iPhone 14 series မှာတော့ ၅.၄ လက်မ mini ဗားရှင်း ဆက်ထုတ်ဖို့ မရှ်ိပါဘူး

၂၀၂၂ မှာ မိတ်ဆက်သွားမယ့် iPhone တွေထဲက high-end မော်ဒယ်တွေမှာ တိုက်တေနီယမ်ကိုယ်ထည်ဒီဇိုင်းနဲ့ လာမယ်လို့ သတင်းထွက်နေပါတယ်။

               JP Morgan Chase က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားတာ ဖြစ်ပြီး တိုက်တေနီယမ်သတ္ထုစပ်ကိုယ်ထည် သုံးတာဟာ ၂၀၂၀ iPhone စီးရီးရဲ့ အကြီးဆုံးအပြောင်းအလဲတွေထဲကတစ်ခုဖြစ်မယ်လို့လည်း ဆိုပါတယ်။ တိုက်တေနီယမ်ကိုယ်ထည် ဖရိမ်တွေဟာ High-End မော်ဒယ်တွေမှာပဲ သုံးသွားဖို့ ရှိပြီး ဒီအတွက် Foxconn က တစ်ဦးတည်းထုတ်လုပ်သူအဖြစ် တာဝန်ယူသွားဖို့လည်း ရှိပါတယ်။




Photo: Yahoo

               တကယ်လို့ ဒီသတင်းသာ မှန်မယ်ဆိုရင် iPhone တွေမှာ တိုက်တေနီယမ်သတ္ထုစပ်သုံးလာတာဟာ Apple အတွက် ပထမဆုံး ဖြစ်မှာပါ။ Apple ထုတ်ကုန်တွေထဲမှာ Apple Watch Series 6 မော်ဒယ်တချို့နဲ့ Apple Card တို့မှာပဲ တိုက်တေနီယမ်သတ္ထုစပ်ကို သုံးထားတာ ဖြစ်ပါတယ်။ နောက်ဆုံးထွက်ထားတဲ့ iPhone တွေဟာ အလူမီနီယမ်နဲ့ စတိန်းလတ်စတီး သုံးပြိး ထုတ်လုပ်ထားတာပါ။

               စတိန်းလတ်စတီးနဲ့ စာရင် တိုက်တေနီယမ်ဟာ အကြမ်းခံမှုနဲ့ အပွန်းအခြစ်တာ အဖြစ်နည်းပြီး ဘော်ဒီကွေးသွားတာမျိုးလည်း ပိုခံနိုင်ပါတယ်။ စတီးလို မာကျောပေမယ့် ပေါ့ပါးမှုမှာ ၄၅% ပိုပြီး ပေါ့ပါးပါတယ်။ အလူမီနီယမ်ထက် ၆၀% ပိုလေးပေမယ့် မာကျောမှုမှာ နှစ်ဆပိုသာပါတယ်။ တခြားသတ္ထုစပ်တွေနဲ့ ယှဉ်ရင် သံချေးစားတာမျိုးလည်း ပိုပြီး ခံနိုင်ရည် ရှိပါတယ်။

               တိုက်တေနီယမ်မှာ ပြဿနာနှစ်ခု ရှိပါတယ်။ တစ်ခုက လက်ဗွေရာထင်လွယ်တာနဲ့ နောက်တစ်ခုက မာကျော မြင့်တာကြောင့် ပုံသွင်းရခက်တာ ဖြစ်ပါတယ်။ Apple ကတော့ ဒီပြဿနာနှစ်ခုစလုံးကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းရှာနေပါတယ်။ မကြာသေးမီက မူပိုင်ခွင့်တစ်ခုအရ Apple ဟာ ထုတ်ကုန်တွေမှာ လက်ဗွေရာ ပေါ်နေတာကို သိသိသာသာ လျှော့ချနိုင်ဖို့ သတ္ထုမျက်နှာပြင်တွေအတွက် ပါးလွှာတဲ့ Oxide Coating နည်းပညာ ဖန်တီးနေပြီး တိုက်တေနီယမ်ကို သပ်ရပ်ချောမွေ့ပြီး ပိုဆွဲဆောင်မှုရှိအောင်ပါ ပုံသွင်းနိုင်အောင်ပါ လုပ်ဆောင်နေပါတယ်။


Photo: phonearena

               ဒီနှစ် iPhone 13 မှာတော့ သိပ်အဆန်းတကြယ် ကြားဖို့ မရှိပါဘူး။ အရောင်အနေနဲ့ Rose Gold ဆန်တဲ့ Sunset Gold ကာလာသစ်လည်း ထွက်လာဖို့ ရှိပြီး ၅.၃ လက်မအရွယ် mini version ကို iPhone 13 မှာ နောက်ဆုံး မြင်ရဖို့ ရှိပါတယ်။ iPhone 13 စီးရီးမှာ ပိုကြီးတဲ့ ဘက်ထရီ ၊ 120Hz ProMotion Display နဲ့ 5nm A15 chips တွေ သုံးလာဖို့ ရှိပါတယ်။ iPhone 13 မိတ်ဆက်မယ့်ရက် တရားဝင် ကြားသိရခြင်း မရှိပေမယ့် စက်တင်ဘာပထမနဲ့ ဒုတိယအပတ်တစ်ခုခု ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

               iPhone 14 series မှာတော့ ၅.၄ လက်မ mini ဗားရှင်း ဆက်ထုတ်ဖို့ မရှိဘဲ ၆.၁ လက်မ မော်ဒယ်နှစ်မျိုးနဲ့ ၆.၇ လက်မမော်ဒယ်နှစ်မျိုးပဲ ထုတ်သွားဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က