Mac ထုတ်ကုန်တွေပေါ်က Cache အမျိုးမျိုး ရှင်းနည်း

Mac ပဲ သုံးသုံး Windows Laptops ပဲ သုံးသုံး ကျွန်တော်တို့ရဲ့ နေ့စဉ် ကွန်ပျူတာသုံးစွဲမှုတွေက စက်ထဲမှာ ယာယီဖိုင်တွေအဖြစ် သိမ်းဖို့ ကျန်နေခဲ့ပါတယ်။ ဒါကို Caching လို့ ခေါ်ပါတယ်။

           ဝက်ဘ်ဆိုက်တစ်ခုထဲ ဝင်တဲ့အခါ ကိုယ်ဝင်လိုက်တဲ့ Browser က Images တွေ ၊ Scripts တွေနဲ့ Login ဝင်လိုက်တဲ့ အချက်အလက်တွေကို ဒေါင်းလုပ်ဆွဲပြီး Cached Folder ထဲမှာ ထည့်ပါတယ်။ Cache ရဲ့ အလုပ်က နောက်တစ်ကြိမ် ဒီဝက်ဘ်ဆိုက်ထဲပဲ ပြန်ဝင်တဲ့အခါ အချက်အလက်တွေအကုန်လုံး ဒေါင်းလုပ်ဆွဲစရာမလိုဘဲ အရင်ဖန်တီးပြီးသား Folder ထဲက ဒေတာတွေကို ချက်ချင်းဆွဲယူနိုင်ဖို့ ဖြစ်ပါတယ်။



           Cache ကလည်း အမျိုးမျိုး ရှိပါတယ်။ App တွေထဲ ဝင်ဖို့အတွက် အချက်အလက်တွေ သိမ်းပေးထားတဲ့ App Data ရှိသလို Operating System ကနေ အချက်အလက်တွေ ယူသုံးနိုင်အောင် သိမ်းထားတဲ့ System Cache နဲ့ Web Browsing လုပ်ရင်း Browser ကနေ သိမ်းထားတဲ့ Browser Cache လည်း ရှိပါတယ်။ Cache Information တွေ မရှင်းဘဲ ထားရင် Disk Space နေရာစားပြီး Operating System ရဲ့ အလုပ်လုပ်ဆောင်နိုင်စွမ်းကို နှေးကွေးစေပါတယ်။

           ဒီတစ်ခေါက်မှာတော့ Mac ထုတ်ကုန်တွေပေါ်က Cache အမျိုးမျိုး ရှင်းနည်းအကြောင်း မျှဝေချင်ပါတယ်။

 

(၁) Mac ပေါ်မှာ App Cache ဘယ်လို ရှင်းမလဲ


Photo: Mashable

 

           User Cache ရှင်းဖို့အတွက် Mac မှာ Keyboard shortcuts လေးတွေ သုံးပြီး အလွယ်တကူ ရှင်းလို့ ရပါတယ်။ Shift,Command + G ကို နှိပ်ပြီး Finder ကို ခေါ်လိုက်ပါ။

           Finder ကနေ Go To Folder ထဲ ဝင်ပြီး search box ထဲမှာ ~/Library/Caches ဆိုတဲ့ command ရိုက်ထည့်ရမှာပါ။ ပြီးရင် Go ဆိုတဲ့ button လေး နှိပ်လိုက်ရင် Mac ထဲမှာ ရောက်နေတဲ့ cached Files တွေပါတဲ့ Folder လေး ပွင့်လာမှာပါ။ cache တွေ တစ်ခုချင်းကို Manual ရွေးပြီး Trash ထဲ ထည့်နိုင်သလို အကုန် ရှင်းချင်တယ်ဆိုရင် select ပေး ၊ Command +A နဲ့ Folder တိုင်းကို ရွေးပြီး Command + Delete နှိပ်လိုက်ရမှာပါ။

           ဒါဆို Files တွေ ဖျက်မှာ သေချာလားဆိုပြီး မေးတဲ့ Window တစ်ခု တက်လာပြီး Mac password တောင်းမှာပါ။ password ထည့်ပေးလိုက်တာနဲ့ caches တွေကို ရှင်းသွားမှာ ဖြစ်ပါတယ်။

 

(၂) System Cache တွေ ဘယ်လို ရှင်းမလဲ


Photo: Mashable

 

           System Cache တွေက App Cache လောက်တော့ Space မယူပါဘူး။ Mac ရဲ့ OS ကနေ ထုတ်လိုက်တဲ့ files တွေ ဖြစ်လို့ ဖျက်ပစ်မယ်ဆိုရင် နည်းနည်းသတိထားဖို့ လိုပါတယ်။ System Caches ရှင်းမယ်ဆိုရင် ပုံမှန်လည်ပတ်နေတဲ့စနစ်ကို ထိမယ့် အရေးကြီးဖိုင်တွေ မဖျက်မိဖို့ လိုပါတယ်။ ဒီတော့ ဘယ် System Folders ကို ဖျက်ရမယ် ၊ ဘယ်ဖိုင်တော့ ဒီအတိုင်း ထားရမယ်ဆိုတာ သိရမှာပါ။

