ဒူးဒဏ်ရာကြောင့် ၉ လကျော် အနားယူခဲ့ရတာပါ။

အသက် ၃၀ အရွယ် နေက်ခံလူဟာ ခွဲစိတ်ကုသမှုတွေခံယူခဲ့ရပြီးနောက် ကြံ့ခိုင်မှုပြည့်ဝအောင် အနားယူကြိုးစားခဲ့ရပြီး ရာသီသစ်မစခင်မှာပဲ ပြန်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။


လီဗာပူးလ်အသင်းရဲ့ နောက်ခံလူဟောင်းဂျင်မီကာရေဂါက အသင်းအတွက် ဗန်ဒိုက်ပြန်လည်ကစားပေးနိုင်တာက လီဗာပူးလ်ကို ပရီးမီးယားလိဂ်ဖလား နောက်တစ်ကြိမ် အလိုအလျောက်ရရှိစေတာမျိုးမဟုတ်ဘူးလို့ သတိပေးပြောဆိုလိုက်ပါတယ်။ ဗန်ဒိုက်ဟာ ဒဏ်ရာကြောင့် ၉ လကြာအနားယူခဲ့ရပြီးနောက် ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ဟာသာဘာလင်နဲ့ပွဲမှာ အသင်းအတွက် လူစားဝင်ကစားပေးခဲ့ပြီး မြက်ခင်းပြင်ပေါ် ပြန်ခြေချနိုင်ခဲ့ပါတယ်။

အသက် ၃၀ အရွယ် နေက်ခံလူဟာ ခွဲစိတ်ကုသမှုတွေခံယူခဲ့ရပြီးနောက် ကြံ့ခိုင်မှုပြည့်ဝအောင် အနားယူကြိုးစားခဲ့ရပြီး ရာသီသစ်မစခင်မှာပဲ ပြန်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဟာသာဘာလင်နဲ့ပွဲမှာတော့ လီဗာပူးလ်တို့ ၄-၃ နဲ့ အရေးနိမ့်ခဲ့ပြီး ဗန်ဒိုက်လည်း ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိပါဘူး။ လီဗာပူးလ်အနေနဲ့ ၂၀၁၉-၂၀ ဘောလုံးရာသီက အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး အဆိုပါရာသီက ခြေစွမ်းမျိုးကို ပြန်ရဖို့တော့ ဗန်ဒိုက်အတွက် အချိန်ယူရဦးမှာဖြစ်ပါတယ်။ 


"ကျွန်တော်တို့ ဂရုစိုက်ဖို့ လိုအပ်နေပြီး ယာဂင်ကလော့ပ်လည်း ဒါကို စဉ်းစားမိမယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဗန်ဒိုက်ပြန်ကစားပေးနိုင်တာက လီဗာပူးလ်က ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အလိုအလျောက်ရရှိသွားတာမျိုးမဟုတ်ဘူးဆိုတာကို နားလည်ထားရပါမယ်၊ သူက တကယ်ကို ပြင်းထန်ဆိုးဝါးတဲ့ ဒဏ်ရာရရှိခဲ့တာပါ၊ သူ မြန်မြန်ပြန်လာမှာမဟုတ်ဘူးဆိုတာကို သေချာအောင်လုပ်ရပါမယ်၊ အကောင်းဆုံးပြန်လာနိုင်ရင်တော့ သူက ဘောလုံးလောကရဲ့ အကောင်းဆုံးဗဟိုခံစစ်မှူးပါပဲ"


"သူ ရာသီအဖွင့်ပွဲကို မပါဝင်နိုင်တာက ကမ္ဘာကြီးပြီးဆုံးသွားတာမှမဟုတ်တာ၊ သူ ရာနှုန်းပြည့်ကောင်းမွန်အောင် လုပ်ဖို့က ပိုပြီးအရေးကြီးပါတယ်၊ ဒါဆိုရင် သူ့အနေနဲ့ နောက်ထပ် ငါးနှစ်၊ ခြောက်နှစ်လောက် လီဗာပူးလ်မှာ ထိပ်တန်းအဆင့်နဲ့ ရှိနေမှာပါ" လို့ ကာရေဂါက ပြောဆိုခဲ့ပါတယ်။ လီဗာပူးလ်ကတော့ ရာသီသစ်အတွက် လိုက်ဇစ်နောက်ခံလူ ကိုနာတီကို ပေါင် ၃၆ သန်းနဲ့ ခေါ်ယူထားပြီး ကာရေဂါကတော့ တိုက်စစ်ပိုင်းအတွက် ကစားသမားသစ်ထပ်မံခေါ်ယူဖို့လည်း တိုက်တွန်းခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 

Share

က္က