နေ့စဉ်စားသုံးနေတဲ့အရာတွေထဲမှာ ဆေးဖက်ဝင်တဲ့အစားအသောက်တွေအများအပြားရှိပါတယ်။

အစာစားပြီးအစာမကြေလို့ဘဲဖြစ်ဖြစ် အစားများပြီး မအီမသာဖြစ်လို့ဖြစ်ဖြစ်ခံစားရတဲ့ ဝေဒနာက တကယ့်ကိုအခံရခက်စေပါတယ်။

Photo: Healthline

ရံဖန်ရံခါမှာ ဆေးဝါးအကူအညီယူပြီးသက်သာအောင်ဖြေရှင်းနိုင်ပေမယ့် အစာအိမ်နဲ့ပတ်သက်တဲ့ဆေးဝါးတွေ အဆင်သင့်မရှိချိန်မျိုးမှာ အရေးပေါ်ဖြေရှင်းနိုင်ဖို့ခက်ခဲရတာမျိုးလည်းကြုံရတတ်ပါတယ်။ အစာအိမ်မအီမသာဖြစ်တာကို ဖြေရှင်းပေးနိုင်တဲ့အစားအသောက်အချို့ရှိတယ်ဆိုတာကိုသိပါသလား။ အိမ်ရဲ့မီးဖိုချောင်မှာ အလွယ်တကူရနိုင်တဲ့ အစားအသောက်အချို့က အစာအိမ်မအီမသာဖြစ်စေမှုကို သက်သာစေနိုင်တယ်ဆိုတာကတော့ အမှန်တကယ်ပါပဲ။

Photo: Medical News Today

ငှက်ပျောသီး

လူအများစုနှစ်ခြိုက်ပြီး အိမ်အများစုမှာ အဆင်သင့်ရှိတတ်တဲ့ အသီးအနှံတစ်မျိုးပါ။ ငှက်ပျောသီးမှာအမျှင်ဓာတ်အနည်းငယ်ပဲပါဝင်ပြီး အစာအိမ်ကိုထိခိုက်စေမယ့်ဆား(သို့)ငရုတ်သီးအစပ်လိုမျိုးတွေမပါဝင်ပါဘူး။ အမျှင်ဓာတ်အနည်းငယ်သာပါဝင်တဲ့အစားအသောက်ဖြစ်တဲ့အတွက် ဗိုက်အောင့်တာ၊ ပျို့အန်မအီမသာဖြစ်တာ၊ ဝမ်းလျှောတာတွေကို သက်သာစေပါတယ်။ 

လေထတာ၊ ဝမ်းချုပ်တာ၊ မအီမသာဖြစ်တာ၊ ပျို့အန်တာ ဒါမှမဟုတ် အစာမကြေတာတွေဖြစ်နေပြီဆိုရင် ငှက်ပျောသီးစားပေးသင့်ပါတယ်။ ဒါ့အပြင် ငှက်ပျောသီးမှာပါဝင်တဲ့ Pectin လို့ခေါ်တဲ့ ဓာတ်က အစာကြောင့်ဖြစ်စေတဲ့ အဆိပ်အတောက်တွေကိုလည်း ချေဖျက်ပေးနိုင်ပါတယ်။ 

Photo: Health Magzine

ဂျင်း

ဂျင်းကိုအိမ်တွင်းသမားတော်လို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်။ ရှေးခေတ်ဘိုးဘွားစဉ်ဆက်အိမ်တိုင်းရဲ့မီးဖိုချောင်မှာ ဂျင်းကအမြဲနေရာယူထားတတ်ပြီး ဝေဒနာပေါင်းစုံအတွက် ကုသရာမှာ အမြဲလို ဂျင်းက ပါနေတတ်ပါတယ်။ နာကျင်တာကအစပြုလို့ပျို့အန်မအီမသာဖြစ်တာတွေအထိ ဂျင်းကိုအသုံးပြုနိုင်ပါတယ်။ 

