ရုပ်ရှင်တွေ Free ကြည့်လို့ရတဲ့ ပလက်ဖောင်းတွေ

အားလပ်ရက်မှာ ရုပ်ရှင်ကြည့်ချင်တယ်ဆိုရင်တောင် COVID-19 ကြောင့် ဒီအချိန်မှာ ရုပ်ရှင်ရုံသွားလို့ မရတော့ပါဘူး။ သွားကြည့်စရာ ရုပ်ရှင်ရုံမရှိတဲ့အခါ ကိုယ့်ဖုန်းက ကိုယ့်ရုပ်ရှင်ရုံပါပဲ။

           Movie Streaming Services တွေ ပေါ်လာတာ အတော်ကောင်းပါတယ်။ အင်တာနက်လေးချိတ်ပြီး Streaming Sites တွေကနေ ကြည့်ချင်တဲ့ ရုပ်ရှင်ကားသစ် ၊ ကားဟောင်းတွေ တစ်နေရာတည်း ထိုင်ကြည့်နေရုံပါပဲ။ Movie Streaming Services တွေကလည်း ပေါမှ ပေါ။ တစ်ခုရှိတာက လစဉ်ကြေးသွင်း ကြည့်နေရတဲ့ Services တွေက များနေပါတယ်။ ဒီတော့ Sign Up လုပ်စရာမလိုဘဲ ရုပ်ရှင်တွေ Free ကြည့်လို့ရတဲ့ ပလက်ဖောင်းတွေ ညွှန်းပေးချင်ပါတယ်။



 

(၁) Sony Crackle


Photo: rapidtvnews

 

           Netflix ကို ယှဉ်ဖိုက်ဖို့ ထွက်လာတဲ့ Sony ရဲ့ Streaming Service တစ်ခု ဖြစ်ပါတယ်။ ဒီပလက်ဖောင်းရဲ့ အားသာချက်က Subscription ကြေး ပေးစရာမလိုသလို Sign-Up လုပ်ဖို့ မလိုဘဲ ကိုယ့်အကြိုက်ရုပ်ရှင်တွေ ဝင်ကြည့်လို့ရတာပဲ ဖြစ်ပါတယ်။ Netflix လို library မရှိပေမယ့် နာမည်ကြီး ရုပ်ရှင် ဇာတ်ကားဟောင်း ၊ အသစ် အစုံ ကြည့်လို့ ရပါတယ်။ နိုင်ငံပေါ် လိုက်ပြီး တချို့ ကြည့်လို့ရတာရှိသလို မရတာတွေလည်း ရှိပါတယ်။

           Crackle ဝက်ဘ်ဆိုက်ထဲက ရုပ်ရှင်တွေ ဒီအတိုင်း ဝင်ကြည့်ဖို့ဆို အင်တာနက်လိုင်းကောင်းဖို့တော့ လိုမှာပါ။ နောက်ပြီး Free Services ဖြစ်လို့ ကြော်ငြာနဲ့ ငွေရှာတာလည်း သည်းခံရပါလိမ့်မယ်။

 

(၂) Viewster


Photo: watchtvabroad

 

           Anime နဲ့ Documentary ကားတွေ ကြိုက်ရင် Viewster ပလက်ဖောင်းမှာ ဝင်ကြည့်သင့်ပါတယ်။ ဒီလို ပြောလို့ Viewster မှာ Anime နဲ့ Documentary တွေပဲ တင်တာတော့လည်း မဟုတ်ပါဘူး။ စိတ်ဝင်စားစရာ TV ရှိုးတွေနဲ့ ရုပ်ရှင်တွေလည်း အများကြီး ရှိပါတယ်။ အထူးသဖြင့် အမေရိကန်နဲ့ ယူကေ ထုတ်လုပ်ရေးတွေက TV Shows တွေကိုလည်း ကြည့်ရမှာပါ။ Free Platform ဆိုတဲ့အတိုင်း Credit Card တောင်းတာတွေ ဘာတွေလည်း မရှိပါဘူး။

 

(၃) Vudu


Photo: variety

 

           အတော်လေးမိုက်တဲ့ Free ရုပ်ရှင်ပလက်ဖောင်းတွေထဲမှာ Vudu လည်း ပါပါတယ်။ Free Movies တွေ TV Shows တွေကို Streaming ကြည့်ရမှာ ဖြစ်လို့ အင်တာနက်တော့ အတော်စားပါလိမ့်မယ်။ ရုပ်ရှင်တွေ TV Shows တွေကို ငှားတာ ၊ ဝယ်တာမျိုး လုပ်နိုင်တဲ့ service လည်း ရှိပါတယ်။ ကောင်းတာက လူကြိုက်များတဲ့ နာမည်ကြီးရုပ်ရှင်အစုံကို ဒီပလက်ဖောင်းမှာ အလကားကြည့်လို့ရတာပါပဲ။

