ဆန်းတို့စ်ကြယ်ပွင့်ကစားသမားပါ။

အသက် ၁၉ နှစ်အရွယ် ဘရာဇီးလ်ကြယ်ပွင့်ဟာ ဆန်းတို့စ်အတွက် ၈၄ ပွဲကစားပေးအပြီးမှာ ၁၇ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြကစားနေသူဖြစ်တယ်လို့ သိရပါတယ်။ 


စီးရီးအေထိပ်သီးကလပ်ဂျူဗင်တပ်စ်အင်းဟာ ဆန်းတို့စ်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ကိုင်အိုဂျော့ကို ခေါ်ယူဖို့အတွက် သဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေးကိုတော့ ဖော်ပြထားခြင်းမရှိဘူးလို့ သိရပြီး အသက် ၁၉ နှစ်အရွယ် ဘရာဇီးလ်ကြယ်ပွင့်ဟာ ဆန်းတို့စ်အတွက် ၈၄ ပွဲကစားပေးအပြီးမှာ ၁၇ ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြကစားနေသူဖြစ်တယ်လို့ သိရပါတယ်။ 

သူ့ကို ခရစ္စတီယာနိုရော်နယ်ဒိုလက်သစ်ကစားသမားလို့ တင်စားနေကြပြီး တနင်္လာနေ့ညနေပိုင်းမှာပဲ ခေါ်ယူဖို့အတွက် အတည်ပြုနိုင်ခဲ့တယ်လို့ Daily Mail က ဆိုပါတယ်။ ကိုင်အိုကတော့ ရော်ဘင်ဟို၊ နေမာ၊ ရိုဒရိုင်ဂိုတို့လိုကစားသမားတွေကို မွေးထုတ်ပေးခဲ့တဲ့ ဆန်းတို့စ်ရဲ့ နောက်ဆုံးထွက်ကစားသမားတစ်ဦးဖြစ်ပြီး အဆိုပါကစားသမားတွေနည်းတူ ဥရောပထိပ်သီးကလပ်တစ်ခုကို ပြောင်းရွှေ့နိုင်တော့မှာလည်းဖြစ်ပါတယ်။ 

ဆန်းတို့စ်အသင်းက "အီတလီကလပ်က ဆန်းတို့စ်ဘက်ကတောင်းဆိုတဲ့ အချက်အလက်တွေကို သဘောတူခဲ့ပါတယ်၊ ကစားသမားအနေနဲ့ ဥရောပကို သွားရောက်ကစားနိုင်တော့မှာဖြစ်ပါတယ်" လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကိုင်အိုဟာ ဆန်းတို့စ်ကို အသက် ၁၀ နှစ်အရွယ်မှာကတည်းက ရောက်ရှိခဲ့သူဖြစ်ပြီး သူ့ရဲ့ကစားသမားဘဝတစ်ခုလုံးကို အဲဒီအသင်းမှာသာ ကုန်ဆုံးခဲ့သူဖြစ်ပြီး အသက် ၁၆ နှစ်မှာ ပွဲထွက်ကစားခွင့်စတင်ရရှိခဲ့ပါတယ်။

နောက်တစ်နှစ်မှာတော့ ဘရာဇီးလ် ယူ-၁၇ နဲ့အတူ ကမ္ဘာ့ဖလားမှာ အောင်မြင်မှုရရှိခဲ့ပြီး ဂိုးသွင်းအများဆုံးတတိယနေရာလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ်အနေနဲ့လည်း အသင်းမှာ ရော်နယ်ဒိုရှိနေသေးချိန်မှာ ရော်နယ်ဒိုလက်သစ်လို့ တင်စားခံရတဲ့ ကစားသမားကို အရခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဒီလိုကစားသမားတွေကို ခေါ်ယူလေ့မရှိတဲ့ ဂျူဗီရဲ့ လှုပ်ရှားမှုက အသင်းစီမံကိန်းတွေ အပြောင်းအလဲရှိနေပြီလားလို့ ယူဆဖွယ်ရာလည်း ရှိနေပါတယ်။

Share

Loading Next Article...
က္က