Android နဲ့ iOS နှစ်မျိုးစလုံးအတွက် Free Version ထွက်ထားတဲ့ အကောင်းဆုံး Video Conferencing Apps တွေ

၂၀၁၉ အကုန်ကစပြီး ကမ္ဘာမှာ ကပ်ရောဂါအသွင်နဲ့ ရောက်လာတဲ့ COVID-19 ကြောင့် လူနေမှုပုံစံတွေ လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့ပါတယ်။  

           လူတွေဟာ အိမ်ကနေ အလုပ်လုပ်ကြ ၊ တခြားသူတွေနဲ့ ပြောဆိုဆက်သွယ်လာကြတဲ့အဆင့်ကနေ အွန်လိုင်းကနေ ပါတီနဲ့ လက်ထပ်ပွဲတွေကျင်းပတဲ့အထိ အွန်လိုင်းဝန်ဆောင်မှုတွေပေါ် မှီခိုလာကြပါတယ်။ ကပ်ရောဂါဖြစ်ပြီး နှစ်နှစ်နီးပါးကြာတဲ့အထိ COVID-19 ကပ်ရောဂါဟာ တစ်ကမ္ဘာလုံးကို ပြင်းပြင်းထန်ထန် ခြိမ်းခြောက်နေဆဲ ဖြစ်သလို ကိုရိုနာဗိုင်းရပ်စ်နဲ့ အတူယှဉ်တွဲပြီး နောက်လည်း နှစ်အတန်ကြာ နေရဖို့ ရှိပါတယ်။



           COVID-19 ကြောင့် အရှိန်မြင့်လာခဲ့တဲ့ လူသုံးကုန်ဒစ်ဂျစ်တယ်အွန်လိုင်းဝန်ဆောင်မှုတွေထဲမှာ ရုပ်သံခေါ်ဆိုမှုတွေ လုပ်နိုင်မယ့် Video Conferencing Apps တွေက ထိပ်ဆုံးက ပါပါတယ်။ Video Conferencing Tools တွေကို သူငယ်ချင်းတွေ အချင်းချင်းဆက်သွယ်ဖို့ကနေ တရားစီရင်ရေးမှာအထိ သုံးနေတာပါ။ ဒီတစ်ခေါက်မှာ Android နဲ့ iOS နှစ်မျိုးစလုံးအတွက် Free Version ထွက်ထားတဲ့ အကောင်းဆုံး Video Conferencing Apps တချို့အကြောင်း မျှဝေပေးချင်ပါတယ်။

 

(၁) Zoom



 Photo: echotechno

           လက်ရှိ Video Conferencing Apps တွေထဲမှာ နာမည်အကြီးဆုံး App ဖြစ်ပါတယ်။ တကယ်တော့ Zoom ဟာ ကပ်ရောဂါဘေးမတိုင်ခင်ကတည်း ထွက်ခဲ့တဲ့ Video Meeting App ဖြစ်ပေမယ့် COVID-19 ကပ်ဆိုက်လာမှ ကမ္ဘာသုံး Video Conferencing App ဖြစ်သွားတာပါ။ Zoom ကို လူကြိုက်များရတဲ့ အကြောင်းရင်းကလည်း ရှင်းပါတယ်။

           Free Version မှာကို လူပေါင်း ၁၀၀ အထိ တပြိုင်တည်း Meeting လုပ်နိုင်အောင် ထောက်ပံ့ပေးထားပြီး ၂ ယောက်အထက် Group Meeting ဆို မိနစ် ၄၀ အထိ Meeting ထိုင်နိုင်မှာပါ။ တစ်ယောက်ချင်း မီတင်ဆိုရင်တော့ အချိန်ကန့်သတ်မထားသလို Screen Sharing နဲ့ Meeting Record features တွေလည်း ထည့်ပေးထားပါတယ်။

           

(၂) Skype Meet Now


Photo: FR24 News

 

           Skype ကတော့ ၂၀၀၃ ကတည်းက beta ဗားရှင်းအနေနဲ့ ထွက်ထားတဲ့ တစ်ယောက်ချင်းဆက်သွယ်နိုင်မယ့် ပလက်ဖောင်းပါ။ Skype က ထုတ်ထားတဲ့ Meet Now feature မှာဆို လူပေါင်း ၅၀ အထိ Video Conferencing လုပ်နိုင်ပြီး Meeting ကြာချိန်ကို ၄ နာရီအထိတောင် ပေးထားပါတယ်။ တစ်ရက်ကို ၁၀ နာရီ ၊ တစ်လကို နာရီပေါင်း ၁၀၀ အထိ Group Meeting လုပ်နိုင်မယ့် ပလက်ဖောင်းလည်း ဖြစ်ပါတယ်။

