ငါးနှပ်ဟင်းရည်က ဆီမပါတဲ့ဟင်းဖြစ်တာကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ တဲ့ဟင်းလျာတစ်ခုပါ။

ပင်လယ်ပြင်နဲ့အနီးဆုံးမှာရှိတဲ့ မွန်ပြည်နယ်အတွင်းက ကမ်းရိုးတန်းရွာအချို့မှာ ရေလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသလို မွန်တိုင်းရင်းသားလူမျိုးတွေဟာ ပင်လယ်စာအမယ်မျိုးစုံကို ချက်ပြုတ်စားသောက်တတ်ကြပါတယ်။

Photo: Myanmar Food

များလွန်းလှတဲ့ မွန်ရိုးရာပင်လယ်စာဟင်းတွေထဲကမှ လူတိုင်းနှစ်သက်ကြပြီး ချက်ရလည်း လွယ်ကူတဲ့ဟင်းကတော့ ငါးနှပ်ဟင်းပါ။ ငါးနှပ်ဟင်းကို မရမ်းပြားလေးနဲ့ ချဉ်ချဉ်စပ်စပ်လေး စားလိုက်ရရင် အရသာအလွန်ရှိတာကြောင့် စားဖူးသူတိုင်းကြိုက် နှစ်သက်ကြတဲ့ဟင်းလျာတစ်မျိုးလည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာတော့ မွန်ရိုးရာ ငါးနှပ်ကို အလွယ်ကူဆုံး ဘယ်လိုချက်လို့ရမလဲနည်းလမ်းတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ 

Photo: Myanmar Food

ငါးနှပ်ဆိုတာ.. 

ငါးနှပ်ဆိုတာ အကြေးခွံမပါတဲ့အဖြူရောင်နောက်နောက် ပင်လယ်ငါးတစ်မျိုးဖြစ်ပါတယ်။ ရန်ကုန်အပါအဝင် အထက်ပိုင်းဒေသတွေမှာတော့ ငါးနှပ်ကို အခြောက်ပြုလုပ်စားကြတဲ့ အာပြဲခြောက်ကို ခေါ်တာပါ။ ငါးနှပ်က ပင်လယ်ငါးတစ်မျိုးဖြစ်တာကြောင့် ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာ အများအပြားဖမ်းယူရရှိနိုင်ပါတယ်။ 

Photo: Myanmar Food

မွန်ရိုးရာငါးနှပ်ဟင်းကို အလွယ်ကူဆုံးဘယ်လိုချက်ကြမလဲ

ငါးနှပ်ဟင်းချက်ဖို့အတွက် ငါးနှပ်၊ စပါးလင်၊ငါးပိစိမ်းစား ၊မရမ်းပြား၊ ကြက်သွန်ဖြူနဲ့ မရမ်းပြား အဓိက လိုအပ်ပါတယ်။ မွန်ရိုးရာဟင်းတွေမှာ အများအားဖြင့် အချဉ်အတွက်ဆို မရမ်းပြားကိုပဲ အဓိက သုံးကြပါတယ်။ ငါးနှပ်ဟင်းချက်တော့မယ်ဆိုရင် ပထမဆုံး ငါးနှပ်ကို ရေဆေး၊ ခေါင်းဖြုတ်၊ အမြီးဖြုတ်ဖယ်ရှားသန့်စင်ပြီး ဆားနဲ့ငါးပိစိမ်းစားနဲ့ ရောနယ်ထားပါ။ ဟင်းချက်ဖို့ အတွက် ကြက်သွန်ဖြူ၊နီ၊ ငရုတ်သီးစိမ်းရောထောင်းထားပါ။ ပြီးတော့ အိုးထဲကို ရေထည့်ပြီး တည်ထားပါ။ အိုးထဲမှာ ရေဆူလာရင် စောနကထောင်းထားတဲ့ ကြက်သွန်ဖြူ၊နီ၊ ငရုတ်သီးစိမ်းကိုထည့်ပါ။ ပွက်ပွက်ဆူလာရင် ဆား၊ငါးပိစိမ်းစားရောထားတဲ့ ငါးနှပ်ကို ထည့်ပါ။ ပြီးလျှင် အချဉ်အတွက် မရမ်းပြားခြောက်ကို ရေဆေးပြီးထည့်ပါ။ ပွက်ပွက်ဆူလာလျှင် စပါးလင်ကို ဓါးပြားနဲ့ရိုက်ပြီး ဟင်းအိုးထဲထည့်ပါ။ အရသာကို မြည်းစမ်းပြီး မိမိကြိုက်နှစ်သက်သလို အပေါ့၊အငန်ပြန်ထည့်နိုင်ပါတယ်။ ငါးနှပ်ဟင်းတစ်ခွက်ဖြစ်လာဖို့ အချိန် မိနစ် (၃၀)ခန့်ပဲ ကြာမြင့်နိုင်ပါတယ်။ မွန်ရိုးရာ ငါးနှပ်ဟင်းကတော့ အများအားဖြင့် ဆီအသုံးမပြုပါဘူး။ ဒီငါးနှပ်ဟင်းကို ထားဝယ်၊မြိတ် စတဲ့ တနင်္သာရီဒေသတွေမှာချက်ပြုတ်စားသောက်လေ့ရှိကြပါတယ်။ ထားဝယ်၊မြိတ်မှာတော့ ငါးနှပ်ဟင်းကို ဆီပြန်ဟင်းလိုချက်စားလေ့ရှိကြပြီး မွန်ပြည်နယ်မှာတော့ ဟင်းရည်သောက်ဆမ်းလို ချက်စားကြတာ များပါတယ်။

Photo: Myanmar Food

မွန်ရိုးရာငါးနှပ်ဟင်းကို ဘာကြောင့်ကြိုက်ကြတာလဲ

ငါးနှပ်ဟင်းရည်က ဆီမပါတဲ့ဟင်းဖြစ်တာကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ တဲ့ဟင်းလျာတစ်ခုပါ။ စားလိုက်ရင် ပူပူစပ်စပ်အရသာလေးဖြစ်တဲ့အပြင် ငါးရဲ့အရသာကလည်း ချိုချိုလေးဖြစ်တာကြောင့် အချိုမှုန့်သီးသန့်ထည့်စရာမလိုတော့ပါဘူး။ အခုလို မိုးရာသီကာလမှာ ဒီလိုချဉ်ချဉ်စပ်စပ်ငါးနှပ်ဟင်းလျာလေးကို ထမင်းနဲ့တွဲဖက်စားသုံးကြည့်မယ်ဆိုရင် စားဖူးသူတိုင်း ကြိုက်နှစ်သက်ကြမှာ အသေအချာပါပဲ။ ဒါကြောင့် ကိုဗစ်ကာလ အပြင်မထွက်ရဘဲ အိမ်မှာပဲ ချက်ပြုတ်စားသောက်နေကြတဲ့သူတွေအတွက် ငါးနှပ်ဟင်းတစ်ခွက်ချက်ကြည့်ကြပါနော်။ 

Share

Loading Next Article...
က္က