ရော်န်ဒို နဲ့ မက်ဆီပြီးရင် အကောင်းဆုံးလို့ ဆိုပါတယ်။

ဂရီလစ်ရှ်ဟာ မန်စီးတီးကို ဗီလာကနေ ပေါင်သန်း ၁၀၀ နဲ့ ပြောင်းရွှေ့ခဲ့ပြီး ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်ခဲ့ကာ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ကစားသွားမှာလည်းဖြစ်ပါတယ်။ 


မန်စီးတီးကစားသမားသစ်ဖြစ်လာခဲ့တဲ့ ဂျက်ဂရီလစ်ရှ်က အသင်းဖော်သစ်ကီဗင်ဒီဘရိုင်းဟာ ရော်နယ်ဒိုနဲ့ မက်ဆီတို့ပြီးရင် ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ချီးကျူးလိုက်ပါတယ်။ ဂရီလစ်ရှ်ဟာ မန်စီးတီးကို ဗီလာကနေ ပေါင်သန်း ၁၀၀ နဲ့ ပြောင်းရွှေ့ခဲ့ပြီး ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်ခဲ့ကာ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ကစားသွားမှာလည်းဖြစ်ပါတယ်။ 

သူ့ရဲ့အနှစ်သက်ဆုံးကစားသမားတွေနဲ့ တွဲဖက်ကစားရမယ့်အပေါ်မှာ စိတ်လှုပ်ရှားမိတယ်လို့လည်း ဂရီလစ်ရှ်က ပြောဆိုခဲ့ပြီး ဒီဘရိုင်းရဲ့ ကစားဟန်တွေကိုလည်း သူ့ရဲ့ကစားဟန်မှာ အသုံးချခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ခရီးရောက်မဆိုက်ဘဲ ဂရီလစ်ရှ်က ချီးကျူးပြောဆိုခဲ့တာဖြစ်ပြီး အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်က မန်စီးတီးကစားသမားသစ်တစ်ဦးအနေနဲ့ အခုလိုပဲ ပြောဆိုခဲ့ပါတယ်။ 

"သူ့အကြောင်းကို ကျွန်တော် ကောင်းကောင်းပြောဖူးပါတယ်၊ ရော်နယ်ဒိုနဲ့ မက်ဆီပြီးရင် သူက ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့ ကျွန်တော်အမြဲပြောခဲ့ပါတယ်၊ သူ့မှာ ဘာမဆိုလုပ်နိုင်စွမ်းရှိတယ်လို့ ကျွန်တော်ထင်တယ်၊ သူက ဘယ်လောက်တောင်မှမြန်ဆန်သလဲဆိုတာကို လူတွေက အသိအမှတ်မပြုတဲ့ နောက်ထပ်တစ်ယောက်ဖြစ်မယ်လို့လည်း ကျွန်တော်ထင်တယ်"

"ပုံမှန်အားဖြင့်လည်း နောက်ခံလူတွေကို နောက်ကောက်ချပစ်နိုင်ပြီး သူ့ရဲ့နောက်ဆုံးဘောလုံးတွေက တကယ်ကိုမယုံကြည်နိုင်စရာကောငး်ပါတယ်၊ ၂၀၁၉ ဘောလုံးရာသီတုန်းက ကျွန်တော် ဖန်တီးမှု ၆ ကြိမ်ပဲရှိခဲ့တယ်၊ ကျွန်တော်နဲ့ နည်းပြအတူတူထိုင်ပြီး ဒီဘရိုင်းကစားတာကို ထိုင်ကြည့်နေခဲ့ပြီး သူ ဘယ်လိုတွေလုပ်ခဲ့လဲဆိုတာကို လက်တွေ့ပြန်ပြီးတော့ ကျွန်တော်လေ့ကျင်ခဲ့တယ်"

"ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော် ၁၀ ကြိမ်ဖန်တီးနိုင်ခဲ့ပြီး အကောင်းဆုံးပြန်လာနိုင်ခဲ့ပါတယ်၊ အဲဒါကို အခြေခံခဲ့တာပါ၊ သူနဲ့ ဘယ်တုန်းကမှ တွဲမကစားခဲ့ဖူးပါဘူး၊ သူနဲ့ပဲ ရင်ဆိုင်နေခဲ့ရတာပါ၊ သူ့ ဂျာစီလည်း ကျွန်တော်ရဖူးတယ်၊ ဒါပမေယ့် သူက ကျွန်တော်အတူတွဲကစားဖို့ မစောင့်နိုင်တဲ့သူတွေထဲက တစ်ဦးပါပဲ" လို့ ဂရီလစ်ရှ်က ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။ 

Share

က္က