ဂျင်းဟာရောင်ရမ်းတာတွေကို သက်သာစေတဲ့သတ္တိရှိတဲ့အပြင် တခြားကျန်းမာရေးအကျိုးကျေးဇူးတွေအများအပြားကိုလည်း ပေးစွမ်းနိုင်တာမို့အစာကြေစေသလိုဗိုက်အောင့်တာကိုလည်း သက်သာစေပါတယ်။ အစာမကြေခြင်း၊ ဗိုက်အောင့်ခြင်း၊ လေထိုးလေအောင့်၊ဝမ်းလျှောခြင်း၊လေပွခြင်း၊စတဲ့ အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေ အတွက် ဆေးတစ်လက်ဖြစ်ပါတယ်။ 

Photo: Food Network

ထမင်းဖြူ

နေ့စဉ်အာဟာရအဖြစ် မဖြစ်မနေစားသုံးနေကြတဲ့ ထမင်းဖြူက အစာအိမ်နဲ့ပတ်သက်တဲ့ဝေဒနာအချို့ကို ပျောက်ကင်းသက်သာစေတယ်ဆိုတာကို သိပါသလား။ ထမင်းဖြူက အစာအိမ်မအီမသာဖြစ်စေတဲ့ ဝေဒနာအချို့ကို အမှန်တက် သက်သာပျောက်ကင်းစေပါတယ်။ 

အစာအိမ်အနာထနေချိန်မျိုးမှာ ထမင်းဖြူပျော့ပျော့လေးတွေစားပေးခြင်းကြောင့်သက်သာစေနိုင်သလို ဆန်ပြုတ်လိုအရေကျဲပုံစံမျိုးလည်း ကျိုချက်စားသုံးနိုင်ပါတယ်။ ထမင်းကအစာကြေလွယ်ပြီး အက်ဆစ်ဓာတ်ကိုလည်း လျော့ချပေးနိုင်လို့ အစာအိမ်မအီမသာဖြစ်တာ အစာအိမ်နာတာမျိုးကို သက်သာစေပါတယ်။ 

Photo: Healthline

သင်္ဘောသီး

အစာမကြေဘူးလား။ သင်္ဘောသီးစားပါ။ သင်္ဘောသီးမှာ ပါပါအင်လို့ခေါ်တဲ့ အစာခြေအင်ဇိုင်းတစ်မျိုးပါဝင်နေပါတယ်။ ဒါ့အပြင် သင်္ဘောသီးမှာပါတဲ့ အမျှင်ဓာတ်က အစာကြေစေဖို့အထောက်အကူပြုပေးပါတယ်။ ဝမ်းမချုပ်အောင်ကူညီပေးသလို အစာကြေစေဖို့အတွက်လည်း အထောက်အကူပြုပေးပါတယ်။

တကယ်တော့ နေ့စဉ်စားသုံးနေတဲ့အရာတွေထဲမှာ ဆေးဖက်ဝင်တဲ့အစားအသောက်တွေအများအပြားရှိပါတယ်။ နေ့စဉ်အသက်ရှင်ရပ်တည်နိုင်ဖို့၊ ခန္ဓာကိုယ်ကိုတိုက်ခိုက်လာနိုင်တဲ့ ရောဂါဘယတွေကို ပြန်လည်ခုခံနိုင်ဖို့အတွက် အစားအသောက်တွေကို စားသုံးရသလို အစာလည်းဆေး၊ဆေးလည်းအစာဆိုသလိုပဲ ခန္ဓာကိုယ်အတွက်ဆေးဖက်ဝင်တဲ့ အစားအသောက်တွေကိုလည်းသိထားသင့်ပြီး လိုအပ်ချိန်မှာအသုံးချနိုင်ဖို့လိုပါတယ်။ ဒါကြောင့် မီးဖိုချောင်ထဲက ဆေးဖက်ဝင်အစားအသောက်လေးတွေကိုသိထားပြီးအရေးကြုံချိန်မှာ အသုံးချနိုင်အောင်မျှဝေပေးလိုက်ပါတယ်။ 

Ref: hellosayarwon.com

Share

Loading Next Article...
က္က