အလွန်ဆိုကို အလိုက်ပေးပြီး ပေါင် ၈၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် အင်တာက ပယ်ချခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ် ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ အင်တာအတွက် နှစ်ရာသီအတွင်း ပြိုုင်ပွဲစုံ ၉၅ ပွဲကစားပေးပြီး ၆၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။


အင်တာမီလန်တိုက်စစ်မှူးလူကာကူဟာ အသင်းဟောင်းချယ်လ်ဆီးဆီက မက်မောလောက်ဖွယ်ရာပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှုကို ရရှိပြီးတဲ့နောက် ပြောင်းရွှေ့ဖို့စဉ်းစားနေပြီလို့ သိရပါတယ်။ Goal.com ရဲ့ဖော်ပြချက်အရ လူကာကူက ချယ်လ်ဆီးကစားသမားဘဝမှာ ခြေစွမ်းမပြနိုင်ခဲ့တာတွေကို ပြန်လည်ချေဖျက်ပြနိုင်ဖို့ စိတ်ဝင်စားနေကြောင်း သိရပြီး စတန်းဖို့ဘရစ်ချ်မှာ သူ့ရဲ့အရည်အသွေးကို ပြသချင်နေတယ်လို့ ဆိုပါတယ်။ 

ကနဥိးကမ်းလှမ်းမှုအဖြစ် ချယ်လ်ဆီးက နောက်ခံလူမားကို့စ်အလွန်ဆိုကို အလိုက်ပေးပြီး ပေါင် ၈၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် အင်တာက ပယ်ချခဲ့ပါတယ်။ အခုအခါမှာ ပေါင်သန်း ၁၀၀ အထိ အသုံးပြုကာ ထပ်မံကမ်းလှမ်းဖို့ ချယ်လ်ဆီးက ပြင်ဆင်နေပြီး ဒိတစ်ကြိမ်ကမ်းလှမ်းမှုကိုတော့ ဘဏ္ဍာရေးအခက်အခဲတွေရှိနေတဲ့ အင်တာဘက်က ငြင်းဆန်နိုင်ဖို့ အင်အားရှိမှာမဟုတ်ဘူးလို့ သုံးသပ်နေကြကာ လူကာကူက အသင်းဟောင်းနဲ့ ပြနပေါင်းထုပ်နိုင်တော့မှာလား စိတ်ဝင်စားဖို့ကောင်းလာခဲ့ပါတယ်။ 

အသက် ၂၈ နှစ်အရွယ် ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ အင်တာအတွက် နှစ်ရာသီအတွင်း ပြိုုင်ပွဲစုံ ၉၅ ပွဲကစားပေးပြီး ၆၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း အမှတ်ပေးဖလားရရှိအောင် ကူညီပေးနိုင်ခဲ့ပြီး စီးရီးအေရဲ့ အကောင်းဆုံးကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ခြေစွမ်းပြသမှုတွေက တီမိုဝါနာအပေါ် စိတ်တိုင်းမကျဖြစ်နေတဲ့ နည်းပြတူချယ်လ်ကို စိတ်ဝင်စားစေခဲ့ပါတယ်။ 

လီဝန်ဒေါစကီးနဲ့ ဟာလန်းတို့ကို တူချယ်လ်က အလိုရှိနေပေမယ့် ခေါ်ယူဖို့မလွယ်ကူခဲ့တာကြောင့် လူကာကူဘက်ကို မြှားဦးလှည့်ခဲ့တာဖြစ်ပါတယ်။ ဂီရော့ဒ်ကို အေစီမီလန်ဆီ ရောင်းထုတ်ခဲ့ပြီးနောက် ချယ်လ်ဆီးမှာ အမာခံတိုက်စစ်မှူးတွေအဖြစ် ၀ါနာ၊ အေဘရာဟမ်၊ ဘတ်ရှူဝါယီတို့သာရှိတော့ပြီး တစ်ဦးတစ်ယောက်ကိုမှ စိတ်တိုင်းမကျတဲ့ တူချယ်လ်က လူကာကူကို ခေါ်ယူဖို့ အားထုတ်လာခဲ့တာလည်း ဖြစ်ပါတယ်။ 

Share

က္က