Personal Data တွေကို ဖုန်းထဲမှာချည်း သိမ်းထားတာထက် Cloud ပေါ်တင်ပြီး သိမ်းထားတာ ပိုအဆင်ပြေပါတယ်။

ဖုန်းကင်မရာတွေက သိပ်ကောင်းလာတဲ့အခါ High Quality ရိုက်ထားတဲ့ ဓါတ်ပုံပေါင်း ထောင်ချီအတွက် ထားစရာနေရာ စဉ်းစားလာရပါတယ်။

           ပုံမှန်အားဖြင့် ခေတ်ပေါ် စမတ်ဖုန်းတွေမှာ internal storage အနေနဲ့ 128GB , 256GB တွေ အတွေ့များပါတယ်။ low-end ဖုန်းတွေမှာ 64GB storage ကနေ စပါတတ်ပြီး High-end ဖုန်းတွေမှာ အများဆုံး 512GB အထိ ရှိတတ်ပါတယ်။ ဒီဘက်ခေတ်မှာ ဒေတာသုံးစွဲမှု နဲ့ သိုလှောင်မှုက သိပ်မြင့်ပါတယ်။ Memory Intensive ဖြစ်တဲ့ Apps တွေ ဂိမ်းတွေနဲ့ System Resources သုံးစွဲမှုကို ဖယ်လိုက်ရင် ဖုန်းတစ်လုံးဟာ Memory Drive တစ်ခုလို သုံးဖို့ သိပ်မကောင်းတာ တွေ့ရပါလိမ့်မယ်။


           အထူးသဖြင့် ဓါတ်ပုံလိုမျိုး အမှတ်တရတွေနဲ့ ဆိုင်တဲ့ အရေးကြီး Personal Data တွေကို ဖုန်းထဲမှာချည်း သိမ်းထားတာထက် Cloud ပေါ်တင်ပြီး သိမ်းထားတာ ပိုအဆင်ပြေပါတယ်။ ဒေတာပျက်တာတွေလည်း သက်သာပြီး ရောက်လေရာကနေ ဝင်ကြည့်နိုင်လို့ စိတ်ချရပါတယ်။ Cloud အခြေခံတဲ့ Storage Services တွေ အများကြီး ရှိပါတယ်။ ဒီတစ်ခေါက်မှာ ဓါတ်ပုံတွေ သိမ်းဖို့အတွက် Photo-Storage Services ကောင်းလေးတွေ ညွှန်းပေးချင်ပါတယ်။


(၁) Google Photos


Photo: Ariase

        

           Google Photos ပလက်ဖောင်းပေါ်မှာ လာသိမ်းထားတဲ့ ဓါတ်ပုံအရေအတွက်ဟာ ၄ ထရီလီယံကျော် (ဘီလျံ ၄၀၀၀ ကျော်) တောင် ရှိခဲ့ပါတယ်။ Google ရဲ့ ထုတ်ပြန်ချက်အရဆို တစ်ပတ်မှာ ဗွီဒီယိုနဲ့ ဓါတ်ပုံသစ်ပေါင်း ၂၈ ဘီလျံလောက် Google Photos ပေါ် ရောက်လာနေတာပါ။ အရင်နှစ်ကအထိ Google Photos က ဓါတ်ပုံနဲ့ ဗွီဒီယိုတွေ စိတ်ကြိုက် Unlimited သိမ်းထားလို့ရတဲ့ ပလက်ဖောင်းဖြစ်ခဲ့ပါတယ်။

            အန်းဒရိုက်သမားတွေအကြိုက် Photo-Storage သွားသိမ်းခဲ့ကြတဲ့ နေရာလည်း ဖြစ်ပါတယ်။ နောက်တော့ Google Photos မှာ storage policy ပြောင်းသွားပါတယ်။ ၂၀၂၁ ဇွန် ၁ ရက်နေ့က စပြီး Google အကောင့်တိုင်းအတွက် ဓါတ်ပုံနဲ့ ဗွီဒီယို သိမ်းတာကို 15GB အထိပဲ Free ပေးမယ်လို့ ဆိုပါတယ်။ Google ထုတ် Pixel ဖုန်းတွေ ကိုင်တဲ့သူတွေအတွက်ကတော့ Google Photos မှာ ဓါတ်ပုံတွေ Unlimited သိမ်းလို့ ရမယ့် အားသာချက် ရှိနေဆဲ ဖြစ်ပါတယ်။

