စမတ်ဖုန်း အသုံးလွန်ကဲတာဟာ လူနေမှုဘဝပေါ်မှာရော ကိုယ်စိတ်ကျန်းမာရေးကိုပါ ထိခိုက်နိုင်ပါတယ်

       COVID-19 ကပ်ရောဂါဘေးကြောင့် တစ်နေကုန်တစ်နေခမ်း အိမ်တွင်းအောင်းနေရတုန်း ဖုန်းဘယ်လောက်တောင် သုံးနေမိသလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်တောင် သိမှာ မဟုတ်ပါဘူး။

           လေ့လာမှုတွေကတော့ ကျွန်တော်တို့ဟာ ပျမ်းမျှ တစ်ရက်ကို အကြိမ်ပေါင်း ၈၀ ကနေ ၁၅၀ လောက်အထိ ဖုန်းဖွင့်ကြည့်နေမိတတ်တယ်လို့ ဆိုပါတယ်။ စမတ်ဖုန်းတွေဟာ ဒီနေ့ခေတ်ရဲ့ အသုံးအများဆုံး လူသုံးကုန်ပစ္စည်းဆိုတာ ငြင်းစရာမရှိပါဘူး။ စမတ်ဖုန်းတစ်လုံးရှိရုံနဲ့ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝလုပ်ငန်းတွေ အတော်များများကို လုပ်နိုင်တယ်ဆိုပေမယ့် ဖုန်းစွဲလမ်းမှုဖြစ်တာကတော့ ဘဝရဲ့ဟန်ချက်စည်းတွေ ပျက်သွားတဲ့အထိ ဖြစ်နိုင်ပါတယ်။



           စမတ်ဖုန်း အသုံးလွန်ကဲတာဟာ လူနေမှုဘဝပေါ်မှာရော ကိုယ်စိတ်ကျန်းမာရေးကိုပါ ထိခိုက်နိုင်လို့ အခုပြောမယ့်နည်းလမ်းလေးတွေ သုံးပြီး ဖုန်းစွဲလမ်းမှုကို လျှော့ချပေးသင့်ပါတယ်။


(၁) ဖုန်းအသုံးပြုမှု ပြန်စစ်ကြည့်ပါ


Photo: Apple


           အခုနောက်ပိုင်း ဖုန်းတွေမှာ ဘယ်လောက်ကြာအောင် ဖုန်းသုံးနေမိပြီလဲဆိုတာကို ခြေရာခံနိုင်တဲ့ Tracking စနစ် ပါလာပါတယ်။ ကိုယ့်ရဲ့ Screen Time ဘယ်လောက် ရှိသလဲဆိုတာကို ဖုန်း Settings တွေထဲကနေ သွားကြည့်နိုင်ပါတယ်။ ဘယ် Apps တွေကို အများဆုံး သုံးနေမိပြီလဲဆိုတာပါ ကြည့်နိုင်တာကြောင့် ကိုယ့်ကို ဖုန်းပိုသုံးဖြစ်အောင် ဆွယ်နေတဲ့ Apps တွေကို သိပ်မသုံးမိအောင် သတိထားနိုင်မှာပါ။


(၂) ဖုန်းမသုံးဖို့ အချိန်သတ်သတ်ထားပါ


Photo: Apple


           ကိုယ့်ဖုန်းမှာ Do Not Disturb ဖွင့်ထားဖို့ အချိန်တစ်ခု သတ်သတ်မှတ်မှတ် ထားပေးပါ။ အဲ့ဒီအချိန်ဟာ တစ်နာရီလည်း ဖြစ်ချင်ဖြစ်မယ် နှစ်နာရီလည်း ဖြစ်ချင်ဖြစ်ပါမယ်။ ဘာပဲဖြစ်ဖြစ် ဖုန်းကို လက်က မချတမ်း မသုံးမိအောင် အကျင့်လုပ်ပေးဖို့ ဖြစ်ပါတယ်။ သတင်းကောင်းတစ်ခုက အခုနောက်ပိုင်းထွက် Android နဲ့ iOS ထုတ်ကုန်တွေမှာ ဖုန်းကို အချိန်တစ်ခုသတ်မှတ်ပြီး သုံးမရအောင် Limit ပေးထားနိုင်တဲ့ Digital wellbeing features တွေ ပါလာတာပါပဲ။ ဒီ features တွေ သုံးပြီးလည်း ဖုန်းစွဲလမ်းမှုကို လျှော့ချနိုင်ပါတယ်။


(၃) နှစ်သက်တဲ့ ဝါသနာတစ်ခုခု လုပ်နေပါ



Photo: Unsplash

           ဝါသနာကောင်းတစ်ခုရှိတာကလည်း စမတ်ဖုန်းစွဲလမ်းမှုကို အဖြစ်နည်းစေပါတယ်။ စာဖတ်တာ ၊ ဂစ်တာတီးတာ ၊ ခွေးကလေးနဲ့လမ်းလျှောက်တာ ၊ အားကစားလုပ်တာ စတဲ့စတဲ့ ဝါသနာတွေက စမတ်ဖုန်းသုံးစွဲမှုကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်။ ကိုယ့်ဝါသနာက Screen Time Zero ဖြစ်တဲ့ ဝါသနာတွေ ဖြစ်ဖို့တော့ လိုမှာပါ။


(၄) ဖုန်းကို Grayscale ထားပါ


Photo; ITJungles


           လေ့လာမှုတွေအရ တောက်ပတဲ့ အရောင်တွေက လူရဲ့ ခံစားချက်ကို နှိုးဆွနိုင်တယ်လို့ ဆိုပါတယ်။ စမတ်ဖုန်းမှာလည်း UI ကို အဖြူအမည်းထား, ထားရင် ဖုန်း Notis နဲ့ App တွေ ဝင်ကြည့်ချင်တဲ့စိတ် လျော့ပါးလာပါတယ်။ တချို့ဖုန်းတွေမှာ ဖုန်းကို အ‌‌ရောင်တွေ ဖျောက်နိုင်မယ့် Grayscale ကို အချိန်တစ်ခုခု Auto setup ထားနိုင်ပါတယ်။ Reading Mode တို့မှာလည်း Monochrome effects တွေ ပါတတ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း Sleeping Mode ထားနိုင်ပါတယ်။


(၅) အရေးမကြီးတဲ့ App က Notis တွေ ပိတ်ထားပါ



Photo: Akshay Bhalla

           ဖုန်း App Noti တွေကြောင့်လည်း မရည်ရွယ်ဘဲ ဖုန်းသုံးဖြစ်သွားတတ်ပါတယ်။ ဖုန်း App တိုင်း Noti တွေ On ထားတာမျိုး မလုပ်ပါနဲ့။ မသိမဖြစ် သိရမယ့် App တွေရဲ့ Noti မက်ဆေ့တွေပဲ ဖွင့်ထားပါ။ နောက်ပြီး Noti သံတွေလည်း Silent လုပ်ထားပေးသင့်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က