ပရီးမီးယားလိဂ်ဆိုတာ အချို့ ကမ္ဘာကျော် ဘောလုံးသမားတွေရဲ့ အိမ်လို့လည်း ပြောနိုင်ပါတယ်။
ဘောလုံးပွဲ ပရိသတ်တွေအနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ပွဲစဥ်ကောင်းတွေနဲ့ သွင်းဂိုးတွေကို မြင်ချင်တယ်ဆိုရင် ပရီးမီးယားလိဂ်က အဆင်သင့်ပါပဲလို့တောင် တင်စားနိုင်ပါတယ်။ဒါကြောင့်လည်း ပရီးမီးယားလိဂ်မှာ နာမည်ကျော် ကစားသမားတွေ အဓိက စုဝေးနေကြပြီး အဲ့ဒီထဲမှာမှ ပရီးမီးယားလိဂ်သမိုင်းမှာ ထိပ်တန်း တိုက်စစ်မှူး ၅ ဦးက တော့
Photo: Goal.com
ဆာဂျီယို အဂူရို(မန်စီးတီး)
အဂူရိုကတော့ တစ်ကမ္ဘာလုံးက မန်စီးတီး ပရိသတ်တွေရဲ့ အသည်းကျော်လို့ ဆိုရမှာပါ။၂၀၁၁ခုနှစ်က မန်စီး တီးကို ရောက်လာပြီး ၁၀နှစ်ကြာ အသင်းမှာ ကျင်လည်ခဲ့သူပါ။၂၇၅ပွဲမှာ လိဂ်သွင်းဂိုး ၁၈၄ဂိုးထိ သွင်းယူနိုင် ခဲ့ ကာ အသင်းကို အဓိက တိုက်စစ်မှူးအဖြစ် ၁၀နှစ်လုံးလုံး မောင်းနှင်ခဲ့သူပါ။ မန်စီးတီးကို နှစ်ပေါင်း များစွာ ဝေးကွာ နေတဲ့ ပရီးမီးယားလိဂ်ဆုဖလားကို စတင်ပိုင်ဆိုင်နိုင်စေမယ့် သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ အဂူရိုဟာ သူ ထွက် ခွာသွားချိန်မှာတော့ အမှတ်ပေးဖလာား ၅ကြိမ်၊လိဂ် ရှုံးထွက်ဖလား ၆ကြိမ်အက်ဖ်အေဖလား ၁ကြိမ်တို့ကို ပိုင်ဆိုင် သွားနိုင်ခဲ့ပါတယ်။
Photo: Bleacher Report
ခရစ္စတီယာနို ရော်နယ်ဒို(ယူနိုက်တက်)
ပရီးမီးယားလိဂ်မှာ ၆နှစ်ပဲ ကစားသွားတဲ့ ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးဆုကို ယူနိုက်တက်နှင့်အတူ စတင် ရယူပြနိုင်ခဲ့ပါတယ်။ ၂၀၀၃ခုနှစ်က စပို့တင်းကနေ ယူနိုက်တက်ကို စရောက်တော့ အလိမ်အခေါက် စကေး တစ် ပေါက် လျှမ်းလျှမ်းတောက်ပြသနိုင်ခဲ့လို့ ပရိသတ် အမြင်ဆန်းစေခဲ့သူပါ။ ဒါပေမယ့် ရောက်ရောက်ချင်း ၃နှစ်ဆက် လောက်မှာတော့ သူဟာ ကမ္ဘာ့ အကောင်းဆုံးကစားသမားတစ်ဦးဆိုတဲ့ အရည်အချည်းကို မပြသနိုင်ခဲ့ပါဘူး။ ၂၀၀၆-၀၇ ရာသီက စတင်ပြီးတော့ ရော်နယ်ဒိုဟာ ပိုပိုကောင်းလာပါတော့တယ်။ကွင်းလယ်ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း လိဂ် ၃၄ပွဲပါဝင်ကစားနိုင်ကာ ၁၇ဂိုးထိသွင်းယူပြပြီး ယူနိုက်တက်ကို အမှတ်ပေး ချန်ပီယံ ဖြစ်စေ ခဲ့သူပါ။ အဲ့နောက် တစ်စထက်တစ်စ ခြေစွမ်းပိုမို မြင့်မားလာသလို ပြင်းထန် အားပါတဲ့ ဂိုးကန်သွင်းချက် တွေ လျင်မြန်တဲ့ ပြေးလွှားမှုတွေ၊တိကျတဲ့ ဖြတ်တင်ဘောတွေနှင့်အတူ ရော်နယ်ဒိုဟာ နာမည်ကျော်လာပါတော့ တယ်။ ၂၀၀၈ခုနှစ်မှာတော့ ယူနိုက်တက်နှင့်အတူ ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကိုလည်း စတင်ပိုင်ဆိုင်နိုင်ခဲ့ပါတော့တယ်။
ဝိန်းရွန်နီ(ယူနိုက်တက်၊အဲဗာတန်)
Photo: The Telegraph
ရွန်နီကတော့ ယခုဖော်ပြတဲ့ ပရီးမီးယားလိဂ် အကောင်းဆုံး တိုက်စစ်မှူး ၅ဦးစာရင်းရဲ့ ၃ဦးမြောက် ကစားသမား ပါ။ ၂၀၀၄ခုနှစ်မှာ အဲဗာတန်ကနေ ယူနိုက်တက်ကို ရောက်ရှိလာပြီး အသင်းနှင့်အတူ ပွဲပေါင်း ၅၅၉ပွဲ ကစားပြီး ဂိုးပေါင်း ၂၅၃ဂိုးသွင်းယူကာ ဆုဖလားပေါင်း ၁၆လုံး ပိုင်ဆိုင်နိုင်ခဲ့သူပါ။
၂၀၁၇ခုနှစ်မှာတော့ အသင်းဟောင်း အဲဗာတန်ကို ပြန်လည်ပြောင်းရွှေ့သွားခဲ့ပြီး အဲ့နောက်မှာတော့ ဒါဘီ အသင်းမှာ ကစားသမား နည်းပြအဖြစ်နဲ့ မလုပ်ကိုင်ခင် မေဂျာလိဂ်က ဒီစီယူနိုက်တက်အသင်းမှာ သွားကစားခဲ့ပါသေးတယ်။နောက်မှ ဒါဘီကို ရောက်လာပြီး ကစားသမား-နည်းပြအဖြစ်နဲ့ လုပ်ကိုင်ရင်း ကစား သမားဘဝကို အဆုံးသတ်ခဲ့ပါတယ်။ ရွန်နီဟာ ပရီးမီးယားလိဂ်ရဲ့ မမေ့နိုင်စရာ ထိပ်တန်း တိုက်စစ်မှူးတွေထဲက တစ်ဦး အဖြစ် အမြဲ ပါဝင်နေရမယ့်သူတစ်ဦးလည်း ဖြစ်သလို အံ့အားသင့်ဖွယ် သွင်းဂိုးအချို့ကိုလည်း သွင်းယူ ပိုင် ဆိုင်ခဲ့သူပါ။
Photo: The Irish Sun
အလန်ရှီးယား(ဘလက်ဘန်း၊ နယူးကာဆယ်)
