အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ လေဗာကူဆင်အတွက် ပြီးခဲ့တဲ့ဘောလုံးရာသီတွေမှာ ခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်ကာ မထင်မှတ်ဘဲ ဗီလာကို ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ထိပ်တန်းအသင်းကြီးတွေရဲ့ ပစ်မှတ်ကစားသမားဖြစ်ခဲ့ဖူးတဲ့ လေဗာကူဆင်တောင်ပံကစားသမား လီယွန်ဘိုင်လေကို ပေါင်သန်း ၃၀ နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ လေဗာကူဆင်အတွက် ပြီးခဲ့တဲ့ဘောလုံးရာသီတွေမှာ ခြေစွမ်းပြကစားနိုင်ခဲ့သူဖြစ်ကာ မထင်မှတ်ဘဲ ဗီလာကို ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။
ဂျမေကာရဲ့ အဖိုးတန်ကစားသမားတစ်ဦးဖြစ်ပြီး တာတိုအပြေးဘုရင် အူစိန်ဘော့ကြောင့် ထင်ရှားတဲ့ နိုင်ငံမှာ ဘို်င်လေက ဘောလုံးရဲ့ အူစိန်ဘော့လို့လည်း တင်စားခံခဲ့ရသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဘွန်ဒက်လီဂါမှာ လေဗာကူဆင်အတွက် ၁၅ ဂိုး သွင်းယူပေးခဲ့ပြီး ဂျာမန်ကလပ်အတွက် ဂိုးအများဆုံးသွင်းပေးနိုင်ခဲ့တဲ့ ဘောလုံးရာသီလည်း ဖြစ်ခဲ့ပါတယ်။
ဘိုင်လေကို ခေါ်ယူနိုင်ခဲ့ပြီလို့ ဗီလာအသင်းကလည်း သူတို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကနေ အတည်ပြုခဲ့ပါတယ်။ အပြောင်းအရွှေ့ကိစ္စရပ်အားလုံးကို ပြီးစီးအောင်လုပ်နိုင်ခဲ့ပြီဖြစ်ကာ ဆေးစစ်မှုသာ ပြုလုပ်ဖို့ ကျန်ရှိတော့တာလည်းဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်အပတ်အတွင်း ဘိုင်လေက အင်္ဂလန်ကိုလာရောက်ပြီး ဆေးစစ်မှုခံယူမှာဖြစ်ကာ ဗီလာကစားသမားအဖြစ် ကြေညာနိုင်တော့မှာလည်းဖြစ်ပါတယ်။
ဗီလာကတော့ နော်ဝှစ်ချ်အသင်းရဲ့ ကြယ်ပွင့်ကစားသမားဘူဒီယာကိုလည်း ခေါ်ယူထားပြီးဖြစ်ပါတယ်။ ဘိုင်လေပါ ထပ်မံရောက်ရှိလာခဲ့တာဖြစ်လို့ ဗီလာရဲ့ လူစာရင်းက ပိုမိုတောင့်တင်းလာခဲ့ပြီလည်းဖြစ်ပါတယ်။ ဒါပေမယ့် တဖက်မှာတော့ အသင်းခေါင်းဆောင်ဂရီလစ်ရှ်ကို မန်စီးတီးအသင်းဆီ ရောင်းချသွားဖို့ ဖြစ်နိုင်ချေက ပိုမိုမြင့်မားလာပြီဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေခဲ့ပြီး မန်စီးတီးကမ်းလှမ်းထားတဲ့ ပေါင်သန်း ၁၀၀ ကို လက်ခံသွားဖွယ်ရှိနေပါတယ်။