ဗြိတိန်စံချိန်တင် အပြောင်းအရွှေ့ ဖြစ်လာခဲ့မှာပါ။

ဒီအပြောင်းအရွှေ့ ဖြစ်လာခဲ့ရင် ဗြိတိန် အပြောင်းအရွှေ့သမိုင်းမှာစံချိန်သစ်တစ်ခုတင်မှာ ဖြစ်သလို ဂရီလစ်ရှ်ဟာ လည်း ကမ္ဘာ့စံချိန်တင် အပြောင်းအရွှေ့တွေထဲက တစ်ဦး ဖြစ်လာတော့မှာပါ။

အင်္ဂလန် ထိပ်သီး မန်စီးတီးအသင်းကတော့ မနှစ်က အက်စတန်ဗီလာအသင်းနှင့်အတူ ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် ကွင်းလယ်လူ ဂရီလစ်ရှ်ကိုကို ခေါ်ယူနိုင်ရေး ကြိုးပမ်းနေတာပါ။



သဘောတူညီချက်အရ ပေါင် သန်း ၁၀၀ လောက်နဲ့ မန်စီးတီးက ခေါ်ယူရဖွယ်ရှိနေပြီး နှစ်ဖက် သဘောတူညီမှု ရလုနီး ဖြစ်နေပြီလို့လည်း အင်္ဂလန် မီဒီယာတွေက ဖော်ပြနေပါပြီ။

အပြောင်းအရွှေ့သာ ဖြစ်ပေါ်ခဲ့ပါက ဂရီလစ်ရှ်ဟာ ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေးရှင် တစ်ဦး ဖြစ်လာတော့မှာ ပါ။

လက်ရှိမှာတော့ ဂရီလစ်ရှ်ဟာ အင်္ဂလန်အသင်းနဲ့ ယူရို ၂၀၂၀ ပွဲပြီးလို့ မူလကလပ်ဖြစ်တဲ့ အက်စတန်ဗီလာာအ သင်းနဲ့ ပူးပေါင်းပြီး ရာသီကြို လေ့ကျင့်မှုတွေ လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် ဂရီလစ်ရှ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက အသင်းနှင့်အတူ ၅နှစ်သက်တမ်းတိုး စာချုပ်တစ်ရပ် ကို ချုပ်ဆိုထားခဲ့သူပါ။

မန်စီးတီး နည်းပြ ဂွါဒီယိုလာကလည်း ကွင်းလယ်ပိုင်း ဖန်တီးမှု အားကောင်းတဲ့ ဂရီလစ်ရှ်ကို အသင်းဆီ အရောက်ခေါ်ဆောင်ချင်ဇောများနေတာကြောင့် ကလပ်အသင်းကလည်း အားဖြည့်ပေးနိုင်ရေး ကြိုးပမ်း နေတာပါ။

မန်စီးတီးဟာ မနှစ်က ဘောလုံးရာသီမှာ လိဂ်သွင်းဂိုး ၈၃ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ဒုတိယအများဆုံး ဖြစ်တဲ့ ယူနိုက် တက်ထက် ၁၀ဂိုး ပိုသွင်းယူနိုင်ခဲ့တာပါ။

ဒါပေမယ့်လည်း မန်စီးတီးဟာ ယခုထက်ပိုပြီး ခြေစွမ်းကောင်းမွန်ကာ ဂိုးသွင်းစွမ်းရည်မြင့်မားဖို့ လိုနေသေးတယ် လို့ နည်းပြ ဂွါဒီယိုလာက မှတ်ယူနေတာလည်း ဖြစ်ပါတယ်။

လက်ရှိ မန်စီးတီး စိတ်ဝင်စားနေတဲ့ ဂရီလစ်ရှ်ကတော့ မနှစ်က အက်စတန်ဗီလာအသင်းနှင့်အတူ လိဂ်ပွဲပေါင်း ၂၆ ပွဲပါဝင်ကစားခဲ့ပြီး ၆ဂိုးသွင်း ၁၀ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဂိုးသွင်းယူနိုင်ဖို့ အခွင့်အရေး ၈၁ကြိမ်အထိဖန်တီးပေးနိုင်ခဲ့ပြီး တစ်ဦးချင်း ကျော်ဖြတ်နိုင်စွမ်းမှာလည်း ၆၅ကြိမ်အထိ အောင်မြင်ထားသူပါ။

Share

Loading Next Article...
က္က