ယခုတစ်ပတ်အတွက် MyJobs မှာ ခေါ်ယူနေတဲ့ အလုပ်အကိုင်များထဲမှ Top အဖြစ်ဆုံး အလုပ်အကိုင်အခွင့်အလမ်း ၅ ခုကို ဖော်ပြပေးလိုက်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း တစ်ခုချင်းစီကို အသေးစိတ်လေ့လာကြည့်ပြီး အလွယ်တကူ အလုပ်လျှောက်ထားနိုင်မယ့် လင့်ခ်တွေကိုလည်း ထည့်သွင်းပေးလိုက်ပါတယ်နော်။
၁။ Procurement Manager
Supply Chain & Procurement အတွက် ခေါ်ယူတဲ့အလုပ်အကိုင်ဖြစ်ပါတယ်။ ဘွဲ့ရ၊ လုပ်ငန်းအတွေ့အကြုံ ၅ နှစ်အနည်းဆုံးရှိရမှာ ဖြစ်ပြီး လစာက သိန်း ၂၀ ကနေ ၂၅ သိန်းအတွင်း ရရှိနိုင်မှာပါ။ ဒီအလုပ်အကိုင်ကို လျှောက်ထားလိုချင်ရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။
၂။ Finance Manager
စာရင်းကိုင်အဖြစ် လုပ်ငန်း ၅ နှစ်အနည်းဆုံးရှိတဲ့သူတွေ လျှောက်ထားနိုင်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။ လုပ်ဆောင်ရမယ့်လုပ်ငန်းအသေးစိတ်နဲ့ အရည်အချင်းလိုအပ်ချက်တွေကိုလည်း ဖော်ပြပေးထားပါတယ်။
Photo - istock
၃။ Assistant General Manager
Management Level တာဝန်ယူရမှာဖြစ်လို့ မဟာဘွဲ့ရထားပြီး လုပ်ငန်းအတွေ့အကြုံအနည်းဆုြံး ၅ နှစ်ရှိသူတွေ လျှောက်ထားနိုင်တဲ့ အလုပ်အကိုင်ပါ။ လစာက သိန်း ၄၀ ကနေ သိန်း ၅၀ အတွင်း ရရှိမှာဖြစ်ပြီး စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီနေရာမှာ နှိပ်ပြီး လျှောက်ထားလိုက်ပါနော်။
၄။ Kindergarten Online Teacher
မူကြိုကျောင်းတွေမှာ လုပ်သက် ၂ နှစ်ရှိတဲ့ ဆရာ/ဆရာမလေးတွေ လျှောက်ထားနိုင်တဲ့အလုပ်ပါ။ မြန်မာ/အင်္ဂလိပ်နှစ်ဘာသာ ကျွမ်းကျင်ကာ လုပ်ငန်းအတွေ့အကြုံပေါ်မူတည်ပြီး လစာညှိနှိုင်းပေးမှာပါ။ မိမိနဲ့ ကိုက်ညီတယ်လို့ လျှောက်ထားချင်တယ်ဆိုရင် ဒီနေရာမှာနှိပ်ပြီး လျှောက်ထားနိုင်ပါတယ်။
၅။ Senior Sales Executive
Sale Executive အဖြစ် အတွေ့အကြုံအနည်းဆုံး ၄ နှစ်ရှိသူတွေ လျှောက်ထားနိုင်တဲ့အလုပ်ပါ။ စိတ်ဝင်စားတယ်ဆိုရင်တော့ အသေးစိတ်အချက်အလက်တွေကို ဒီနေရာမှာ ကြည့်ပြီး တစ်ခါတည်း လျှောက်ထားနိုင်ပါပြီ။
တခြားအလုပ်အကိုင်တွေကို ရှာဖွေလိုသူများအတွက်
အထက်ပါအလုပ်တွေက မိမိနဲ့ မကိုက်ညီလို့ တခြားအလုပ်တွေကို ရှာဖွေချင်သေးတယ်ဆိုရင် MyJobs ဝက်ဘ်ဆိုဒ်ကနေ အလုပ်တွေ လျှောက်ထားနိုင်ပါသေးတယ်။
“MyJobs ဝက်ဘ်ဆိုဒ် ကနေ အခုမှ အလုပ်စလျှောက်ထားလိုသူတွေအနေနဲ့ အရင်ဆုံး MyJobs ဝက်ဘ်ဆိုဒ် မှာ Sign Up လုပ်ပေးထားရပါမယ်။ Sign Up လုပ်ပြီး ကိုယ့်ရဲ့ Career Profile ကို 80% ပြည့်အောင်ပြင်ဆင်နိုင်တာနဲ့ အခမဲ့ Digtial CV ကို download ပြုလုပ်နိုင်ပါတယ်” လို့ MyJobs Myanmar မှ Community Marketer မန်နေဂျာ မသီတာယမင်းက ရှင်းပြပါတယ်။
မလုပ်တတ်ဘူးဆိုရင် လုပ်ဆောင်နည်း အသေးစိတ်ပြထားတဲ့ ဒီလင့်ခ်ကို နှိပ်ပြီး လေ့လာနိုင်ပါတယ်။ Digital CV ပြုလုပ်ပြီးသွားပြီဆိုရင်တော့ မိမိ ကြိုက်နှစ်သက်ရာအလုပ်အကိုင်များကို ရှာဖွေလျှောက်ထားနိုင်ပါပြီ။
Sign Up လုပ်ခြင်းအားဖြင့် အခြားအကျိုးကျေးဇူးတွေအနေနဲ့ MyJobs မှ အလုပ်ခေါ်စာ အသစ်တင်တိုင်း အလုပ်ရှာဖွေသူမှ သူ Sign Up လုပ်ထားတဲ့ email ကနေတစ်ဆင့် သူနဲ့ကိုက်ညီတဲ့အလုပ်အကိုင်အသစ်တွေအမြဲရရှိမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အလုပ်လိုအပ်သူတွေအားလုံး အဆင်ပြေပြေနဲ့ မိမိလိုချင်တဲ့ အလုပ်တွေ အမြန်ဆုံးရပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။