ကစားသမားအလိုက်ပေးကမ်းလှမ်းခဲ့တာပါ။

ပြီးခဲ့တဲ့ရာသီက အင်တာအတွက် သွင်းဂိုး ၂၄ ဂိုးနဲ့ ဖန်တိးမှု ၁၁ ကြိမ်အထိ လူကာကူက ပြုလုပ်ပေးနိုင်ခဲ့ပြီး အမှတ်ပေးဖလားရရှိအောင်လည်း ကူညီနိုင်ခဲ့ပါတယ်။


ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့တိုက်စစ်မှူးဟောင်းလူကာကူကို ပြန်လည်ခေါ်ယူဖို့အတွက် နောက်ခံလူအလွန်ဆိုနဲ့ အလိုက်ပေးကမ်းလှမ်းခဲ့ပေမယ့် အင်တာမီလန်က ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။ အင်တာမီလန်က လူကာကူကို ရောင်းချမှမဟုတ်ဘူးလို့တုံ့ပြန်ခဲ့ပြီး အသင်းရဲ့အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်တယ်လို့ တုံ့ပြန်ခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီက အင်တာအတွက် သွင်းဂိုး ၂၄ ဂိုးနဲ့ ဖန်တိးမှု ၁၁ ကြိမ်အထိ လူကာကူက ပြုလုပ်ပေးနိုင်ခဲ့ပြီး အမှတ်ပေးဖလားရရှိအောင်လည်း ကူညီနိုင်ခဲ့ပါတယ်။ စီးရီးအေမှာ သူ့ထက်ပိုပြီး ဂိုးသွင်းနိုင်သူအဖြစ် ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒိုတစ်ဦးတည်းသာ ရှိတော့ပြီး လူကာကူရဲ့ ကစားသမားဘဝအကောင်းဆုံးအချိန်တွေကို အင်တာမီလန်နဲ့အတူ ဖြတ်သန်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ တီမိုဝါနာ၊ အေဘရာဟမ်တို့လို တိုက်စစ်မှူးတွေကို စိတ်တိုင်းမကျဖြစ်နေတဲ့ ချယ်လ်ဆီးနည်းပြတူချယ်လ်အတွက်တော့ စိတ်ဝင်စားစရာကောင်းနေခဲ့တာဖြစ်ပါတယ်။ လီဝန်ဒေါစကီးနဲ့ ဟာလန်းတို့ကို ခေါ်ယူဖို့မဖြစ်နိုင်တော့တဲ့နောက်မှာ ချယ်လ်ဆီးက လူကာကူကို ပစ်မှတ်ထားလာခဲ့ပြီး အလွန်ဆိုကို အလိုက်ပေးထည့်သွင်းကမ်းလှမ်းခဲ့ပေမယ့် အင်တာမီလန်က ချက်ချင်းပဲ ငြင်းဆန်ပယ်ချခဲ့တာဖြစ်ပါတယ်။ 


"လူကာကူက ရောင်းချဖို့မဟုတ်ပါဘူး၊ ဆီမြွန်နီအင်ဇာဂီရဲ့ စစ်တုရင်ခုံပေါ်မှာ သူက အရေးပါတဲ့ကစားသမားပါ" လို့ အင်တာမီလန် CEO မာရော့တာက ပြောကြားခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် လူကာကူဟာ ချယ်လ်ဆီးမှာ ခြေစွမ်းမပြနိုင်တာကြောင့် ဝက်ဘရွန်းစ်ကိုအငှားသွားကစားခဲ့ရပြီး အဲဗာတန်၊ ယူနိုက်တက်တို့ကို ထပ်မံပြောင်းရွှေ့ခဲ့ကာ လက်ရှိမှာတော့ အင်တာမီလန်အတွက် ခြေစွမ်းပြကစားနေတာလည်းဖြစ်ပါတယ်။

Share

က္က