           တကယ်လို့ Storage ထပ်တိုးချင်ရင် Google ရဲ့ အခပေး storage service တစ်ခု ဖြစ်တဲ့ Google One မှာ လစဉ်ကြေးပေးပြီး သွားသိမ်းလို့ ရမှာပါ။ Google One plan မှာ တစ်လ ၂ ဒေါ်လာ (တစ်နှစ် ဒေါ်လာ ၂၀) နဲ့ 100GB ကနေ တစ်လ ၁၀ ဒေါ်လာ (တစ်နှစ် ဒေါ်လာ ၁၀၀) နဲ့ 2TB အထိ ရှိတဲ့ ဓါတ်ပုံတွေ ဗွီဒီယိုတွေ သိမ်းနိုင်မယ်လို့ ကြေညာထားပါတယ်။


(၂) iCloud Photos


Photo: tremplin-numerique

           Apple ထုတ်ကုန်တွေ သုံးတဲ့သူတိုင်းအတွက်တော့ ဒီ storage services ကို သုံးကြမှာပါ။ ပြဿနာက iCloud က Free Storage ကို 5GB ပဲ ပေးတာ ဖြစ်ပါတယ်။ storage နည်းတဲ့ iPhone ကိုင်သူတွေအတွက်တော့ external storage တစ်ခုခုကို ဝယ်ပြီးပဲ ဖြစ်ဖြစ် အခမဲ့ပဲ ဖြစ်ဖြစ် သုံးဖို့ လိုပါလိမ့်မယ်။ iCloud မှာ အခပေးအနေနဲ့ တစ်လ ၁ ဒေါ်လာဆို 50GB သိမ်းလို့ ရပါတယ်။ ၃ ဒေါ်လာဆို 200GB နဲ့ ၁၀ ဒေါ်လာဆို 2TB အထိ သိမ်းလို့ ရပါတယ်။

           iCloud services က ဓါတ်ပုံတွေ အလိုအလျောက် Automatic Upload လုပ်ပေးပါတယ်။ iCloud Photos ကလည်း Google Photos လိုပါပဲ။ iClouds Photos ဟာ iOS devices ပေါ်က ဖုန်း app နဲ့ ချိတ်ဆက်ပြီး ဓါတ်ပုံတွေ Backup သိမ်းပေးထားတာပါ။ Windows users တွေအနေနဲ့ iCloud Photos ကို Windows အတွက် ထုတ်ထားတဲ့ iClouds app ကနေ သွားပြီး Access လုပ်နိုင်ပြီး Andriod users တွေကတော့ Browser ကနေ access လုပ်နိုင်ပါတယ်။


(၃) Amazon Photos


Photo: libero


           Amazon Prime members တွေအတွက် Amazon Photos မှာ အားသာချက်တွေ အများကြီး ရှိပါတယ်။ ဓါတ်ပုံတွေ စိတ်ကြိုက် Unlimited သိမ်းနိုင်တာ ၊ Automatic Photo Uploading ပါတာတွေအပြင် ဓါတ်ပုံကို Print ထုတ်ပေးနိုင်မယ့် Printing services ပါ ထည့်ပေးထားလို့ ဖြစ်ပါတယ်။ ပြဿနာက Amazon Prime မှာ နှစ်စဉ်ကြေး ၁၁၉ ဒေါ်လာ ကောက်ခံတာပါပဲ။ Amazon အကောင့်ရိုးရိုးဆို 5GB ပဲ ရမှာပါ။

           အားသာချက်တစ်ခုက Unlimited Storage ကို Family Vault လို့ ခေါ်တဲ့ သူငယ်ချင်းနဲ့ မိသားစုဝင် ၅ ယောက်နဲ့ မျှဝေနိုင်တာပါပဲ။ Family Vault ထဲမှာ ပါတဲ့ ဓါတ်ပုံတွေတိုင်းကို Vault ကို Share ထားသူတိုင်းက ဝင်ကြည့်နိုင်မှာပါ။ Unlimited ထဲမှာ ဗွီဒီယိုနဲ့ တခြားဖိုင်တွေတော့ မပါပါဘူး။ Prime members တွေက ဗွီဒီယိုတွေ အတွက် storage 5GB ရမှာပါ။

