circular camera bumps တွေနဲ့လာတာပါ

Google services နဲ့ apps တွေ သုံးခွင့်မရတဲ့ Huawei flagship ဖုန်းသစ်ကို ကြေညာလိုက်ပါတယ်။

               တရုတ်ဈေးကွက်မှာ နောက်ဆုံးပေါ် Huawei ဖုန်းသစ်တွေ ဖြစ်တဲ့ P50 နဲ့ P50 Pro တို့ကို မိတ်ဆက်သွားတာ ဖြစ်ပါတယ်။ အမေရိကန် sanctions ကြောင့် P50 တွေဟာ အရင်နှစ်က P40 မော်ဒယ်တွေထက် နောက်ကျပြီးမှ ထွက်နိုင်ခဲ့တာပါ။ ဒီဖုန်းတွေဟာ ကုမ္ပဏီရဲ့ ကိုယ်ပိုင် HarmonyOS စနစ်နဲ့ ဖြန့်ချိလာတဲ့ ပထမဆုံး အထင်ကရမော်ဒယ်တွေလည်း ဖြစ်ပါတယ်။ Huawei P series တွေရဲ့ ထုံးစံအတိုင်း ကင်မရာဒီဇိုင်းဟာ အ‌တော်လေး ကွဲပြားဆန်းသစ်မှု ရှိနေပါတယ်။



               တရုတ်ပြင်ပဈေးကွက်ထဲ ဝင်မယ့် Huawei P50/P50 Pro တို့မှာလည်း Google apps & services ပါလာမှာ မဟုတ်ဘူးလို့ Huawei က ဆိုပါတယ်။ Android စနစ်အစား ကိုယ်ပိုင် HarmonyOS ဆော့ဖ်ဝဲလ်နဲ့ ပွဲထုတ်လာတာပါ။ ကုမ္ပဏီကနေ ထုတ်ပြန်တဲ့ spec sheets အရ Huawei P50 နဲ့ P50 Pro ဗားရှင်းတစ်မျိုးမှာ Qualcomm ရဲ့ Snapdragon 888 SoC သုံးမယ်လို့ ဆိုပါတယ်။


Photo; gadget-news


               ပြီးခဲ့တဲ့နှစ်ကပဲ Qualcomm ဟာ Huawei ကို chips ရောင်းချခွင့် ပါမစ်ရထားတာ ဖြစ်ပါတယ်။ P50 Pro ဟာ Huawei ရဲ့ ကိုယ်ပိုင် Kirin 9000 processor နဲ့လည်း ဗားရှင်းတစ်မျိုး ထွက်ထားပါတယ်။ P50 Pro ဟာ RAM 8GB/12GB နဲ့လာပြီး internal storage 512GB အထိ ပါရှိမှာပါ။ P50 ရိုးရိုးကတော့ RAM 8GB ကနေ 256GB storage အထိ ထွက်လာမှာ ဖြစ်ပါတယ်။

               ထူးဆန်းတာက Huawei ရဲ့ နောက်ဆုံးပေါ် flagship ဖုန်းတွေမှာ 5G အကြောင်း ပြောမထားတာပါပဲ။ ဖုန်းမိတ်ဆက်ပွဲမှာ ကုမ္ပဏီရဲ့ consumer business CEO ရစ်ချတ်ယုက "ကန်ပိတ်ဆို့အရေးယူမှုကြောင့် 5G ဖုန်းတွေ အလှမ်းဝေးသွားပါတယ်။ chip design ကနေ 5G module ကို ဖယ်ရှားပြီး 4G နဲ့ သွားဖို့ ဖြစ်လာပါတယ်" လို့ ပြောထားပါတယ်။ အမေရိကန်အစိုးရရဲ့ sanction ဟာ Huawei ကို ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်းထုတ်လုပ်သူအဖြစ်ကနေရော တရုတ်ထိပ်တန်းစမတ်ဖုန်း Brand အဖြစ်ကနေပါ လျော့ကျစေခဲ့ပါတယ်။

               P50 Pro ဟာ ၆.၆ လက်မ 120Hz 1228p OLED display နဲ့ P50 ဟာ ၆.၅ လက်မ 90Hz 1224 OLED display နဲ့ လာပါတယ်။ ဘက်ထရီပါဝါအနေနဲ့ ရိုးရိုးမော်ဒယ် 4100 mAh နဲ့ Pro ဗားရှင်း 4360 mAh သုံးလာပြိး နှစ်မျိုးစလုံးဟာ 66W fast charging နဲ့ IP68 rating ပါလာပါတယ်။ Huawei P50 Pro မှာ 50W wireless charging ပံ့ပိုးပေးထားပါတယ်။ အနောက်ဘက် ကင်မရာအိမ်ဟာ ဧရာမစက်ဝိုင်းပုံကင်မရာအိမ်နှစ်ခုနဲ့လာပြီး ကျောဘက် ကင်မရာ ၄ လုံး သုံးထားပါတယ်။

               


Photo: techidence


               ကင်မရာအနေနဲ့ Huawei P40 Pro ရဲ့ ကျောဘက်မှာ 50MP Main sensor ၊ 3.5x optical zoom ပါ 64MP telephoto ကင်မရာ ၊ 40MP monochrome နဲ့ 13MP ultra-wide lensတို့ သုံးထားပါတယ်။ Huawei P40 မှာလည်း Circular Camera Bump ဒီဇိုင်းနဲ့ လာပြီး ကင်မရာ ၃ လုံးပဲ သုံးထားတာပါ။ main sensor 50MP ၊ 5x optical zoom ပါ 12MP telephoto နဲ့ 13MP ultrawide တို့ ဖြစ်ပါတယ်။ ဖုန်းနှစ်မျိုးစလုံးဟာ 13MP selfie ကင်မရာသုံးထားပါတယ်။

               ဈေးနှုန်းအနေနဲ့ Pro မော်ဒယ် RAM 8GB/128GB storage ကို ၅၉၈၈ ယွမ် (မြန်မာငွေ ၁၅ သိန်းကျော်) ဈေးနဲ့ လာမယ့် ဩဂုတ်လ ၁၂ ရက်နေ့ တရုတ်မှာ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ P50 (RAM 8GB/128GB storage) ကတော့ ၄၄၈၈ ယွမ် (မြန်မာငွေ ၁၁ သိန်းခွဲခန့်) ဈေး သတ်မှတ်ထားပြီး စက်တင်ဘာလထဲ ရောင်းချသွားမှာပါ။ တရုတ်ပြင်ပဈေးကွက်ထဲ ဖြန့်မယ့်ရက်တော့ မသိရ‌သေးပါဘူး


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က