလှုပ်ရှားပြီး လေ့ကျင့်ရတာဖြစ်ပါတယ်။ အပြင်ပန်းကြည့်ရင် အလွန်ပြင်းထန်ပြီး ခက်ခဲမယ်ထင်ပေမယ့် လေ့ကျင့်ရအဆင်ပြေပြီး အဆီကျ ကိုယ်အလေးချိန်ကျဖို့ လုပ်ဆောင်သင့်တဲ့ ကိုယ်ခံပညာတစ်မျိုးဖြစ်ပါတယ်။

၄။ ကရာတေး (Karate)

ကရာတေးကတော့ ကိုယ်ခန္ဓာကြံ့ခိုင်မှုအတွက် အကောင်းဆုံး လေ့ကျင့်ခန်းတွေထဲက တစ်ခုပါပဲ။ ကရာတေးလေ့ကျင့်ခြင်းအားဖြင့် ကိုယ့်ရဲ့ ကြံ့ခိုင်မှု ၊ ကြွက်သားတွေ ၊ ကိုယ်ခန္ဓာဟန်ချက်ညီမှုတွေ တိုးတက်လာပါလိမ့်မယ်။ ကရာတေးက ခန္ဓာကိုယ်တစ်ခုလုံးလေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း နဲ့ ကျန်းမာရေးကောင်းမွန်ဖို့အတွက် အထောက်အကူပြုပါတယ်။ ကရာတေးအပါအဝင် ကိုယ်ခံပညာတွေ တစ်နာရီလောက် လေ့ကျင့်ခြင်းက ၆၈၅ ကယ်လိုရီ လောင်ကျွမ်းစေပါတယ်။

၅။ ဂျူဂျစ်ဆု (Brazilian Jiu-Jitsu )

ဂျူဂျစ်ဆုကစားနည်းတွေထဲကမှ Brazilian Jiu-Jitsu (BJJ) က  မိမိကိုယ်ကို ကာကွယ်ဖို့ အထိရောက်ဆုံး ကိုယ်ခံပညာဖြစ်ပါတယ်။ လမ်းမှာတိုက်ခိုက်ခံရတဲ့အခါမှာလည်း ထိထိရောက်ရောက်နဲ့ ပြန်လည်ကိုင်တွယ်နိုင်တဲ့ ကိုယ်ခံပညာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဘရာဇီးလ်ဂျူဂျစ်ဆုဟာ ကိုယ်အလေးချိန်လျှော့ချဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။အဝလွန်သူတွေ ပထမခြောက်လလေ့ကျင့်တဲ့အခါ ၁၀-၂၀ ကီလိုဂရမ်ကျတယ်လို အားကစားဝက်ဘ်ဆိုဒ်တစ်ခုက  ဆိုပါတယ်။

၆။ ဂျူဒို (Judo)

ဂျူဒိုအားကစားနည်းက ပခုံး ၊ နောက်ကျော ၊ ခန္ဒာကိုယ်အပေါ်ပိုင်း ၊ လက်မောင်း ၊ တင်ပါး ၊ ခြေထောက်တွေ အသုံးပြုပြီး ဆော့ကစားရတဲ့ ကိုယ်ခံပညာတစ်မျိုးဖြစ်ပါတယ်။ဂျူဒို နာရီဝက် ကစားခြင်းက ကယ်လိုရီ ၃၆၀လောင်ကျွမ်းပြီး ဒါဟာ လက်တေးကော်ဖီနှစ်ခွက်စာ ဖြစ်တယ်လို့ အိုလံပစ်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ဒါ့ကြောင့် အဆီပိုတွေကို လောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်လျော့ကျဖို့ မှန်မှန်လေ့ကျင့်သင့်တဲ့ ကိုယ်ခံပညာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဂျူဒိုဟာ လေးစားမှု၊ စည်းကမ်းထိန်းသိမ်းခြင်း ၊ ဇွဲရှိခြင်း အပြင် ပူးပေါင်းဆောင်ရွက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ နှောင့်ယှက်ခြင်း၊ ကျူးကျော်ခြင်းနှင့်ခွဲခြားဆက်ဆံခြင်းစတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေအတွက် ကောင်းမွန်တဲ့ အားကစားလည်းဖြစ်ပါတယ်။









Share

Loading Next Article...
က္က