           Apple နဲ့ Google တို့ရဲ့ Photo storage services လိုပဲ Amazon Photos မှာလည်း Prime Photos ဆိုပြီး ဓါတ်ပုံတွေ Edit လုပ်နိုင်မယ့် ၊ Tag တွဲနိုင်မယ့် ၊ Machine-Learning နဲ့ Search လုပ်နိုင်မယ့် Features တွေ ပါတဲ့ App တစ်ခု ပါရှိပါတယ်။ Machine Learning Search ဆိုတာကတော့ AI ကို သုံးထားပြီး ကိုယ်သိမ်းထားတဲ့ ဓါတ်ပုံတွေကို ဓါတ်ပုံထဲမှာ ပါတဲ့ အရာဝတ္ထုနာမည်တွေနဲ့ပါ ပြန်ရှာလို့ ရပါတယ်။ ဥပမာ- ကြောင်နဲ့အတူ ရိုက်ထားတဲ့ ပုံဆို cat ဆိုပြီး Search လုပ်တာမျိုး ဖြစ်ပါတယ်။

           

(၄) Microsoft OneDrive


Photo: PCMag


           OneDrive က လူသုံးများပါတယ်။ အထွေထွေသုံး storage service တစ်ခုအနေနဲ့ပါ သုံးကြပါတယ်။ သူ့မှာ ဓါတ်ပုံတွေ သိမ်းဖို့အတွက် photo storage section တစ်ခု ပါရှိပြီး ဒီ section ထဲမှာ အယ်လ်ဘမ်တွေဖွဲ့တာ ၊ တခြားကို share တာ ၊ caption ထိုးတာ ဓါတ်ပုံတွေ crop ပြီး ဖြတ်တာလိုမျိုး အခြေခံ လုပ်ဆောင်ချက်တွေ အတော်လေး ပါပါတယ်။ OneDrive က အကောင့်တစ်ခုကို Free storage အနေနဲ့ 5GB ပဲ ပေးလို့ Google Photos နဲ့ စာရင် အများကြီး နည်းပါတယ်။ ဒါပေမယ့်လည်း ကိုယ်က များများစားစား သိမ်းစရာရှိလို့ ဝယ်မယ်ဆိုရင် 100GB ကိုမှ တစ်လ ၂ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။


(၅) Shutterfly



Photo: snaphappymom

           Shutterfly က photo-printing services အဖြစ် နာမည်ကြီးပေမယ့် ဓါတ်ပုံတွေအတွက် အခမဲ့ Unlimited storage အနေနဲ့လည်း သုံးလို့ ရပါတယ်။ သူကတော့ ဓါတ်ပုံသီးသန့်ပဲ ဖြစ်ပြီး ဗွီဒီယိုတွေ ၊ စာရင်းဇယားလို documents ဖိုင်တွေတော့ သိမ်းလို့ မရပါဘူး။ တကယ်လို့ Video တွေပါ ထည့်သိမ်းချင်ရင် 60GB ကို တစ်နှစ်သုံး ဒေါ်လာ ၂၀ ဈေး သတ်မှတ်ထားပြီး ဒေါ်လာ ၅၀ ပေးရင် 300GB အထိ တင်နိုင်မှာပါ။

           အားသာချက်အနေနဲ့ Unlimited storage သိမ်းနိုင်လို့ ဝယ်စရာမလိုဘူး ၊ ဓါတ်ပုံတွေကို သူ့ဘာသာ Automatic Upload တင်နိုင်လို့ အလုပ်ရှုပ်သက်သာမယ်။ အားနည်းချက်လို့ ပြောနိုင်တာက App ထဲမှာ photo editing features မပါဘူး။ ဓါတ်ပုံတွေ အများစုကို Full Resolution နဲ့ ဒေါင်းလုပ်ဆွဲနိုင်ပေမယ့် တချို့ ပုံဟောင်းတွေမှာ Full-Res မရတာလည်း ရှိနိုင်ပါတယ်။

           အခုပြောခဲ့တဲ့ photo Storage တွေအပြင် တခြား စမ်းသုံးကြည့်သင့်တဲ့ Cloud Storage Services တွေလည်း ရှိပါသေးတယ်။ အဲ့ဒါတွေကတော့ Flickr (ပုံ ၁၀၀၀ အထိ free) ၊ Photobucket (ပုံ ၂၅၀ အထိ free) ၊ Dropbox (2GB free) နဲ့ Sony PlayMemories Online (manual upload ဆို 5GB free နဲ့ PlayMemories Home app နဲ့ auto တင်ရင် Unlimited free) တို့ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က