သန့်ရှင်းစင်ကြယ်နေတဲ့ ခြေလက်လေးတွေက တကိုယ်ရေသန့်ရှင်းမှု ကောင်းကြောင်း ပြသပါတယ်။

နေ့စဉ်နေထိုင်မှုမှာ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ မျက်နှာလေးတစ်ခုထဲ လှပနေလို့ မဖြစ်တော့ပါဘူး ။ သန့်ရှင်းကျန်းမာတဲ့ လက်လေးတွေ ခြေထောက်လေးတွေဟာ မိမိကိုယ်ကို ယုံကြည်မှုတိုးစေတဲ့အပြင် မိမိနဲ့ဆုံတွေ့သူတွေရဲ့ ကောင်းမွန်တဲ့အမြင်ကိုပါ ရရှိစေပါတယ်။ဒါကြောင့် ခန္ဓာကိုယ်ကို နေ့စဉ် ရေချိုးသန့်ရှင်းတာအပြင် လက်သည်း ၊ ခြေသည်းနဲ့ လက် ၊ ခြေထောက်လေးတွေကို သတိထား ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။



အလှပြင်ဆိုင်မသွားဘဲ လက်နဲ့ခြေထောက် ၊ လက်သည်း ခြေသည်းတွေကို အိမ်မှာပဲ လှပအောင်ပြုလုပ်ဖို့ နည်းလမ်းတွေရှိပါတယ်။ 

၁။ လက်သည်းခြေသည်းများကို အမြဲသန့်စင်ပါ

 လက်သည်း ခြေသည်းလေးတွေကို အညစ်အကြေး အမြဲသန့်စင်ပါ။ ပြီးရင် petroleum jelly ဒါမှမဟုတ် အုန်းဆီတို့နဲ့ ပွတ်ပေးပါ။ ဒါဆို သဘာဝအတိုင်း လက်သည်း ခြေသည်းလေးတွေ တောက်ပြောင်နေပါလိမ့်မယ်။

၂။ လက်သည်းခြေသည်းများ မကျိုးပဲ့လွယ်အောင် ဂရုစိုက်ပါ

လက်သည်း ခြေသည်း အလွယ်တကူ မကျိုးပဲ့အောင် သံလွင်ဆီနဲ့ ၂ရက်တစ်ခါလောက် နှိပ်ပေးပါ။ဥများ ၊ နေကြာစေ့ ၊ ပဲ ၊ အုတ်ဂျုံစတဲ့အစားအစာတွေဟာ လက်သည်း ခြေသည်းလေးတွေ သန်မာဖို့ အထောက်အကူပြုပါတယ်။

၃။ ခြေထောက်နဲ့ လက်တွေကို ပေါင်းတင်ပါ

ဂျုံမှုန့် ၊ နို့ ၊ သံပုရာရည်အနည်းငယ်တို့ကိုရောစပ်ပြီး ရရှိလာတဲ့အနှစ်ကို လက် ၊ ခြေထောက်တို့မှာ မိနစ်အနည်းငယ် လိမ်းထားပြီး သန့်စင်ပါ ။ သဘာဝအတိုင်း အသားအရေကို သန့်ရှင်းကြည်လင်စေပါတယ်။ တစ်ပတ်တစ်ခါလောက်လုပ်နိုင်ရင် အဆင်ပြေပါတယ်။

Photo - Global Village Space

၄။ တစ်ပတ်တစ်ခါ ချေးချွတ်ပါ

ချေးချွတ်ဖို့အတွက် ကလေးလိမ်းအလှဆီ ၊ အသီးအရွက်ဆီ ၊ သံလွင်ဆီ စတဲ့ ဆီတစ်မျိုးမျိုးထဲက တစ်မျိုးကို ၂ ဇွန်းထည့်ပါ။ သကြားအညိုအကြမ်းကို ၃ဇွန်းထည့်ပါ။ အဲဒီဟာတွေကို ရောနယ်ပြီး လက် ၊ ခြေထောက်တို့ကို ညင်သာစွာပွတ်တိုက်ပါ။ ပြီးရင် ရေနွေးနွေးနဲ့ ဆေးပါ ။ခြေထောက်ကို ရေနွေးနွေးနဲ့ စိမ်ပြီး ပွတ်တိုက်ခြင်းကလည်း ချေးတွေအလွယ်တကူ ပြောင်စေပါတယ်။

