Under-display ကင်မရာနဲ့ လာမှာပါ

လာမယ့် ဩဂုတ်လ ၁၀ ရက်နေ့ ထွက်ရှိမယ့် Xiaomi Mi Mix 4 ဟာ အားလုံးကို အံ့အားသင့်စေမယ့်ဖုန်းတစ်လုံး ဖြစ်လာမှာပါ။


           တစ်နှစ်တစ်နှစ် Xiaomi Mi Mix စီးရီးတွေက အထွက်ကျဲလာလိုက်တာ နောက်ဆုံးထွက်ခဲ့တဲ့ Mi Mix 3 တောင် သုံးနှစ်လောက် ကြာသွားပါပြီ။ အရင့်အရင်နှစ်တွေကတည်းက ဘောင်ပျောက်ဖုန်းတွေကို Xiaomi ဟာ Mi Mix စီးရီးမှာ ချပြခဲ့တာ ဖြစ်လို့ ဒီနှစ် မြင်ရမယ့် Mi Mix 4 ကလည်း ဒီဇိုင်းနဲ့ Display ပိုင်းမှာ အတော်လေး ထူးခြားမှုတွေ တွေ့ရဖို့ ရှိပါတယ်။




Photo; gizchina


           ပိုပြီးစိတ်ဝင်စားဖို့ ကောင်းတာတစ်ခုက ရှေ့ကင်မရာနည်းပညာသစ်ဖြစ်တဲ့ Under-Display Selfie နည်းပညာကို သုံးလာမှာ သေချာသလောက် ရှိတာပါပဲ။ ဒါဆို Screen ဒီဇိုင်းကလည်း Waterfall Display ပုံစံ Curved ဖြစ်ဖို့ များနေပါပြီ။ အတည်ပြုလို့မရသေးတဲ့ စမတ်ဖုန်းလောကထဲက သတင်းတွေအရတော့ Mi Mix 4 ဟာ ၆.၄ လက်မ OLED panel သုံးမယ်လို့ ဆိုပါတယ်။

           Screen Resolution ကလည်း FHD+ Resolution ပဲ Support ပေးမယ်လို့ ခန့်မှန်းနေကြပါတယ်။ တကယ်တမ်း မိတ်ဆက်လာချိန်မှာ ဘယ်လိုမျိုး ဖြစ်မလဲဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။ display ကိုလည်း တရုတ်ကုမ္ပဏီ Optoelectronic က ထုတ်ကုန်ပဲ သုံးသွားဖို့ ရှိပြီး Screen Refresh rate ဟာ အမြင့်ဆုံး 120Hz အထိ မှန်းထားပါတယ်။ ကျောဘက်မှာ သုံးလုံးတွဲကင်မရာစနစ် (50MP Samsung GN1s ၊ 48MP ultrawide နဲ့ 48MP telephoto lens) သုံးမယ်လို့ Gizmochina သတင်းက ယူဆထားပါတယ်။

           နောက်ဆုံးပေါ် Flagship ဖုန်းဖြစ်တဲ့အတိုင်း Mi Mix 4 ဟာ Snapdragon 888 ဒါမှမဟုတ် 888+ SoC ကို သုံးလာမှာပါ။ RAM 12GB ၊ Storage 512GB အထိ မျှော်လင့်ထားပြီး 5000mAhဘက်ထရီ သုံးမယ်လို့ သတင်းတွေက ဆိုပါတယ်။ အားသွင်းစနစ်အနေနဲ့ 120W fast charging ၊ 70W or 80W Wireless Charging သုံးလာမယ်လို့လည်း သတင်းပြေးနေပါတယ်။

           ဈေးနှုန်းအနေနဲ့ Mi Mix 4 ဟာ လက်ရှိအမြင့်ဆုံး Xiaomi ဖုန်းဖြစ်တဲ့ Xiaomi Mi 11 Ultra ထက်တောင် ဈေးကြီးဖို့လည်း ရှိပါတယ်။ ဩဂုတ်လ ၁၀ ရက်နေ့မှာတော့ Mi Mix 4 ရဲ့ လျှို့ဝှက်ချက်တွေ မြင်တွေ့ရတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က