မျက်နှာပေါ်က အဆီဖုတွေဖယ်ရှားလိုသူတွေ ဒီအချက်တွေကို မဖြစ်မနေလုပ်ကြည့်စေချင်ပါတယ်။

အဆီဖုတွေဟာ အရေပြားအောက်ရှိ Keratin ပရိုတင်းတွေ ပိတ်မိသွားတဲ့အခါ ဖြစ်ပေါ်လာတတ်ပြီး အရေပြားဆဲလ်သေတွေ ၊ အဆီတွေနဲ့ ဘက်တီးရီးယားတွေ  ချွေးပေါက်အတွင်းပိတ်မိသွားတဲ့အခါလည်း ဖြစ်ပေါ်လာတတ်ပါတယ်။အဆီဖုလေးတွေဟာ နှာခေါင်း ၊ ပါး နဲ့ မေးစေ့တစ်ဝိုက်မှာ အများဆုံးဖြစ်ပေါ်တတ်သလို အခြားနေရာတွေမှာလည်း ဖြစ်ပေါ်တတ်ပါတယ်။




အဖြူရောင် ဒါမှမဟုတ် အဝါရောင် အဆီဖု အဆီခဲလေးတွေဟာ မနာကျင်စေပေမယ့် လူကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။အသားအရေချောမွေ့မှုမရှိတဲ့အတွက် အလှပျက်တယ်လို့ ယူဆပြီး ဖယ်ရှားလိုကြပါတယ်။


အဆီဖုလေးတွေ မျက်နှာက ကွယ်ပျောက်သွားဖို့အတွက် အခုပြောပြမယ့် အချက် (၇)ချက်ကို ပြုလုပ်ပေးဖို့ လိုပါလိမ့်မယ်။


၁။ မညှစ်ပါနဲ့ - အဆီဖုလေးတွေကို ညှစ်ထုတ် ၊ ခြစ်ထုတ်ဖို့ ကြိုးစားရင်း ပိုးဝင်ပြီး အနာနဲ့ အမာရွတ်တွေဖြစ်သွားနိုင်တာကြောင့် မပြုလုပ်သင့်ပါဘူး။

Photo - Freepik

၂။ သေချာသန့်စင်ပါ-  မျက်နှာသစ်ဆပ်ပြာ အပျော့စားလေးတွေနဲ့ မျက်နှာကို သန့်စင်ပါ။ပြီးရင် ရေကို ဒီတိုင်းခြောက်အောင်မထားဘဲ ခြောက်သွေ့အောင် ပြုလုပ်ပါ။ပဝါနဲ့အသာအယာသုတ်တာမျိုး ၊ မျက်နှာသုတ်တစ်ရှူးနဲ့ အသာအယာခြောက်သွေ့စေတာမျိုး ပြုလုပ်ပါ။

၃။ ရေနွေးငွေ့နဲ့ ပေါင်းတင်ပါ-  မျက်နှာကို သန့်စင်ပြီးတဲ့အခါ ပိတ်ဆို့နေတဲ့ ချွေးပေါက်တွေပွင့်ဖို့အတွက် ရေနွေးငွေ့ပေါင်းတင်ခြင်းက အလွန်ကောင်းပါတယ်။

၄။ အဆီဖုရှိတဲ့ဧရိယာကို exfoliate လုပ်ပါ - အသားအရေကို exfoliate လုပ်ခြင်း (ဆဲလ်သေများကို ဖယ်ရှားခြင်း) က အခုနောက်ပိုင်း ခေတ်စားလာသလို exfoliate လုပ်တဲ့ ပစ္စည်းတွေလည်း မြောက်များစွာရှိလာပါတယ်။ဒီထဲကမှ Salicylic acid, citric acid, ဒါမှမဟုတ် glycolic acid ပါတဲ့သန့်စင်ဆေးရည်နဲ့ မျက်နှာကို တစ်ပတ်တစ်ကြိမ် သန့်စင်ပါ။ ဒါဟာ အရေပြားယားယံခြင်းနဲ့ အဆီဖုဖြစ်စေတဲ့ keratin ကိုအလွန်အကျွံထုတ်လုပ်ခြင်းမှကာကွယ်ပေးပါတယ်။

၅။  Peeling လုပ်ပါ- မျက်နှာကို သန့်စင်စေတဲ့နောက်တစ်နည်းဖြစ်တဲ့ Peeling လုပ်ခြင်းဟာ အဆီဖုတွေ ဖယ်ရှားဖို့ ကောင်းမွန်တဲ့ နည်းတစ်ခု ဖြစ်ပါတယ်။salicylic acid ၊ glycolic acid ပါဝင်တဲ့ peeling လုပ်တဲ့ ပစ္စည်းတွေဟာ အခု တွင်တွင်ကျယ်ကျယ်ရရှိနေပါပြီ။စိတ်ချရတဲ့ထုတ်ကုန်တစ်ခုခုဝယ်ပြီး တစ်ပတ်တစ်ကြိမ် Peeling လုပ်ပါ။ 

Photo - Cosmopolitan

၆။ Retinoid cream လိမ်းပါ- မျက်နှာသစ် သန့်စင်ပြီးရင် တစ်နေ့ကို တစ်ကြိမ်သာ  retinoid ပါတဲ့ cream လိမ်းပါ။ Retinoid cream တွေမှာ ဗီတာမင်အေပါဝင်ပြီး အရေပြားကျန်းမာဖို့ လိုအပ်တဲ့ဓာတ်ဖြစ်ပါတယ် Retinoid (သို့) Retinol cream လိမ်းစဉ်မှာတော့ နေ့စဉ် နေရောင်ကာကွယ်ရန်လိုအပ်သည်။ ဒါကြောင့် sunscreen လိမ်းဖို့လည်းလိုအပ်ပါတယ်။

၇။ sunscreen လိမ်းပါ-  မျက်နှာအရေပြားကို ခရမ်းလွန်ရောင်ခြည်ဒဏ်က ကာကွယ်ဖို့လိုပါတယ်။ဒါမှသာ အရေပြားယားယံတာတွေကို လျော့နည်းစေမှာဖြစ်ပါတယ်။မျက်နှာကိုလိမ်းမယ်ဆိုရင် မျက်နှာအတွက်သာ ထုတ်ထားတဲ့အမျိုးအစားကို ရှာဖွေပါ။SPF 30 ဒါမှမဟုတ် အဲဒီထက်ပိုပါဝင်တဲ့ အမျိုးအစားကို အသုံးပြုပါ။ ဒါပေမယ့် အလှကုန်ဝယ်တိုင်း ကိုယ်နဲ့ဓာတ်မတည့်တဲ့ပစ္စည်းအမျိုးအစားကို သတိပြုရှောင်ရှားဖို့ မှာချင်ပါတယ်နော်။

Ref: Heatlhline


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က