၅။ လက်သည်းခြေသည်းပန်းကုံးလေးတွေကို ဂရုစိုက်ပါ

လက်သည်း ခြေသည်းတွေရဲ့ အောက်ခြေမှာရှိတဲ့ နေရာလေးဟာ ခြောက်သွေ့အက်ကွဲပြီး နာကျင် ယောင်ယမ်းမှုတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် သံလွင်ဆီ ၊ ယူကလစ်ဆီ ၊ Jojoba ဆီ နှစ်စက်လောက်ထည့်ထားပြီး အဲဒီနေရာလေးတွေ နှိပ်နယ်ပေးသင့်ပါတယ်။ အသားမာလေးတွေကို ဖယ်ရှားမယ်ဆိုလည်း အစိုဓာတ်ရပြီး နူးနေတဲ့အချိန်မှ ဖယ်ရှားပါ။

၆။ အသားမာတွေ ခြေဖနောင့်ကွဲတာတွေ ဒီလိုနည်းနဲ့ ဖြေရှင်းပါ

ရေခပ်နွေးနွေးထဲကို ဆား ၊ ဗက်ဆလင်းထည့်ပြီး ခြေထောက်ကို နာရီဝက်လောက်စိမ်ထားပါ။ပြီးမှ ချေးတွန်းကျောက် ဒါမှမဟုတ် ပွတ်တိုက်စရာတစ်ခုခုနဲ့ ဖနောင့် ၊ ဘေးတွေနဲ့ ခြေမျက်စိက အသားမာတွေကို ပွတ်တိုက်ပါ။ ဒီနည်းလမ်းကို တစ်ပတ်တစ်ခါ ပြုလုပ်မယ်ဆိုရင် ခြေဖနောင့်ကွဲနေတာ၊ အသားမာတက်တာတွေ သက်သာပျောက်ကင်းသွားမှာပါ။

၇။ လက်အိတ်သုံးပါ

Photo - The conversation 

ရေကို အချိန်ကြာကြာထိရတာ ၊ ဓာတုပစ္စည်းတွေနဲ့ ထိတာမျိုးတွေမှာ ရော်ဘာလက်အိတ်ကို အသုံးပြုပါ။ မီးဖိုချောင်ဝင်တဲ့ အမျိုးသမီးတွေအနေနဲ့ ဆနွင်းမှုန့် ပါတဲ့ ဟင်းတွေကို နယ်တာမျိုး ၊ အနံ့စွဲနိုင်တဲ့ အရာတွေကို ကိုင်တွယ်တာမျိုးမှာလည်း တစ်ခါသုံးလက်အိတ်တွေကို အသုံးပြုသင့်ပါတယ်။ ဒါမှသာ လက်သည်းတွေ ညစ်ပေစွန်းထင်းတာ ၊ လက်မှာ အနံ့တွေစွဲတာနဲ့ လက်အသားအရည်ခြောက်သွေ့တာတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

၈။ ညအိပ်ရာဝင်းတိုင်း ခြေလက်တွေကို လိုးရှင်းလိမ်းပါ

သခွားသီးကို ကြိတ်ချေထားတဲ့အရည်နဲ့ အလှဆီ(glycerin) ၊ ဒါမှမဟုတ် ခရမ်းချဉ်သီးအရည်၊ အလှဆီ(glycerin) နဲ့ သံပုရာရည် တို့ကို ရောစပ်ထားပြီး ညတိုင်း လက် ၊ ခြေထောက်တွေကို လိမ်းနိုင်ပါတယ်။ ဒါတွေကို မလုပ်နိုင်ရင်တောင် အစိုဓာတ် (moisturizer) ပါတဲ့ လိုးရှင်းတစ်မျိုးမျိုး လိမ်းအိပ်ပါ။

၉။ လက်တွေ အစိုဓာတ်ရှိအောင် အမြဲထိန်းသိမ်းပါ

လက်တွေကို အစိုဓာတ်ရအောင် တနေ့ လေးကြိမ် hand cream လိမ်းနိုင်ပါတယ်။ အလွန်ခြောက်သွေ့ ကြမ်းတမ်းတဲ့လက်တွေက သံပုရည်တစ်ဇွန်း သကြားတစ်ဇွန်းကိုရောပြီး လက်မှာလိမ်းပြီး သကြားတွေအရည်ပျော်တဲ့အထိ လက်ဆေးသလို အကြိမ်ကြိမ်နယ်ပေးပါ ။

ဒီအချက်တွေကို သတိထားပြီး လုပ်ဆောင်မယ်ဆိုရင်တော့ အပိုငွေမကုန်ဘဲ သင့်ရဲ့လက်နဲ့ ခြေထောက်လေးတွေက နူးညံ့ သန့်ရှင်းနေမှာဖြစ်ပြီး အများနဲ့ တွေ့ဆုံရတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ့ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

Ref: timesofindia



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က