ကိုဗစ် ကာကွယ်ဆေး မထိုးချင်သူတွေ ပါဝင်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေပါ။

ကိုဗစ် ကာကွယ်ဆေး မထိုးချင်တဲ့ ကစားသမားတွေကြောင့် ကျန် ကစားသမားတွေ Qဝင်ရဖို့ရှိနေပြီး ကလပ် အသင်းတွေလည်း နစ်နာနိုင်ပါတယ်။

မကြာခင် စတင်တော့မယ့် ၂၀၂၁-၂၂ ဘောလုံးရာသီသစ် အစမှာတော့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံရှစ် ပြိုင်ပွဲတွေမှာ နာမည်ကျော် ကစားသမာားတွေ ပွဲထွက် ပါဝင်လာနိုင်ဖို့ မရှိပဲ ဖြစ်နေပါတယ်။



အကြောင်းကတော့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံရှစ်က နာမည်ကျော် ကစားသမားအများစုဟာ ကိုဗစ် ကာကွယ်ဆေး ထိုးဖို့ ငြင်းဆန်ထားကြပါတယ်။

ကစားသမားတွေဟာ ပုဂ္ဂိုလ်ရေး အကြောင်းပြချက်နဲ့ မထိုးချင်သူတွေ ရှိသလို ဘာသာရေး ယုံကြည်မှုအရ မထိုး ချင်ကြသူတွေလည်း ရှိနေပါတယ်။

နောက်တစ်ပတ်မှာ စတင်တော့မယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ကလပ်အသင်းတစ်သင်းမှ ကစားသမားတစ်ဦးက ကာကွယ်ဆေး ထိုးဖို့ ငြင်းဆန်ထားခြင်း ရှိပါက ကျန် ကစားသမား အကုန်လုံးနဲ့ နည်းပြအဖွဲ့ဝင်အားလုံး ပွဲ မကစားခင် သီးသန့် နေထိုင် ပေးကြရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့တုန်းကဆိုရင်လည်း ယူနိုက်တက်အသင်းဟာ ပရက်စ္စတန်အသင်းနဲ့ ခြေစမ်းပွဲကို ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့တာ ရှိပါတယ်။

အကြောင်းကတော့ ယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ကိုဗစ် သံသယ ဖြစ်ပေါ်ခဲ့တာကြောင့် ဖြစ်ပါ တယ်။

ဒါကြောင့် ကာကွယ်ဆေးထိုးဖို့ စီစဥ်နေတာ ဖြစ်ပေမယ့်လည်း ကမ္ဘာပေါ်က အယူအဆအမျိုးမျိုးနဲ့ တစ်ဦးချင်းစီရဲ့ ပုဂ္ဂိုလ်ရေး ဆုံးဖြတ်ချက်တွေအရ ပရီးမီးယားလိဂ်ဟာ ကိုဗစ်ကာလကို တခမ်းတနား စတင်ဖို့ ခက်ခဲနေပါသေး တယ်။

ဒီ ဆုံးဖြတ်ချက်တွေရဲ့ အကျိုးဆက်ဟာ ဘယ်လိုပုံစံမျိုး ဖြစ်လာမလဲ ဆိုတာကတော့ အပူတပြင်း စောင့်ကြည့်ရ မယ့် အနေအထားမှာ ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က