ဆောက်သမ်တန်နဲ့စခဲ့ပြီး နယူးကာဆယ်နဲ့ အဆုံးသတ်ခဲ့တဲ့ ရှီးယားဟာလည်း အင်္ဂလန်ရဲ့ ထိပ်တန်း တိုက်စစ် မှူး စာရင်းထဲမှာ မပါမဖြစ်ပါ။ နယူးကာဆယ်မရောက်ခင် ကြားကာလ ဘလက်ဘန်းမှာ ၄နှစ် ကျင်လည်ခဲ့စဥ်က ၁၃၈ ပွဲမှာ လိဂ်ဂိုး ၁၁၂ဂိုးထိ ခြေစွမ်းပြ သွင်းခဲ့သူပါ။ တစ်ရာသီအတွင်း ဂိုး၃၀နှင့်အထက်ကို ၃ရာသီဆက်တိုက် သွင်းယူ ပြခဲ့တဲ့ တိုက်စစ်မှူးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ တိုက်စစ် ဦးဆောင်မှုနှင့်အတူ ဘလက်ဘန်းကို ၉၄-၉၅ရာသီမှာ လိဂ် ချန်ပီယံ ဖြစ်စေခဲ့သူပါ။အဲ့နောက် နယူးကာဆယ်ကို ပြောင်းလာပြီး ကစားသမားဘဝ အနားယူချိန်အထိ ၁၀နှစ် ကြာ အသင်းမှာ ကစားခဲ့ပါတယ်။ ၃၀၃ပွဲမှာ ဂိုးပေါင်း ၁၄၈ဂိုးသွင်းယူပြနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ မေ့လို့ မရတဲ့ ထိပ်တန်း တိုက်စစ်မှူး တစ်ဦးအဖြစ် အမြဲရှိနေမယ့်သူပါ။
Photo: Arsenal.com
သီယာရီ အွန်နရီ(အာဆင်နယ်)
၉၉မှာ ဂျူဗင်တပ်ကနေ အာဆင်နယ်ကို ပြောင်းလာပြီး အသင်းနှင့်အတူ ၈နှစ်ကြာ ကစားခဲ့ရာမှာတော့ အွန်နရီဟာ အငြင်းပွားဖွယ်ရာမရှိတဲ့ ပြီးပြည့်စုံလှတဲ့ တိုက်စစ်မှူးကောင်းဆိုတာ အသေအချာပါပဲ။ တကယ်တော့ အွန်နရီက တိုက်စစ်မှူး စစ်စစ်ကြီးတော့ မဟုတ်ပါဘူး။တောင်ပံ ကစားသမားတစ်ဦးဖြစ်တဲ့ အွန်နရီ ကို အမြင်စူးရှလှတဲ့ နည်းပြကြီး ဝင်းဂါးက တိုက်စစ်မှာ အသက်သွင်းခဲ့ရာမှ အွန်နရီဟာ ဂိုးသွင်းစက် ဖြစ်လာပါ တော့တယ်။ ပထမဆုံး အသင်းနှင့်ကစားတဲ့ ရာသီမှာပဲ ၁၇ဂိုးသွင်းပြပြီး တပ်လှန့်လိုက်ပါတော့တယ်။ နောက်ထပ် ရာသီမှာလည်း ၁၇ဂိုးထပ်သွင်းပြီးလိဂ်ဖလားနဲ့ အက်ဖ်အေဖလားကို သိမ်းပိုက်ခဲ့ပါတယ်။ နောက်ထပ် ၅နှစ် ဆက်တိုက် ကလပ်အသင်းနှင့်အတူ စံချိန်မှတ်တမ်းကောင်းများစွာကို ချိုးဖျက် ပိုင်ဆိုင်ပြခဲ့ပြီး ၅ရာသီဆက် ဂိုး ၂၀ နှင့်အထက် သွင်းပြပြီး ပြိုင်စံရှား တိုက်စစ်မှူးဘွဲ့ကို ခံယူပြခဲ့ပါတယ်။ တစ်ဦးချင်း ထူးချွန်မှုတွေကြောင့်လည်း ပရီး မီးယားလိဂ် ရွှေဖိနပ်ဆုကို ၄ကြိမ်ဆွတ်ခူးနိုင်ခဲ့ပြီး ၀၃-၀၄ခုနှစ်မှာတော့ အသင်းနှင့်အတူ ရှုံးပွဲမရှိ စံချိန်နဲ့ လိဂ်ဆုဖ လားကို ဆွတ်ခူးပြနိုင်ခဲ့ပါတယ်။