လေလံတင် ရောင်းချသွားမှာပါ

ယခုနှစ်အတွင်း အမေရိကန်အခွန်ဌာနက သိမ်းဆည်းရရှိခဲ့တဲ့ တရားမဝင် Cryptocurrency တန်ဖိုးဟာ ပြီးခဲ့တဲ့နှစ်ကထက် ၁၀ ဆနီးပါး ပိုများခဲ့တယ်လို့ ဆိုပါတယ်။

               ဥပ‌ဒေနဲ့ မညီတဲ့ ရည်ရွယ်ချက်နဲ့ အသုံးပြုနေတဲ့ Cryptocurrency တွေကို ဒေါ်လာ ၁.၂ ဘီလျံဖိုး ကန်ပြည်တွင်းအခွန်ဦးစီးဌာန IRS ကမိခဲ့တာ ဖြစ်တယ်လို့ CNBC သတင်းက ဖော်ပြပါတယ်။ IRS ဆိုက်ဘာရာဇဝတ်မှုဌာန ညွှန်ကြားရေးမှူး ဂျာရော့ကူးပ်မန်းရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၀၂၀ မှာ မှောင်ခို Cryptocurrency ၁၃၇ သန်းဖိုး ဖမ်းမိခဲ့တာကြောင့် ဒါဟာ အရင်နှစ်ကထက် ၁၀ ဆနီးပါး တိုးတက်လာတာလို့ ဆိုပါတယ်။




Photo; blockchain


               "၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ကျွန်တော်တို့ဆီမှာ Crypto ဖမ်းဆည်းရရှိမှုဟာ ဒေါ်လာ ၇ သိန်းဖိုးခန့် ရှိပါတယ်။ ၂၀၂၀ မှာတော့ ဒေါ်လာ ၁၃၇ သန်းဖိုး ထိုးတက်သွားခဲ့ပါတယ်။ အခု ၂၀၂၁ ခုနှစ်အထိ ဖမ်းဆီးရရှိမှုဟာဆိုရင်ဖြင့် ဒေါ်လာ ၁.၂ ဘီလျံဖိုးအထိ ရှိပါတယ်။ " လို့ ကူးပ်မန်းက ပြောပါတယ်။

               အရင်နှစ်တွေက အမေရိကန်အစိုးရဟာ ဖမ်းဆီးရမိတဲ့ Cryptocurrency တွေ ပြန်ရောင်းချခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာဆို Dark Web ဈေးကွက်ဖြစ်တဲ့ Silk Road ရဲ့ စနစ်ထဲ ဝင်ပြီး ဒေါ်လာ ၁ ဘီလျံဖိုးရှိတဲ့ (Bitcoin ၇ သောင်းခန့်) ကို သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။ Silk Road ဟာ တရားမဝင်မူးယစ်ဆေးဝါးနဲ့ လက်နက်တွေ ရောင်းဝယ်နေတဲ့ အွန်လိုင်း Marketplace တစ်ခု ဖြစ်ပြီး အရောင်းအဝယ်အများစုကို Bitcoin နဲ့ လုပ်တာပါ။

               အမေရိကန်တရားရေးဌာနကနေ ဒီဆိုက်ကို ၂၀၁၃ မှာ ဖျက်သိမ်းထားတာပါ။ အမေရိကန်အစိုးရပိုင်အဖြစ် သိမ်းယူပြီးနောက် ဒီ bitcoin တွေကို လေလံတင်ခဲ့တာပါ။ ဒီနှစ်ထဲ ဖမ်းဆီးရမိတဲ့ Cryptocurrency တွေကိုလည်း အများပြည်သူလေလံဆွဲနိုင်အောင် ရောင်းသွားဖို့ ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က