လေးဦးမြောက်ခေါ်ယူမှုဖြစ်လာခဲ့ပါတယ်။

ထင်မှတ်မထားတဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်ပြီး ဗီလာရဲ့ ကစားသမားခေါ်ယူမှုအပေါ်မှာ အားလုံးက အံ့အားသင့်နေရပါတယ်။


အပြောင်းအရွှေ့စျေးကွက်မှာ ကစားသမားသစ် ၃ ဦးအထိ ခေါ်ယူထားပြီးဖြစ်တဲ့ အက်စတွန်ဗီလာအသင်းဟာ ကွင်းလယ်လူဂရီလစ်ရှ်ကို ရောင်းချဖို့ သဘောတူညီမှုရယူခဲ့ပြီးနောက် ဆောက်သမ်တန်တိုက်စစ်မှူးဒန်နီအင့်စ်ကို ခေါ်ယူနိုင်ခဲ့ပြီလို့ ရုတ်တရက်သတင်းထုတ်ပြန်သွားခဲ့ပါတယ်။ ထင်မှတ်မထားတဲ့ အပြောင်းအရွှေ့တစ်ခုဖြစ်ပြီး ဗီလာရဲ့ ကစားသမားခေါ်ယူမှုအပေါ်မှာ အားလုံးက အံ့အားသင့်နေရပါတယ်။

ဒန်နီအင့်စ်အတွက် ပြောင်းရွှေ့ကြေးကို ဗီလာက တရားဝင်ဖော်ပြခဲ့ခြင်းမရှိပေမယ့် Goal.com ကတော့ ပေါင်သန်း ၃၀ လို့ ရေးသားခဲ့ပါတယ်။ ဆောက်သမ်တန်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီးဖြစ်တဲ့ ဒန်နီအင့်စ်ဟာ ဗီလာရဲ့ လေးဦးမြောက်ခေါ်ယူတဲ့ ကစားသမားသစ်ဖြစ်လာခဲ့ပြီး သူ့အရင်မှာ ဗီလာက အက်ရှ်လေယန်း၊ ဘူဒီယာ၊ လီယွန်ဘိုင်လေတို့ကို ခေါ်ယူထားပြီးဖြစ်ပါတယ်။ 

အဆိုပါကစားသမားအားလုံးအတွက် ဗီလာက ပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀ နီးပါး အသုံးပြုခဲ့ရပြီး ဒါဟာ ဂရီလစ်ရှ်အတွက် ရရှိမယ့် ပြောင်းရွှေ့ကြေးရဲ့ ပမာဏလည်းဖြစ်ပါတယ်။ ဗီလာခေါ်ယူခဲ့တဲ့ ကစားသမားတွေဟာ ပြီးခဲ့တဲ့ရာသီက သက်ဆိုင်ရာအသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့သူတွေဖြစ်ပြီး အဓိကကစားသမားတွေအဖြစ် ရှိနေခဲ့သူတွေလည်းဖြစ်တာကြောင့် သူတို့ရဲ့ခေါ်ယူမှုတွေက ကောင်းမွန်တယ်လို့ ယူဆနေကြပါတယ်။ 

ဒန်နီအင့်စ်ကတော့ လီဗာပူးလ်ကစားသမားဟောင်းဖြစ်ပြီး အန်ဖီးလ်မှာ ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။ ဒါပေမယ့် ဆောက်သမ်တန်ကို ပြောင်းရွှေ့ခဲ့ပြီးနောက်မှာတော့ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ၁၃ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ အင်္ဂလန်တိုက်စစ်မှူးဟာ အသင်းသစ်တစ်သင်းကိုပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်နေပေမယ့် ဘယ်လိုအစအနသတင်းမှမထွက်ခဲ့ဘဲ ဗီလာကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

Share

က္က