ပေါင်သန်း ၁၀၀ နဲ့ မန်စီးတီးကို ပြောင်းရွှေ့တော့မှာပါ။

မန်စီးတီးရဲ့ စျေးအကြီးဆုံးကစားသမား၊ အင်္ဂလန်ကစားသမားတွေထဲမှာ စျေးအကြီးဆုံးကစားသမားအဖြစ် ရူဘင်ဒီယက်စ်နဲ့ ဟယ်ရီမက်ဂွိုင်းယားတို့ရဲ့ စံချိန်တွေကိုပါ သူက ကျော်ဖြတ်နိုင်တော့မှာလည်း ဖြစ်ပါတယ်။


ဗီလာကွင်းလယ်လူဂရီလစ်ရှ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ မန်စီးတီးအသင်းရဲ့ကမ်းလှမ်းမှုဟာ အလုံးစုံအောင်မြင်မှုရရှိဖို့ နောက်ဆုံးအဆင့်မှာသာရှိတော့တယ်လို့ သိရပါတယ်။ နာမည်ကြီးသတင်းထောက်ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရဆိုရင်တော့ နှစ်သင်းကြား သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပြီး စာရွက်စာတမ်းကိစ္စနဲ့ လက်မှတ်ရေးထိုးဖို့သာ ကျန်ရှိတော့တာဖြစ်ပါတယ်။

ဂရီလစ်ရှ်အတွက် မန်စီးတီးက ပေါင်သန်း ၁၀၀ ပေးချေသွားရမှာဖြစ်ပီး ၂၀၂၆ ဇွန်လအထိ စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ ဂရီလစ်ရှ်ကလည်း ပြီးခဲ့တဲ့တပတ်က ဗီလာအသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး အသင်းပြောင်းရွှေ့ချင်တယ်လို့ ပြောဆိုခဲ့ပြီးနောက် ဗီလာဘက်က မန်စီးတီးရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ရတာလည်းဖြစ်ပါတယ်။ 

ပေါင်သန်း ၁၀၀ ဆိုတဲ့ ပမာဏကြောင့် ဂရီလစ်ရှ်ဟာ ဗြိတိန်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်အဖြစ် မှတ်တမ်းဝင်တော့မှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးရဲ့ စျေးအကြီးဆုံးကစားသမား၊ အင်္ဂလန်ကစားသမားတွေထဲမှာ စျေးအကြီးဆုံးကစားသမားအဖြစ် ရူဘင်ဒီယက်စ်နဲ့ ဟယ်ရီမက်ဂွိုင်းယားတို့ရဲ့ စံချိန်တွေကိုပါ သူက ကျော်ဖြတ်နိုင်တော့မှာလည်း ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ဂရီလစ်ရှ်ဟာ ဗီလာအကယ်ဒမီက ထွက်ပေါ်လာခဲ့သူဖြစ်ပြီး လူငယ်ကစားသမားဘဝ၊ ပရိုကစားသမားဘဝတွေကို အသင်းတစ်သင်းတည်းမှာပဲ ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း ပရီးမီးယားလိဂ်မှာ ပြသခဲ့တဲ့ သူ့ရဲ့ခြေစွမ်းတွေကြောင့် ဂွာဒီယိုလာလက်အောက်မှာ ကစားရဖို့အထိပါ ဖြစ်လာခဲ့ပြီး လက်ရွေးစင်အသင်းမှာလည်း ပုံမှန်ရွေးချယ်ခံနေရသူဖြစ်ပါတယ်။

Share

က္က