           နောက်ထပ် အားသာချက်တစ်ခုက Sign Up လုပ်စရာမလိုဘဲ Free Video Meeting တွေ ဖန်တီးနိုင်အောင်လည်း Support ပေးထားပါတယ်။ အကောင့်ဖွင့်ထားသူတွေအတွက်တော့ App သုံးရတာ ပိုပြီး features စုံစုံသုံးနိုင်မှာပါ။ Skype Meet Now မှာလည်း Zoom လိုပဲ Screen Share တာ ၊ Meeting Record ယူတာတွေ လုပ်နိုင်ပါတယ်။

 

(၃) Cisco Webex


Photo: Morioth

 

           Web Conferencing တွေရဲ့ ခေတ်ဆန်းချိန် ၉၀ ပြည့်လွန်နှစ်တွေကတည်းက ထွက်ခဲ့တဲ့ သက်တမ်းရင့် Video Conferencing App တစ်ခု ဖြစ်ပြီး ၂၀၀၇ မှာ Cisco လက်ထဲ ရောက်သွားခဲ့တဲ့ ပလက်ဖောင်းဖြစ်ပါတယ်။ Cisoco Webex ဟာ စီးပွားရေးလုပ်ငန်းကြီးတွေအတွက် ဦးတည်ပြီး အဓိက ထွက်ထားတဲ့ Business app တစ်ခုဖြစ်ပြီး Free Version မှာလည်း အသုံးတည့်တဲ့ features တွေ ထည့်ပေးထားပါတယ်။

           COVID-19 ကပ်ရောဂါအတွင်းမှာ Cisco Webex ဟာ Free Version မှာ လူပေါင်း ၅၀ ကနေ ၁၀၀ အထိ အစည်းအဝေးထိုင်နိုင်အောင် ထောက်ပံ့ထားပြီး မီတင်ကြာချိန်ကို တစ်ယောက်ချင်း ဖြစ်ဖြစ် Group Meeting ပဲ ဖြစ်ဖြစ် မိနစ် ၅၀ အထိ ပေးထားပါတယ်။

 

(၄) Google Meet


Photo: Tech Radar

 

           Google အကောင့်ရှိသူတိုင်း အလွယ်တကူ ရုပ်သံခေါ်ဆိုမှုတွေ လုပ်နိုင်မယ့် App ဖြစ်ပါတယ်။ သုံးရတာ ရိုးရှင်းပြီး ထိရောက်တာကြောင့်လည်း လုပ်ဖော်ကိုင်ဖက်ချင်း ၊ မိသားစုနဲ့ မိတ်ဆွေတွေအချင်း ဆက်သွယ်ရာမှာ သုံးလေ့ရှိပါတယ်။ Google Calendar သုံးပြီး Appointment ကြိုလုပ်ထားနိုင်သလို Gmail App ထဲမှာလည်း Meet Link ချပေးပြီး အစည်းအဝေးလုပ်လို့ ရပါတယ်။

           Google Meet ဟာ အများဆုံး လူပေါင်း ၁၀၀ အထိ အစည်းအဝေးထိုင်နိုင်ပြီး တစ်ယောက်ချင်း One-On-One Meetings မှာဆို ၂၄ နာရီအထိ ပြောလို့ရပါတယ်။ Google Meet မှာ Screen Share လုပ်လို့ ရပေမယ့် Record features တော့ ပါမလာပါဘူး။

 

(၅) Microsoft Teams


Photo: nojitter

 

           အလုပ်အတွက် အကောင်းဆုံး Video Conferencing App တွေထဲမှာ Microsoft Teams လည်း ပါပါတယ်။ စီးပွားရေးလုပ်ငန်းသုံးဖို့ အဓိက ပစ်မှတ်ထားတာ ဖြစ်ပေမယ့် Microsoft အကောင့်ရှိသူတိုင်း အခမဲ့ စကားပြောနိုင် ၊ ဗွီဒီယိုအစည်းအဝေးလုပ်နိုင်မယ့် free version လည်း ထုတ်ပေးထားပါတယ်။ အခုနောက်ပိုင်း ကပ်ရောဂါကြောင့် Microsoft ဟာ အစည်းအဝေးထိုင်သူ ဦးရေကို ပုံမှန် ၁၀၀ ကနေ ၃၀၀ အထိ ထပ်တိုးပေးထားပါတယ်။

           Meeting အချိန်ကန့်သတ်ချက်ကိုလည်း အရင်မိနစ် ၆၀ ကနေ အခုဆို ၂၄ နာရီအထိ သုံးနိုင်အောင် လုပ်ပေးထားပါတယ်။ Google Meet နဲ့ တူတာက Screen Sharing ရပြီး Meeting Record လုပ်လို့ မရတာပါပဲ။

           ဘာပဲဖြစ်ဖြစ် ဒီ Apps တွေက အခုကာလရော ပုံမှန်အချိန်အတွက်ပါ အသုံးတည့်ပြီး သုံးရတာလည်း အဆင်ပြေပါတယ်။ အကောင်းဆုံးက Free ရတာ ဖြစ်လို့ ပိုက်ဆံသုံးစရာမလိုဘဲ အထိရောက်ဆုံးဆက်သွယ်နိုင်ခြင်းပဲ ဖြစ်ပါတယ်။

       


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က