ပရိသတ်ကိုယ်စီနဲ့ အမြဲတမ်း နှိုင်းယှဥ် ချိန်ထိုးခံနေရတဲ့ သူနှစ်ဦးကို ပြပါဆိုရင် ကမ္ဘာကျော် ဘောလုံးသမား မက်ဆီနဲ့ ရော်နယ်ဒိုပဲ ဖြစ်ပါတယ်။
Photo: Business Insider
သူတို့နှစ်ဦးမှာ ဘယ်သူက ပိုကောင်းကြောင်း၊ဘယ်သူက ပိုတော်ကြောင်း၊ဘယ်သူက ဘယ်အရာနဲ့ ပိုထိုက်တန် ကြောင်း သူ့ပရိသတ် ကိုယ့်ပရိသတ် အမြဲတမ်း အချင်းများ လေ့ရှိကြပါတယ်။ ဒါ့အပြင်သူတို့နှစ်ဦးနဲ့ ပတ်သက်ပြီးတော့လည်း နှစ်ဖက်ပရိသတ်ဟာ အမြဲတမ်း အတွင်းကျကျ အရာတွေကို ပိုမို သိချင်လေ့ရှိကြပါတယ်။ဒီအထဲမှာ သူတို့နှစ်ဦးရဲ့ ကြွယ်ဝချမ်းသာမှုအကြောင်းတွေဟာလည်း စိတ်ဝင်စားတဲ့ အကြောင်းအရာတစ်ခုအဖြစ် ပါဝင်နေပါတယ်။ SPORTINGFREEသတင်းဌာနရဲ့ ၂၀၂၁ခုနှစ်မှာနောက်ဆုံး တွက်ချက်ဖော်ပြထားတဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ နှစ်ဦးရဲ့ အသားတင်ကြွယ်ဝချမ်းသာမှုနဲ့ လစာရရှိမှုတို့ကို ဖော်ပြပေးသွားမှာပါ။
Photo: Oh My Football
ခရစ္စတီယာနိုရော်နယ်ဒို
ရော်နယ်ဒိုဟာ အသက် ၃၆နှစ်ရှိပြီဖြစ်ပေမယ့်လည်း အီတလီကလပ် ဂျူဗင်တပ်အသင်းမှာ တစ်နှစ် အမြတ်ငွေ ဒေါ်လာ သန်း ၇၀ နီးပါး ရရှိနေပြီး ဒါဟာ စီးရီးအေရဲ့ သာမာန် ကစားသမား ၄ဦးပေါင်း အမြတ်ငွေနဲ့ တူညီနေ တယ်လို့သိရပါတယ်။ ဒါ့အပြင် Nike နဲ့ ချုပ်ဆိုထားတဲ့ တစ်သက်တာ စာချုပ်အပါအဝင် အခြား ကုပစ္စည်း ကြော် ငြာခတွေကနေလည်း တစ်နှစ်ကို ဒေါ်လာ ၄၇သန်းလောက် ထပ်မံ ရရှိနေပြန်ပါသေးတယ်။ တွက်လိုက်မယ်ဆိုရင် တော့ ဒေါ်လာ ၁ဘီလီယံလောက် နှစ်စဥ် ဝင်ငွေ ရရှိနေသူပေါ့။
ဒါတင်ပဲလားဆိုတော့ မပြီးသေးပါဘူး။ရော်နယ်ဒိုဟာ ကိုယ်ပိုင် ကုမ္ပဏီတွေလည်း ပိုင်ဆိုင်ထားပြီး ဟိုတယ်တွေ၊ အပန်းဖြေစခန်းတွေ၊ အခြားနာမည်ကြီး ကုမ္ပဏီတွေနဲ့လည်း သံတမန်စာချုပ်ပေါင်းများစွာပိုင်ဆိုင်ထားပါသေး တယ်။ ဒါ့အပြင် လူမှုကွန်ယက် အင်စတာဂရမ်မှာလည်း ပို့စ်တစ်ခုတင်လိုက်တိုင်း ဒေါ်လာ ၈သိန်းကျော် ၉သိန်း နိးပါး ရရှိနေပြန်သူပါ။ နှစ်စဥ်ဝင်ငွေတစ်ခုလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင်တော့ ရော်နယ်ဒိုဟာ တစ်နှစ်ကို ဝင်ငွေ ရလမ်းအားလုံးကနေ ဒေါ်လာ ၁၁၇သန်း ဝန်းကျင် ရရှိနေသူတစ်ဦးပါ။
Photo: Oh My Football
လီယွန်နယ်မက်ဆီ
ဘာစီလိုနာအသင်းနဲ့ ခွဲမရတဲ့ လီယွန်နယ်မက်ဆီဟာ မနှစ်က ဘာစီလိုနာကနေ မပြောင်းဖို့အတွက် ဥက္ကဌဟောင်း ဖြစ်သူ ဘာတိုမြူဟာ ဒေါ်လာ ၉၂သန်းနဲ့ ထိန်းခံရသူပါ။အခြား စာချုပ်စာတမ်းတွေကနေလည်း ဒေါ်လာ ၃၄သန်း လောက်ရရှိနေပါသေးတယ်။မက်ဆီဟာ ရော်နယ်ဒိုရဲ့ ပြိုင်ဖက် ပီပြီ တစ်သက်တာ စာချုပ်သဘောတူညီခွင့်ကို Nike ရဲ့ ပြိုင်ဖက် Adidasကနေ ရထားပါတယ်။ ဒီတန်ကြေးတွေ ဘယ်လောက်ရှိလဲဆိုတာတော့ အပြင်ကို ထုတ် မပြလို့ မသိရပါဘူး။ ဒါ့အပြင် မက်ဆီဟာ Pepsi, Gilletteတို့လို ထိပ်တန်း ကုမ္ပဏီတွေအပြင် တူရကီ လေ ကြောင်း လိုင်းနဲ့ပါ စာချုပ်ချုပ်ဆိုထားသူပါ။
ရော်နယ်ဒိုနည်းတူ သူ ရှယ်ယာပိုင်ဆိုင်ထားတဲ့ ဟော်တယ်ပေါင်းများစွာရှိနေပြီး အတိအကျကိုတော့ ဖော်ပြထာ တာမတွေ့လို့ မသိရပါဘူး။ အဲ့တော့ အဆုံးသတ်မှာ နှစ်ဦး ကြွယ်ဝမှုကို တိုင်းတာပါဆိုရင်တော့ နှစ်စဥ် Forbes’s ရဲ့ အကြွယ်ဝ အချမ်းသာဆုံး ဘောလုံးသမားစာရင်းမှာတော့ ထိပ်ဆုံးက အမြဲပါနေသူ နှစ်ဦးလို့ပဲ ဆိုရမှာပါ။ အဆုံး သတ်မှာ မှားယွင်းတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မပြုလုပ်မိစေဖို့နဲ့ ရှေ့မှာ ဘဝပျက်ခဲ့ကြတဲ့ ရီဆာ၊ရော်နယ်ဒင်ဟို၊အီဘို ယေးတို့လို ကမ္ဘာကျော် ဘောလုံးသမားတွေကို စံနမူနာယူပြီး ဘောလုံးသမားဘဝရဲ့ အခြားတစ်ဖက်မှာလည်း ဥစ္စာ ဓနတွေကို နည်းမှန် လမ်းမှန် သုံးတတ်ကြဖို့ပဲ မျှော်လင့်ရမှာပါ။