Luxury Train ‌ဆိုတဲ့အတိုင်းပဲ အမိုက်စားရထားကြီးပါ

ထိပ်တန်း စူပါရွက်လှေဒီဇိုင်းတွေနဲ့ နာမည်ကျော်တဲ့ ပြင်သစ်ဒီဇိုင်နာဟာ ဒေါ်လာသန်း ၃၀၀ ကျော် ကုန်ကျမယ့် ကမ္ဘာ့ပထမဆုံး ပုဂ္ဂလိကဇိမ်ခံရထားတစ်မျိုးကို ဒီဇိုင်းထုတ်နေတယ်လို့ ဆိုပါတယ်။

           ပြင်သစ်ဒီဇိုင်နာ သီယာရီဂေါဂိန်ဟာ Apple တည်ထောင်သူနဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း စတိဗ်‌ဂျော့စ်အတွက် ပေ ၂၆၀ ရှည်တဲ့ Venus ဆိုတဲ့ ရွက်လှေဖန်တီးခဲ့တဲ့ ပညာရှင်လည်း ဖြစ်ပါတယ်။ ဂေါ်ဂိန်ဟာ စူပါရွက်လှေနဲ့ ကိုယ်ပိုင် Private Jet လေယာဉ်တွေ ဒီဇိုင်းထုတ်ရာမှာ အလွန်ထူးချွန်သူအဖြစ် နာမည်ကြီးပါတယ်။ နှစ်ပေါင်း ၃၀ ကြာ ဒီဇိုင်းလောကထဲ ကျင်လည်ခဲ့ရာမှာ အိမ်သုံးပရိဘောဂကနေ ဆိုင်ကယ်နဲ့ Private Jets တွေအထိ ဖန်တီးမှုလုပ်ခဲ့ပါတယ်။




Photo: goodwordnews

           ဘီလျံနာတွေအတွက် တန်ဖိုးကြီးဇိမ်ခံ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးယာဉ်တွေ ဖန်တီးခဲ့တဲ့သူဟာ ဒီတစ်ကြိမ်မှာတော့ ကမ္ဘာ့ပထမဆုံးအဆင့်မြင့် ဇိမ်ခံ Private Train တစ်စီးကို ပုံစံထုတ်နေတယ်လို့ Times Now News က ဆိုပါတယ်။ ဒီဇိမ်ခံရထားကို The G Train လို့ နာမည်ပေးထားပြီး ပိုင်ရှင်တစ်ဦးတည်းအတွက် ဒီဇိုင်းထုတ်ထားတာပါ။ စမတ်ရထားအမျိုးအစားဖြစ်ပြီး အလျားပေ ၁၃၀၀ ခန့် ရှည်လျားပြီး အတွဲ ၁၄ တွဲ ပါမှာပါ။

           ဒီရထားတွဲတွေကို နည်းပညာမြင့် စမတ်မှန်တွေနဲ့ အလုံပိတ်ကာထားမယ်လို့ ဆိုပါတယ်။ နည်းပညာမြင့်စမတ်မှန်တွေဟာ ကိုယ်ရေးကိုယ်တာလုံခြုံမှု ရှိစေဖို့ ထွင်းဖောက်မြင်အကြည်သားကနေ အတွင်းကို မမြင်အောင်ပါ ပြောင်းနိုင်ပါတယ်။ ဒါ့အပြင် စိတ်အခြေအနေပေါ်လိုက်ပြီး မြင်ကွင်းပုံစံပြောင်းပေးတာ ၊ အရောင်အဆင်းပြောင်းပေးတာမျိုးလည်း လုပ်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။


Photo: theluxurystoryteller


           အတွင်းခန်းတွေမှာ ဧည့်ခန်း ၁၈ ခန်း ထည့်ပေးထားပြီး ဇိမ်ခံနိုင်မယ့် အခန်းတစ်ခုလည်း ပါဝင်မှာ ဖြစ်ပါတယ်။ အားကစားလုပ်ချင်သူတွေအတွက်လည်း Gym ရုံတစ်ခု ထည့်ထားသလို Spa နဲ့ ညစာစားခန်းတွေ ၊ Public Space တွေလည်း ထည့်သွားမှာပါ။ လဟာပြင်ပါတီတွေ လုပ်ဖို့အတွက်လည်း ရထားဘေးဘက်ကနေ တောင်ပံသဖွယ်နေရာတွေ ဖန်တီးပေးနိုင်မှာ ဖြစ်သလို အတွင်းထဲမှာလည်း ဥယျာဉ်တစ်ခုပါ ထည့်ပေးသွားမယ်လို့ ဆိုပါတယ်။

           တစ်တွဲမှာ ဧည့်သည် ၁၈ ဦးအထိ ဧည့်ခံနိုင်ပြီး တစ်နာရီ ကီလိုမီတာ ၁၆၀ နှုန်းနဲ့ ပြေးဆွဲနိုင်မှာပါ။ ရထားလမ်းကြောင်းကိုလည်း ဥရောပနဲ့ အမေရိကတခွင်မှာ ရှိတဲ့ ရထားလမ်းတွေပေါ် ပြေးနိုင်အောင် ဒီဇိုင်းထုတ်ထားတယ်လို့ ဆိုပါတယ်။ G Train ဇိမ်ခံရထား တည်ဆောက်ရေးဟာ အမေရိကန်ဒေါ်လာ သန်း ၃၅၀ ဝန်းကျင်အထိ ကျသင့်နိုင်တယ်လို့ ခန့်မှန်းထားပြီး ရထားရဲ့လုပ်ဆောင်ချက်တွေအဆင်ပြေချောမွေ့မှုရှိရေးအတွက် ‌ဂေါဂိန်နဲ့ သူ့အဖွဲ့ဟာ နှစ်အတော်ကြာအောင် ကြိုးစားထားတယ်လို့ ဆိုပါတယ်။



         Photo: futuroprossimo

           လူမှုကွန်ရက်တွေပေါ်မှာတော့ ဂေါဂိန်ရဲ့ စမတ်ဇိမ်ခံရထားဟာ ပြင်ပလောကထဲက Snowpiercer ရထားကြီးလို့ ပြောနေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က