           Vudu Movies On Us ဆို ရုပ်ရှင်တွေအကုန် Free ကြည့်လို့ရမယ့် Service ဖြစ်ပြီး Commercial ကြော်ငြာတော့လည်း ကျော်သွားလို့ မရဘူး။ ပလက်ဖောင်းအနေနဲ့ အတော်လေး အဆင်ပြေတဲ့ Movies Streaming အဖြစ် Vudu Movies on Us ကို ညွှန်းချင်ပါတယ်။

 

(၄) PopcornFlix



 Photo: technobezz

           PopcornFlix ကလည်း ဒီထဲမှာ ပြောထားတဲ့ တခြား sites တွေနဲ့အတူတူပါပဲ။ ရုပ်ရှင်ကားတွေကို သူ့ကဏ္ဍအလိုက် သူကြည့်နိုင်မယ်။ နာမည်ကြီးရုပ်ရှင်တန်း ၊ ရုပ်ရှင်အမျိုးအစားအတန်း ဆိုပြီးလည်း Category တွေ ခွဲထားပါတယ်။ မိသားစုလိုက် နားရက်မှာ တပျော်တပါး ရုပ်ရှင်တွေ အလကားကြည့်လို့ရမယ့် ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။ PopcornFlix ကလည်း အကုန်လုံး Free သုံးနိုင်တဲ့ Services ဖြစ်ပြီး Credit Card လို payment နဲ့ ချိတ်စရာမလိုပါဘူး။

 

(၅) Putlocker


Photo: thelivemirror

 

           Sign-Up စာရင်းသွင်းစရာမလိုဘဲ ရုပ်ရှင်နဲ့ TV Shows တွေ ကြည့်နိုင်မယ့် နောက်ထပ် ဝက်ဘ်ဆိုက်တစ်ခုက Putlocker ဖြစ်ပါတယ်။ Putlocker မှာ ရုပ်ရှင်တွေကို ဒရာမာလား ၊ ဟာသလား ၊ လျှို့ဝှက်ဆန်းကြယ်လား ၊ မှုခင်းအမျိုးအစားလား ၊ ထိတ်လန့်သည်းဖို့လား စသည်ဖြင့် သူ့အမျိုးအစားနဲ့သူ ရှာလို့ရအောင် စဉ်ပေးထားပါတယ်။ တရုတ်ကားတွေ အများကြီး တင်ထားတာက ဒီပလက်ဖောင်းရဲ့ ထူးခြားချက်ပါ။

           ဒီဝက်ဘ်ဆိုက်ကို သုံးရတာ မျက်စိအတော်ရှင်းပါတယ်။ နိုင်ငံအလိုက် ထွက်တဲ့ကားတွေ ကြည့်မလား။ နှစ်အလိုက်ရှာမလား ၊ ဇာတ်ကားနာမည်နဲ့ ရှာမလား ။ ဒါမှမဟုတ် IMDb rating နဲ့ ကြည့်မလား ။ ကိုယ့်ဘာသာ ရုပ်ရှင်နာမည်ထည့်ပြီး ကြည့်လို့ရအောင်ပါ Develop လုပ်ထားတာ ဖြစ်ပါတယ်။ Free Film တွေ အများကြီး တင်ပေးထားသလို ကားသစ်တွေလည်း ကြည့်လို့ရပါတယ်။

           အခုပြောခဲ့တာက အိမ်မှာနေရင်း ဖုန်းတစ်လုံး ၊ တက်ဘလက်တစ်လုံးနဲ့ ရုပ်ရှင်တွေ Free ကြည့်နိုင်မယ့် ဝက်ဘ်ဆိုက်တွေထဲက တချို့ပဲ ဖြစ်ပါတယ်။ ဒီဝက်ဘ်ဆိုက်တွေအြင် Free Movie Streaming လုပ်နေတဲ့ Sites တွေလည်း ရှိပါတယ်။ အဲ့ဒီလို Free Services တွေထဲမှာ YouTube ၊ Roku ၊ CONtv Anime ၊ Tubi TV ၊ Pluto TV ၊ ShareTV နဲ့ Twitch တို့လည်း ပါဝင်ပါတယ်။ အားလပ်ရက်မှာ မွှေနောက်ကြည့်ဖို့ပါ။  


ဆက်စပ်အကြောင်းအရာများ

Share

က္က