           System Cache ရှင်းမယ်ဆို Shift,Command + G နဲ့ Finder ခေါ်ပြီး Go To Folder ကို သွားပါ။ Search box မှာ /Library/Caches ကို ရိုက်ထည့်ရမှာပါ။ ပထမ App Cache မှာလို ~ လေး မပါတော့ပါဘူး။ ပြီးရင် Caches Folder ထဲက ဖိုင်တွေကို Trash ထဲ ထည့်ပြီး ရှင်းနိုင်ပါတယ်။ Shortcut နဲ့ မသွားချင်ရင်လည်း Finder ကို ဖွင့် ၊ Go ကနေ menu ထဲက Go to Folder ကို ဝင်နိုင်ပါတယ်။

 

(၃) Browser Cache ဘယ်လိုရှင်းမလဲ


Photo: Mashable

 

           Browser Cache ရှင်းတာလည်း လွယ်ပါတယ်။ ကိုယ်သုံးနေတဲ့ Browser ကို လိုက်ပြီး ညွှန်ကြားချက် ကွဲနိုင်ပါတယ်။ Google Chrome မှာဆိုရင် Chrome ကို ဖွင့် ၊ Menu မှာပါတဲ့ More Tools ကနေ Clear Browsing Data ကို ဝင်ရမှာပါ။ Clear Browsing Data ကို ဝင်လိုက်ရင် ကိုယ်ဖျက်ချင်တဲ့ အချိန်ကာလအလိုက် ရွေးနိုင်မယ့် option တက်လာပါလိမ့်မယ်။ All Time သာ ရွေးပြီး ဖျက်လိုက်ပါ။

           Chrome မှာ နောက်ထပ် ဖျက်ရမှာက Cookies and Other Site Data နဲ့ Cached images and files ဆိုတဲ့ boxes နှစ်ခုပါပဲ။ Browsing History ဆိုတဲ့ box လေးမှာလည်း အချက်အလက်တွေ ဝင်ဖျက်ပေးသင့်ပါတယ်။ Clear Data နှိပ်လိုက်တာနဲ့ Chrome မှာ ရှိတဲ့ Browsing caches တွေ အကုန် ဖျက်ပြီး ဖြစ်သွားမှာပါ။

           Browsing လုပ်တာကို Safari သုံးတတ်တယ်ဆိုရင် Safari ကို ဖွင့် ၊ Safari menu ထဲကနေ Preferences ကို ရွေး ၊ Advanced Tab ကို ဆက်သွားပြီး Show Develop menu in menu bar ဆိုတဲ့ box လေးကို အမှန်ခြစ်ပေးပြီး window ပိတ်ပါ။ toolbar မှာရှိတဲ့ Develop ဆိုတဲ့drop down menu ကို ရွေးပြီး Empty Cache ကို ကလစ်ပါ။ browser history ကို ဖျက်ချင်ရင် History ဆိုတဲ့ drop down ကို ရွေးပြီး Clear History ကို နှိပ်ရမှာပါ။

           Firefox နဲ့ အင်တာနက်သုံးတဲ့သူတွေအတွက် Browsing cache ရှင်းဖို့ဆိုရင် Firefox ရဲ့ main menu ကနေ History သွား ၊ Clear Recent History ကို ရွေးရမှာပါ။ pop-up window တစ်ခု တက်လာပြီး နာရီ ၊ နေ့ရက် အလိုက် ဖျက်နိုင်မယ့် options ပေးပါလိမ့်မယ်။ Cache အားလုံး ရှင်းဖို့အတွက် Everything ရွေးပေးလိုက်ပါ။

           ကိုယ်ဖျက်ချင်တဲ့ ဒေတာတွေကို ရွေးဖို့ Details ဆိုတာလေးရဲ့ ဘေးက မြားကို နှိပ် ဖျက်နိုင်ပါတယ်။ အကုန်လုံးဖျက်မယ်ဆိုရင် အကုန်လုံးကို Box အကုန်လုံး လိုက်ပြီး အမှန်ခြစ်ပေးရမှာပါ။ ဒေတာအားလုံး ဖျက်ဖို့အတွက် Clear Now ဆိုတဲ့ button လေး နှိပ်ရမှာ ဖြစ်ပါတယ်။

           အခုပြောတဲ့ နည်းလမ်းတွေက Cache တွေကို ထိထိရောက်ရောက် ရှင်းပေးနိုင်တာကြောင့် Mac ထုတ်ကုန်တွေ သုံးရာမှာ ပိုပြီး သွက်လက်ပေါ့ပါးလာစေမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က